ကုမ္ပဏီလက်အောက်ရှိ ပုဂ္ဂလိက YBS ယာဉ်များအားလုံးမတ်လကုန်နောက်ဆုံးထားပြီး ကုမ္ပဏီအမည်ပေါက် ပြောင်းလဲရမည်

344

ရန်ကုန်၊ ဖေဖော်ဝါရီ
ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲ နေကြသည့် ပုဂ္ဂလိက YBS ယာဉ်များအားလုံးကို မတ်လကုန် နောက်ဆုံးထားပြီး ကုမ္ပဏီအမည်ပေါက် ပြောင်းလဲရန်အတွက် ကုမ္ပဏီများ ကို ညွန်ကြားထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကတ်စနစ်အသုံးပြုရာတွင် ယာဉ်များ စနစ်တကျပြေးဆွဲနိုင် မှသာ အဆင်ပြေမည်ဖြစ်သည့်အတွက် YBS ယာဉ်များအားလုံးကို ကုမ္ပဏီအမည်ပေါက်ယာဉ်များအဖြစ် မဖြစ်မနေပြောင်းလဲရမည် ဖြစ်ကြောင်း သိရသည်။

‘‘ကတ်စနစ်သုံးရင် ကားတွေ စနစ်တကျ မောင်းမှအဆင်ပြေမယ်၊ အဲဒီလို စနစ်တကျအုပ်ချုပ်ဖို့ ကုမ္ပ ဏီပိုင်ကားတွေ ဖြစ်အောင်လုပ်မှ ရမယ်၊ ပုဂ္ဂလိကကားတွေရဲ့ စီမံ ခန့်ခွဲမှုတာဝန်ခံကို YRTA က ခန့် ရတာမဟုတ်ဘူး၊ ပုဂ္ဂလိက ပိုင်ရှင်တွေက ခန့်တာ၊ အဲဒီတာဝန်ခံကိုမှ ကုမ္ပဏီကတစ်ဆင့် အုပ်ချုပ်ရတာ ဖြစ်တဲ့အတွက် စီမံအုပ်ချုပ်မှုအပိုင်း အဆင်မပြေတာတွေ ရှိတယ်၊ ဒီလို အခက်အခဲတွေကြောင့် သုံးနှစ်အတွင်း ပြည်သူတွေအဆင်ပြေအောင် မလုပ်ပေးနိုင်တာတွေ ရှိ ခဲ့တယ်၊ အဲဒါကြောင့် မတ်လကုန် နောက်ဆုံးထားပြီး ကိုယ့်ကုမ္ပဏီ လက်အောက်မှာရှိတဲ့ ပုဂ္ဂလိကပိုင် ယာဉ်တွေကို ကုမ္ပဏီအမည်ပေါက် ယာဉ်တွေဖြစ်အောင်ဆောင်ရွက်ဖို့ ယာဉ်လိုင်းကုမ္ပဏီတွေကို ပြော ကြားထားပြီးပါပြီ’’ဟု YRTA တွဲ ဖက်အတွင်းရေးမးြ ဦးလှအောင်က ပြောသည်။

မတ်လကုန် နောက်ဆုံးထား ပြီး YBS ယာဉ်တွေအားလုံး ကုမ္ပဏီအမည်ပေါက် ယာဉ်များအဖြစ် ပြောင်းလဲရန် ရန်ကုန်တိုင်းဝန်ကြီး ချုပ်က ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် YRTA တာဝန်ရှိသူများကို ညွန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် YBS ယာဉ် လေးထောင်ကျော်တွင် တစ်ထောင်ဝန်းကျင်မှာ ပုဂ္ဂလိက ပိုင်ယာဉ်များဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here