ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် တင်သွင်းပြီး ပြန်လည်ရောင်းချနေမှုများကို ခွင့်မပြုရန် ကြီး/ကော်ထံတင်ပြမည်

825

ရန်ကုန်၊ မတ်
ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် တင်သွင်းပြီး ပြန်လည်ရောင်းချနေမှုများကို ခွင့်မပြုရန် ကြီး/ကော်ထံ တင်ပြမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ် တင်သွင်းမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ကန့်သတ်မှုများ ပြုလုပ်ခြင်းကြောင့် တင်သွင်းရ လွယ်ကူပြီး အခွန်သက်သာသည့် ကုမ္ပဏီပါမစ်များ အသုံး ပြုကာ ကားတင်သွင်းမှု များပြားလာခဲ့သည်။ ထိုသို့ ကုမ္ပဏီများမှ ပုံမှန်လိုင်စင်ဖြင့် တင်သွင်းသည့်ကားများမှာ အမှန်တကယ်အသုံးပြုရန်ထက် ပြန်လည်ရောင်းချရန် တင်သွင်းလာကြခြင်းကြောင့် နည်းလမ်းတစ်ခုဖြင့် ထိန်းချုပ်ကန့်သတ်ရန် မော်တော်ယာဉ်တင်သွင်းခြင်း နှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

”ကုမ္ပဏီပါမစ်တွေ လျှောက်ပြီး ကုမ္ပဏီလိုင်စင်နဲ့ ကားသွင်းတယ်၊ တကယ် လိုအပ်လို့ တင်သွင်းတာ မဟုတ်ဘဲ ပြန်ရောင်းဖို့အတွက် မမှန်မကန် လျှောက်နေကြတာရှိနေလို့ ဒါတွေကို နည်းလမ်းတစ်ခုနဲ့ထိန်းချုပ်ကန့်သတ်ပေးဖို့ ကြီး/ကော်ဆီ တင်ပြမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုမ္ပဏီပါမစ်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းကို ပြီးခဲ့သည့်နှစ်က ပါမစ်တစ်စောင်လျှင် ၁ဝ စီးအစား တစ်စီးနှုန်းဖြင့် တင်သွင်းခွင့် ထိန်းချုပ်ကန့်သတ်ခဲ့သော်လည်း ကုမ္ပဏီအချို့သည် အမှန်တကယ် လိုအပ်ခြင်း ကြောင့်မဟုတ်ဘဲ ပြန်လည်ရောင်းချရန် တင်သွင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here