ကိုရိုနာရောဂါကာကွယ်နိုင်ရန်အတွက် Mandalay Smart Pay အသုံးပြုကြရန် မြို့တော်ဝန်တိုက်တွန်း

146

 

မန္တလေး၊ မတ် ၁၈
မန္တလေးမြို့တွင် အခွန်အခများ ကောက်ခံရာ၌ တိတိကျကျပေး ဆောင်နိုင်ရန်ရည်ရွယ်၍ မတ် ၁၄ ရက်က စတင်မိတ်ဆက်ခဲ့သော Mandalay Smart Pay (MSP) ကို COVID-19 ရောဂါကာကွယ် နိုင်ရန်အတွက်ပါ အထောက်အပံ့ ဖြစ်စေသည့်အတွက် အသုံးပြုကြ စေလိုကြောင်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က တိုက်တွန်းသည်။

“COVID-19 ကိုရိုနာ ဗိုင်း ရပ်စ်ရောဂါက Droplet Infection ဖြစ်လို့ လက်တွေကနေ အလွယ်တကူ ကူးစက်ပါတယ်၊ ဒါကြောင့် လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးဖို့လိုသလို Sanitizer နဲ့လည်း ပိုးသတ်ကြပါ။ လက်ဆွဲနှုတ်ဆက်ခြင်းကို အထူးဂရုပြုရှောင်ရှားပါ၊ နိုင်ငံတကာက ခေါင်းဆောင်တွေ လက်အုပ်ချီပြီး နှုတ်ဆက်နေကြပါပြီ၊ ငွေစက္ကူကတစ်ဆင့် ကူးစက် တာ ပိုဆိုးပါတယ်၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငွေပေးချေမှုမှန် သမျှကို မြို့တော်စည်ပင်ရဲ့ Mandalay Smart Pay နဲ့ ပေးနိုင်ဖို့ မိမိတို့ဖုန်းထဲမှာ MSP ကို Install ချက်ချင်းလုပ်ထားဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။

Mandalay Smart Pay (MSP Wallet) ကို မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ်နှင့် 2C2P ကုမ္ပဏီတို့ ပူးပေါင်းအကောင်အ ထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါစနစ်ကျင့်သုံးခြင်းအတွက် စည်ပင်သာယာနှင့်ပတ်သက်သည့် ပေးဆောင်ရမည့် အခွန်အခများကို ပိုပေးရခြင်းမျိုးမရှိတော့ဘဲ တိတိ ကျကျ ပေးဆောင်နိုင်မည်ဖြစ်ကာ အိမ်ခွန်၊ မြေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်သိမ်းဆည်းခ စသည့်အခွန် အခများကို Mobile Transfer နှင့် ပေးနိုင်မည်ဖြစ်ကြောင်း၊ မကြာမီ QR Code ပါသော Bill များထုတ် ပေးနိုင်တော့မည်ဖြစ်သည့်အတွက် QR Code ကို Scan ဖတ်ပြီး အချိန်မရွေး ၂၄ နာရီ ပေးချေနိုင် တော့မည်ဖြစ်ကာ E-Topup ငွေ ဖြည့်ရန်ပါ အခွန်ကောက်ဝန်ထမ်းမှ တစ်ဆင့် အလွယ်တကူလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့ တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။

“ဥပမာ- ၁,၃၄၅ ကျပ် ကျသင့်တယ်ဆိုပါစို့ အရင်က ၁,၅ဝဝ ပေး ရပေမဲ့ MSP နဲ့ဆိုရင် ၁,၃၄၅ ကျပ် အတိအကျပေးလို့ရပြီ၊ အကောင့် မရှိသူတွေကလည်း အခွန်ကောက် ခံလာတဲ့ ဝန်ထမ်းဆီမှာ အကောင့် ဖွင့်ခြင်း၊ ငွေဖြည့်သွင်းခြင်းတွေ ဆောင်ရွက်နိုင်ပါတယ်၊ Topup နဲ့ အကောင့်ဖွင့်တာကို စည်ပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေ၊ AYA ဘဏ် ခွဲအားလုံး၊ ရတနာပုံဘဏ်၊ Convenience Stores တွေမှာ လုပ်လို့ ရပါတယ်၊ စတင်လည်ပတ်ပြီးရင် တခြားဘဏ်တွေနဲ့ပါ ချိတ်ဆက် သွားပါမယ်၊ ကုန်စုံဆိုင်တွေနဲ့ လမ်း ဘေးဆိုင်တွေမှာပါ Topup လုပ်လို့ရနိုင်ရေး ဆက်ကြိုးစားနေပါ တယ်”ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။

Mandalay Smart Pay (MSP) ဖြင့် ဆိုင်ကယ်များအပ်ခြင်း၊ အများသုံး သန့်စင်ခန်းများတွင် သန့်စင်ခန်းခပေးဆောင်ခြင်း၊လမ်း ဘေးစျေးကောက် ကောက်သည့် အခါ ငွေပေးချေခြင်းစသည့် အခွန် အခများပေးဆောင်ရာတွင်ပါ အ သုံးပြုသွားနိုင်မည်ဖြစ်ပြီး ခရီးသွား လက်မှတ်၊ လေယာဉ်လက်မှတ် များပါ မကြာမီစတင်ပေးချေနိုင် တော့မည်ဖြစ်ကာ လက်ရှိတွင် MSP ကို မန္တလေးမြို့ ရတနာပုံ ဘဏ်နှင့် ဧရာဝတီဘဏ်ခွဲများအား လုံးတွင် ငွေဖြည့်သွင်းနိုင်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။
ကျော်ေကျာ်ေအာင်(ကေလးြမို့)

LEAVE A REPLY

Please enter your comment!
Please enter your name here