ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့်ကားများ

2031

လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး မတူညီသလို အကြိုက်ချင်းလည်း ကွဲပြားပါတယ်။ ကားတစ်စီးကို ဝယ်ယူတဲ့ အခါမှာလည်း တချို့က လိုင်းပေါ်ကကားပဲ ကြိုက်တယ်။ တချို့ကျတော့လည်း ကွက်ပျောက်ကား ဘာ/ညာ မကြည့်ဘဲ စိတ်ကူးထဲမှာရှိတဲ့ကားကို ရွေးချယ်ဝယ်ယူကြတယ်။ ဒီလိုစိတ်ကူးယဉ်ဆန်တဲ့ကားတွေထဲမှာ Toyota IQ နဲ့ Nissan March ကလည်း တချို့ Car Crazy တွေအတွက် ရွေးချယ်စရာ ဖြစ်နေပါတယ်။

Toyota IQ

Toyota ကထုတ်လုပ်တဲ့ ၁၃ဝဝ စီစီ ကားတွေထဲမှာ Vitz Ractis bB Passo တို့လို လူသိမများတဲ့ ကားအမျိုးအစားတစ်ခုရှိပါတယ်။ ဒီကားကတော့ Toyota က ထုတ်လုပ်တဲ့ အင်ဂျင်ပါဝါနည်း ကားတွေထဲမှာ ခေတ်ရှေ့ပြေးဆုံးနဲ့ ဒီဇိုင်းအဆန်းသစ်ဆုံးဖြစ်တဲ့ Toyota IQ ဖြစ်ပါတယ်။ Toyota IQ ကို ဒီဇိုင်းရေးဆွဲတဲ့အခါမှာ Toyota European Design And Development(Toyota ED2)  အတိုင်း ရေးဆွဲထားတာဖြစ်လို့ ဥရောပ ဆန်တဲ့အငွေ့အသက်တွေ ပါဝင်နေပါတယ်။ Toyota ကနေ IQ ကို ၂ဝဝ၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ Japanese Car Of The Year ဆုကို ရရှိခဲ့ပါတယ်။ ဒီကားကို ဥရောပနဲ့ မြောက် အမေရိကစျေးကွက်မှာ ဘယ်မောင်းအဖြစ်ထုတ်လုပ်ပြီး Toyota IQ အနေနဲ့ တင်ပို့ရောင်းချပါတယ်။ IQ နဲ့ ဒီဇိုင်းချင်းဆင်တဲ့ကားကတော့ ဥရောပစျေးကွက်မှာ လူကြိုက်များနေတဲ့ Aston Martin Cygnet  ဖြစ်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

အတွင်းခန်းအပြင်အဆင်ကို Sport Type ဆန်ဆန်ဖန်တီးထားပြီး တံခါး နှစ်ပေါက်၊ လေးယောက်စီး ကားအမျိုးအစားဖြစ်ပါတယ်။ ကားအရွယ် အစားသေးပေမဲ့ Airbag ကိုးလုံးအထိပါရှိပြီး ရှေ့မြင်ကွင်းကို ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်ဖို့အတွက် ရှေ့နေကာမှန်ကလည်း တခြားကားတွေထက် ဆိုဒ်ပိုကြီးထားပါတယ်။ ၂ဝ၁၂ မိုဒယ်မှာ MT ၊  Leather Package X Package စတာတွေရှိပြီး Leather ဂရိတ်တွေမှာ Original Alloy ၁၆ လက်မဖြစ်သွားသလို Push-start Digital Aircon နဲ့ Steering Volume Control  တွေ ပါသွားပါတယ်။

အင်ဂျင်အမျိုးအစား

IQ ကို ဆီစားသက်သာအောင် City Car အဖြစ် အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ၁၃ဝဝ စီစီ၊ ၁၄ဝဝ စီစီတို့နဲ့ ထုတ်လုပ်ထားပါတယ်။ ၁ဝဝဝ စီစီကို Auto Gear တစ်မျိုးတည်း ထုတ်လုပ်ထားပေမဲ့ ၁၃ဝဝ စီစီမှာတော့ Manual Gear  ခြောက်ချက်နဲ့လည်း ရှိပါတယ်။ ဆီစားသက်သာအောင် 2WD အင်ဂျင်နဲ့ပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Chassis နဲ့ ခွဲမယ်ဆို ရင် ၁ဝဝဝ စီစီက KGJ10 ဖြစ်ပြီး ၁၃ဝဝ စီစိက NGJ10 ဖြစ်ပါတယ်။

စျေးနှုန်း

Toyota IQ က ကားရှားပေမဲ့ Facebook ကားအရောင်းအဝယ် Page တွေမှာတော့ မကြာခဏတွေ့ရပါတယ်။ ဒီကားကို ရန်ကုန်လိုင်စင်နံပါတ် ထွက်ပြီးသား မိုဒယ်မြင့်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၄ဝ ကနေ ၁၅ဝ ကြား ရှိပါတယ်။ 

Nissan March  

၂ဝ၁ဝ မိုဒယ်မတိုင်ခင် ထုတ်လုပ်ထားတဲ့ Nissan March  က Volkswagen ပုံသဏဥာန်လို အမိုးခုံးပုံစံတည်ဆောက်ထားပြီး တခြား ၁၃ဝဝ စီစီကားတွေနဲ့ယှဉ်ရင် ပုံစံရိုးရှင်းလွန်းတဲ့အတွက် လူကြိုက်နည်းခဲ့ပါတယ်။ ဒါပေမဲ့ 2010 Late ကစလို့ ပုံပြောင်းသွားပြီး Toyota VitzHonda Fit  Mazda Demio တို့လို Hatchback ပုံစံဖြစ်သွားတဲ့အတွက် ကားရဲ့အသွင်သဏဥာန်က ဆန်းသစ်လှပသွားပါတယ်။ Nissan ကုမ္ပဏီက ၁၉၇ဝ ပြည့်နှစ်နှောင်းပိုင်းမှာ Toyota ကထုတ်လုပ်တဲ့ Starlet ရဲ့ အောင်မြင်မှုကို တု့ံပြန်ဖို့အတွက် Nissan Plusar  ထက် အရွယ်အစားသေးငယ်တဲ့ March ကို ထုတ်လုပ်ခဲ့ပါတယ်။ March ကို ဂျပန်မှာ Micra လို့လူသိများပြီး Export စျေးကွက်မှာသာ March လို့ သိကြတာ ဖြစ်ပါတယ်။ တစ်ချိန်က ဂျပန်နိုင်ငံရဲ့ အမျိုးသားရေးလှုပ်ရှားမှု စတင်ခဲ့တဲ့လကို အစွဲပြုပြီးတော့ Nissan ကုမ္ပဏီက ဒီကားကို မှတ်မိလွယ်အောင် March လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ Nissan March ကို ၁၉၈၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ အထိကို ပထမမျိုးဆက်၊ ၁၉၉၂ ကနေ ၂ဝဝ၃ အထိကို ဒုတိယမျိုးဆက်၊ ၂ဝဝ၂ ကနေ ၂ဝ၁ဝ အထိကို တတိယမျိုးဆက်နဲ့ ၂ဝ၁ဝ နှောင်းပိုင်းကို စတုတ္ဃမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂ဝ၁၁ မိုဒယ်ပုံပြောင်းက ပုံဟောင်းလို အမိုးခုံးပုံစံမဟုတ်တော့ဘဲ Hatchback ကားနဲ့တူသွားပြီး နောက်ဖုံးအပေါ်မှာလည်း ဘရိတ်မီးတန်း ပါရှိ သွားပါတယ်။ အပြင်ပိုင်းပုံစံပြောင်းလဲသွားရုံမကဘဲ အတွင်းခန်း၊ Dashboard အထိုင်နဲ့ ဒိုင်ခွက်ပုံစံတွေပါ ပြောင်းသွားပါတယ်။ ဒီမိုဒယ်မှာ Bolero ဂရိတ်က ပုံစံတစ်မျိုးခွဲထွက်သွားပြီး 12S 12S V Package 12X 12G 12G4  စတဲ့ ဂရိတ်တွေလည်း ရှိပါတယ်။ G ဂရိတ်က ဂရိတ်မြင့်ဖြစ်ပြီး Aircon Auto နဲ့ Push-start ဖြစ်သွားပါတယ်။

အင်ဂျင်အမျိုးအစား

Nissan March ကို ၂ဝ၁ဝ မိုဒယ်မတိုင်ခင်က ၁၁၉၈ စီစီ၊ ၁၂၄ဝ စီစီနဲ့ ၁၃၈၆ စီစီစတဲ့ အင်ဂျင်ပါဝါသုံးမျိုး ထုတ်လုပ်ခဲ့ပေမဲ့ ပုံပြောင်းသွားတဲ့ အချိန်ကစပြီး ၁၁၉၈ စီစီတစ်မျိုးတည်းကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ ပုံ ပြောင်းမှာ Auto Gear တစ်မျိုးတည်းကို 2WD ၊ 4WD နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Chassis နံပါတ်နဲ့ခွဲမယ်ဆိုရင် 2WD  က K13 နဲ့ 4WD က NK13 ဖြစ်ပြီး HR12DE  အင်ဂျင်ကို ဆလင်ဒါသုံးလုံးထိုး ဖြစ်ပါတယ်။

စျေးနှုန်း

Nissan March ပုံပြောင်းကို ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားနဲ့ ဝယ်ယူ မယ်ဆိုရင် ကျပ်သိန်း ၁၆ဝ နဲ့ ၁၇ဝ ကြားမှာ ရှိပါတယ်။ Bolero ကေတာ့ ပံုမှန်ဂရိတ်ေတွထက် ေစျးပိုများပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here