ကိုးလတာအတွင်း ကား Brand ၂၇ ခု၏ ကားအရောင်းပြခန်းများမှ Brand New ကားအသစ် အစီးရေ ၁၅,၀၀၀ ကျော် ရောင်းချခဲ့ရ

161

 

ရန်ကုန်၊ ​အောက်တိုဘာ ၁၅

ယခု ၂၀၂၀ ပြည့်နှစ် နှစ်စမှစ၍ စက်တင်ဘာလကုန်အထိ ကိုးလတာကာလအတွင်း Automotive Association of Myanmar (AAM) တွင် ပါဝင်သော ကား Brand ၂၇ ခု၏ ကားအရောင်းပြခန်းများမှ Brand New ကားအသစ် အစီးရေ ၁၅,၁၄၅ စီး ရောင်းချခဲ့ရကြောင်း စုံစမ်းသိရသည်။

Brand New Showroom များမှ ကားသစ်များ ရောင်းချရာတွင် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော ကားများမှာ ရန်ကုန်လိုင်စင်ရရှိသည့်အခွင့်အရေးကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းသောကားများထက် အရေအတွက် ပိုမိုရောင်းချနိုင်ခဲ့သည်။

ယခုနှစ် ကိုးလတာကာလအတွင်း Automotive Association of Myanmar (AAM) အသင်းဝင် ကား Brand ၂၇ ခု၏ ကားအရောင်းပြခန်းများမှ ကားအသစ်များ ရောင်းချခဲ့ရာတွင် BMW ၂၇ စီး၊ Brilliance ၁၃၂ စီး၊ Chenglong ၅၉၅ စီး၊ Chevrolet ၄၅ စီး၊ DFSK ၁၁၇ စီး၊ Ford ၇၆၉ စီး၊ Fuso နှင့် Mercedes(CCAM)မှ အစီး ၁၁၀၊ GAC ၈၇ စီး၊ Higer ၅၆ စီး၊ Hino ၈၄ စီး၊ Hyundai(Truck & Bus) ၉၅ စီး၊ Isuzu ၁၃၁ စီး၊ Jaguar သုံးစီး၊ Land Rover ၇၇ စီး၊ Mazda ၁၉၁ စီး၊ Mercedes-Benz ၄၇ စီး၊ Mitsubishi ၆၅၈ စီး၊ Nissan ၆၇၇ စီး၊ Scania ၃၈ စီး၊ Suzuki ၈,၂၈၆ စီး၊ Volkswagen ၉၂ စီး၊ Toyota ၂,၈၀၉ စီးနှင့် Volvo ၁၉ စီးတို့ ရောင်းချခဲ့ရခြင်း ဖြစ်သည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here