ကျပ်သိန်း ၁၅ဝ နှင့် ၂ဝဝ ကြား ရွေးချယ်သင့်သောကားများ

1563

ဂျပန်ပြည်တွင်းမှာ ထုတ်လုပ်ပြီး ဥရောပအငွေ့အသက်ပါတဲ့ ကားတွေထဲက Mazda Verisa နဲ့ Mitsubishi Mirage တို့ဟာဆိုရင် ဒီဇိုင်းကျစ်လျစ်လှပပြီး အတွင်းဂရိတ်လည်း မြင့်တဲ့အတွက် လူငယ်အကြိုက် ကားအမျိုးအစားတွေ ဖြစ်ပါတယ်။ စျေးကွက်ထဲမှာ ရေပန်းအစားကြီး မဟုတ်ပေမဲ့လည်း ဒီကားတွေကို သုံးစွဲဖူးတဲ့သူတွေအတွက်ကတော့ စျေးနှုန်းနဲ့သင့်တော်တဲ့ အရည်အသွေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်လို့ မှတ်ချက် ပြုထားပါတယ်။

 

Mazda Verisa

Mazda ကထုတ်လုပ်တဲ့ အင်ဂျင်ပါဝါနည်းတဲ့ကားတွေထဲမှာ Demio ၊ Mazda 3 တို့လို့ Verisa ကလည်း မြန်မာပြည်ကားစျေးကွက်မှာ အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစားထဲ ပါဝင်လာပါတယ်။ Verisa ကို ဂျပန်ပြည်တွင်းမှာပဲ ထုတ်လုပ်ပေမဲ့ ဥရောပဆန်တဲ့ အငွေ့အသက်တွေ ပါဝင်နေပါတယ်။ ဒီကားရဲ့ အမည်နာမက အီတလီစကားလုံး Verita (အမှန်တရား)နဲ့ အဂင်္လိပ်စကားလုံး Satisfaction (ကျေနပ်မှု)ကို ပေါင်းစပ် ထားတာဖြစ်ပါတယ်။ Verisa ကို ၂ဝဝ၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Demio ကို အခြေခံထားတာဖြစ်ပါတယ်။ Mazda ကုမ္ပဏီက Verisa ကို ပြည်တွင်းစျေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်ခဲ့ပေမဲ့ တစ်ပတ်ရစ် ကားဟောင်းတွေကို နယူးဇီလန်အပါအဝင် လက်ဝဲကပ်မောင်းစနစ်ကျင့်သုံးတဲ့နိုင်ငံတချို့ဆီ တင်ပို့ရောင်းချခဲ့ပါတယ်။ ဒီကားက Tall Hatchback ၊ ဒါမှမဟုတ် Mini MPV အနိမ့်အမျိုးအစားဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Verisa  ရဲ့ အင်ဂျင်ပါဝါက ၁၅ဝဝ စီစီဖြစ်ပြီး ဗကအသ ဂီယာလေးချက်ကို 2WS ၊ 4WD နှစ်မျိုး ထုတ်လုပ် ထားပါတယ်။ အင်ဂျင်မိုဒယ်က ZY-VE ဖြစ်ပြီး ဆလင်ဒါလေးလုံးထိုး ဖြစ်ပါတယ်။ မြင်းကောင်ရေ ၁၁၃ ကောင် အားရှိပြီး ဓာတ်ဆီအင်ဂျင်အမျိုးအစား ဖြစ်ပါတယ်။ ABS ၊ EBS စတဲ့ စနစ်တွေလည်းပါဝင်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Mini MPV  အမျိုးအစားဖြစ်တဲ့အတွက် ခေါင်မြင့်ပြီး ၁၅၃ဝ မီလီမီတာ ရှိပါတယ်။ ၂ဝ၁ဝ မိုဒယ်မှာ C ၊ L ဂရိတ်နှစ်မျိုးသာရှိပြီး Aircon Auto ၊ ပါဝါတံခါးလေးချပ်နဲ့ မှန်ကာလာပါရှိပါတယ်။ ဒီဂရိတ်နှစ်မျိုးမှာ L ဂရိတ်က မြင့်ပြီး Leather ထိုင်ခုံ၊ Smart Key ၊ Steering Volume Control ၊ TV ၊ Back Camera နဲ့ ရှေ့ထိုင်ခုံလက်တင်တွေ ပါဝင်ပါတယ်။ Verisa ရဲ့ ကားဒီဇိုင်းက ဥရောပ အငွေ့အသက် ပါဝင်ပြီး Ford Fiesta ၊ Ford Fusion ၊ Opel Meriva တို့နဲ့လည်း ဆင်ပါတယ်။

 

စျေးနှုန်း

Mazda Verisa ရဲ့ လေလံစျေးက C နဲ့ L ဂရိတ်ကြားမှာ စျေးကွာခြားပြီး ၂ဝဝ၉-၂ဝ၁ဝ ရန်ကုန်လိုင်စင်နံပါတ် ထွက်ပြီးသား ကားတွေကိုဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈ဝ ကနေ နှစ်ရာကြား ရှိပါတယ်။

 

Mitsubishi Mirage

Mitsubishi ကုမ္ပဏီကနေ ၂ဝ၁၁ ခုနှစ်မှာ စျေးကွက်အောင်မြင်မှုရရှိခဲ့တဲ့ Colt ကို ထုတ်လုပ်မှုအဆုံးသတ်ခဲ့ပြီး သူ့နေရာမှာ Mirage ကို အစားထိုးထုတ်လုပ်ခဲ့ပါတယ်။ Mirage ဟာ Colt ရဲ့ မျိုးဆက်တစ်ခုဖြစ်ပေမဲ့ ဒီကားကို ၁၉၇၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Colt ပုံပြောင်းလို့ဆိုရမယ့် Mirage ဟာ ပုံသဏ္ဌာန် ကျစ်လျစ်လှပပြီး အင်ဂျင်ပါဝါကလည်း ၁ဝဝဝ စီစီနဲ့ ၁၂ဝဝ စီစီသာရှိလို့ မြို့တွင်းမှာ မောင်းနှင်ဖို့အတွက် အဆင်ပြေမယ့် ကားအမျိုးအစားဖြစ်ပါတယ်။ Mirage ကို ၁၉၇၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။  Mirage ဟာ မျိုးဆက် ခြောက်ခုအထိရှိသလို မျိုးဆက်တစ်ခုနဲ့တစ်ခုကလည်း ပုံသဏ္ဌာန်မတူသလို အမျိုးအစားလည်း ကွဲပြားပါတယ်။ စတင်ထုတ်လုပ်တဲ့ မိုဒယ်ကနေ ၂ဝဝ၃ မိုဒယ်အထိကို မျိုးဆက် ငါးဆက်အထိရှိခဲ့တဲ့နေရာမှာ Hatchback ၊ Sedan ၊ Wagon ဆိုပြီး အမျိုးအစားသုံးခုအထိထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၃ မိုဒယ်နောက်ပိုင်းမှာတော့ Mirage ရဲ့ ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းခဲ့ပြီး ၂ဝ၁၂ ခုနှစ်ရောက်မှသာ Colt  နေရာကို အစားထိုးဝင်ရောက်ဖို့အတွက် ဆမြမြောက်မျိုးဆက်အဖြစ် ပြန်ပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Mirage Hatchback က အင်ဂျင်ပါဝါ ၁ဝဝဝ စီစီနဲ့ ၁၂ဝဝ စီစီ နှစ်မျိုးရှိပြီး ဆလင်ဒါ သုံးလုံးထိုးအင်ဂျင်၊ CVT ဂီယာနဲ့ ထုတ်လုပ် ထားပါတယ်။ ၁ဝဝဝ စီစီအင်ဂျင်ကို ဂျပန်ပြည်တွင်းအတွက်ပဲ ထုတ်လုပ်ထားတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ရောင်းချတဲ့ ကားတွေကိုတော့ ၁၂ဝဝ စီစီအင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။ ဆီစားနှုန်းသက်သာဖို့အတွက် Eco Mode စနစ်ကို ထည့်သွင်းထား ပြီး ဂရိတ်မြင့်ကားတွေမှာ Push-start (Auto Stop & Go) စနစ်လည်း ပါဝင်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

တံခါးငါးပေါက် Hatchback ကားဖြစ်ပြီး အပြင်ဒီဇိုင်းကကျစ်လျစ်လှပပြီး  အားကောင်းတဲ့ Steel အမျိုးအစား တစ်ခုကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ Aerodynamic ဖြစ်အောင် တည်ဆောက်ထားပြီး Spoiler ပါရှိတဲ့အတွက်လည်း လေခွင်းအား ကောင်းမွန်ပါတယ်။ Mirage ၂ဝ၁၂ မိုဒယ်မှာဆိုရင် E ၊ M ၊ G စတဲ့ ဂရိတ်သုံးမျိုးပဲရှိပြီး M ဂရိတ်နဲ့ G ဂရိတ်က Aircon Auto ဖြစ်သွားပါတယ်။

 

စျေးနှုန်း

Mitsubishi Mirage ၂ဝ၁၅ မိုဒယ်ကို ဘယ်မောင်းအနေနဲ့ တင်သွင်းလို့ရပြီး နယ်လိုင်စင်နဲ့ဆိုရင် ကျပ်သိန်း ၁၇ဝ ကနေ ၁၈ဝ ကြား ကျသင့်မှာဖြစ်ပါတယ်။ ရန်ကုန်လိုင်စင်နဲ့ နံပါတ်နိမ့်ကားတွေကတော့ ကျပ်သိန်း ၁၅ဝ ဝန်းကျင်မှာရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here