ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ  ဖွင့်လှစ်ထားသော ယာဉ်မောင်းသင်တန်းကျောင်း  ၄၇  ခုရှိ

905

ရန်ကုန်၊ မေ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ထားသော ယာဉ်မောင်းသင်တန်းကျောင်း ၄၇ ခုရှိကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများကို ယာဉ်မောင်းသင်တန်းကျောင်းများမှ သင်တန်းဆင်းလက်မှတ် မတောင်းခံတော့ဘဲ ကညနမှ ပို့ချသည့် တစ်ရက်သင်တန်း တက်ရောက်ရုံဖြင့် ဖြေဆိုခွင့်ပေးခဲ့သော်လည်း လက်တွေ့သင်ကြားမည့်သူများက သင်တန်းကျောင်းများကို တက်ရောက်မှုများသဖြင့် သင်တန်းကျောင်း ၄၇ ခုအထိ ရှိနေသေးကြောင်း သိရသည်။ ကညနမှ ယာဉ်မောင်းသင်တန်းကျောင်းများကို လိုက်နာရန် စည်းကမ်းချက်အသစ်များ ချမှတ်ခဲ့ပြီး ဇွန် ၁ ရက်မှစ၍ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

”ယာဉ်မောင်းသင်တန်းကျောင်းတွေ အရင်လို ဆိုင်းဘုတ်လေးထောင် အခန်းလေးပြရုံနဲ့ မရတော့ပါဘူး၊ သတ်မှတ်ထားတဲ့ သင်တန်းခန်း အကျယ်အဝန်းရှိရပါမယ်၊ သင်တန်းဆရာတွေကိုလည်း အရင်ကလို (င)လိုင်စင်သက်တမ်း ၂ နှစ်ရှိတဲ့သူတွေက သင်တန်းဆရာလုပ်လို့မရတော့ပါဘူး၊ မိတ္ထီလာ သင်တန်းကျောင်းမှာ သင်တန်းတက်ပြီး လက်မှတ်ရှိမှသာ သင်ကြားပေးလို့ရမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသော သင်တန်းကျောင်းများမှာ စိုး၊TV-1 ၊ ထိပ်တန်း၊ ရွှေကုက္ကိုင်း၊ Top ၊ TV (ရန်ကုန်)၊ တက်လမ်း၊ ယာဉ်ထိန်း၊ ရွှေမြင်သာ၊ အားမာန်၊ ကောင်းဝေ၊ New Asia ၊ ရောင်နီဦး၊ ကပရ(အင်းစိန်)၊ Toyota ၊KDG ၊ Successful ၊ ထွန်းသစ်၊ Wheel Star ၊ Holiday ၊ အောင်စည်သူ၊ MG ၊ အခြေစိုက်အလုပ်ရုံ-၃၊ ကပရ ဗိုလ်တထောင်၊JES ၊ ပြည့်ဖြိုး၊ ဆရာကျော်၊ မီးသီး၊ အင်ကြင်းမှော်ဘီ၊ ထူးသစ်၊ ကပရအခြေစိုက်-၂၊ အင်ကြင်းသန်လျင်၊ စွယ်စုံ၊ Seven Star ၊ Smart Drive ၊ SDC ၊ Toyota 2 ၊ ဆောင်းဦး၊ ဧဝရက်၊ YCDC ၊ MG 2 ၊ Special 1 ၊ ကောင်းဆက်၊ 117 ၊ ဦးဖြိုးမောင်၊ Smart ၊ Famous သင်တန်းကျောင်းများဖြစ်ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here