ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းလုနီးပါး အေးစက်သွားသည့် ကားစျေးကွက်

411
Page(Test)

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားသည့်နိုင်ငံ ၁၈ဝ ကျော် ရှိနေပြီး ကမ္ဘာ့နိုင်ငံများတွင် ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၉၄,ဝဝဝ ကျော်၊ သေဆုံးသူ ၁၂,၉ဝဝ ကျော် ရှိကြောင်း သိရသည်။ ရောဂါကူး စက်ခံရသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသလို ကမ္ဘာပေါ်တွင် ထိုရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းမှာလည်း ၄ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာသည့်အတွက် ထိုဗိုင်းရပ်စ်အပေါ် စိုးရိမ်ပူပန်မှုများ ရှိလာကြသည်။ COVID-19 ရောဂါကူးစက်မှု နိုင်ငံများစာရင်းတွင် မြန်မာ နိုင်ငံပါဝင်လာ၍ ပြည်သူများ စိုးရိမ်ပူပန်မှုမှာ ပိုမိုမြင့်တက်သွားပြီး စား နပ်ရိက္ခာစုဆောင်းခြင်းများ ပြုနေကြသည်။ အများစုသည် အစားအ သောက်နှင့် ဆေးဝါးများကိုသာ ဝယ်ယူကြသည်။ ကားစျေးကွက်တွင် ရန်ကုန်အဝယ်ရော၊ နယ်အဝယ်ပါ ပျောက်နေ၍ အရောင်းအဝယ်မှာ ရပ် ဆိုင်းလုနီးပါး ဖြစ်နေသည်။

“ဒီရက်ပိုင်းအရောင်းအဝယ်က မကောင်းရတဲ့အထဲ မြန်မာနိုင်ငံမှာ လည်း ရောဂါကူးစက်သူ နှစ်ဦးရှိပြီဆိုတဲ့ သတင်းထွက်လာတော့ ပိုဆိုး သွားပါတယ်၊ ရောဂါကူးစက်မှာစိုးတဲ့အတွက် မသွားရဲမလာရဲ ဖြစ်နေတာ တွေ ရှိသလို တတ်နိုင်တဲ့သူတောင်မှ ဒီအချိန်မှာ ကားဝယ်ဖို့ထက် ရော ဂါမဖြစ်အောင် ကာကွယ်ဖို့နဲ့ အစားအစာနဲ့ ဆေးဝါးတွေကို စုဆောင်းတာ တွေ လုပ်နေကြတယ်၊ နောက်ပြီး ရန်ကုန်အဝယ်မဆင်းသလို နယ်အဝယ်တွေကလည်း ဒီရောဂါကြောင့် မဆင်းကြတော့ပါဘူး၊ ရောဂါကူးစက် သူနှစ်ဦးရှိပြီလို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းကစပြီး အဝယ်ပျောက် သွားပါတယ်၊ သင်္ကြန်မတိုင်ခင်ဖွင့်မယ့် ရုံးဖွင့်ရက်ကလည်း မကျန်တော့ ဘူး၊ သင်္ကြန်ပိတ်ရက်နဲ့ ဒီရောဂါရဲ့ ကူးစက်မှုအခြေအနေတွေက ဘယ် လိုဖြစ်မလဲ မသိသေးဘူး၊ ဒါကြောင့် ကားအရောင်းအဝယ်ကတော့ ဒီ ထပ်အေးဖို့ပဲ ရှိပါတယ်၊ ဒီအချိန်မှာတော့ ကားအသစ်ရော ကားအ ဟောင်းရော အရောင်းအဝယ်အေးသလို ကမ္ဘာ့နိုင်ငံအသီးသီးက Lockdown လုပ်လိုက်ပြီဖြစ်လို့ CBU နဲ့ တင်သွင်းတ့ဲကားတွေလည်း မရှိသလောက် နည်းသွားပါတယ်”ဟု MMM ကားအရောင်းစင်တာမှ ကိုမင်းမင်းမောင်က ပြောသည်။

အခွန်သက်သာခွင့်ပေးမည်ဆိုသည့် ဝန်ထမ်းပါမစ်ဂယက်ကြောင့် ကားအရောင်းအဝယ်များ အေးခဲ့ရာမှ COVID-19 ရောဂါကူးစက်ခံရ သည့် နိုင်ငံများစာရင်းတွင် ပါဝင်လာ၍ ကားစျေးကွက်မှာ အဝယ်မရှိဘဲ အရောင်းအဝယ်မှာ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသည်။ အရောင်းအဝယ်များ အေးစက်နေသော်လည်း ကားစျေးနှုန်းများမှာ သိသိသာသာ ချရောင်း ခြင်းမရှိသေးသလို ဝယ်/ရောင်းအချင်းချင်း ကားပြန်ကောက်ခြင်း လျော့ နည်းသွားသည်။ ကားအရောင်းအဝယ်စျေးကွက်တွင် Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၆၅ သိန်းဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ် (မှန်မည်း)ကို ကျပ် ၁၇၅ သိန်းဝန်းကျင်၊ အမြင့်ကားထဲမှ Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၃၈ဝ ဝန်းကျင်၊ Honda CRV ၂ဝဝ၆ မိုဒယ်ကို ကျပ် ၃၇၅ သိန်းဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၈ဝ ဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၃ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ် ၆၂၅ သိန်းဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။

“တချို့ကလည်း မိတ်ရှိတော့ ပုံမှန်အရောင်းအဝယ်ဖြစ်ကြတယ်၊ အားလုံးကို ခြုံငုံပြီးတော့ ကြည့်ရရင်တော့ စျေးကွက်က ဆက်အေးမယ့် သဘော ရှိပါတယ်၊ ဘာလို့ဆို နှစ်အစကတည်းက ဝန်ထမ်းပါမစ်ဂယက် ကြောင့် အဝယ်တောက်လျှောက်အေးခဲ့ပြီး အခုလည်း COVID-19 က မြန်မာနိုင်ငံမှာပါ ကူးစက်နေပြီဆိုတော့ ပိုဆိုးသွားပါတယ်၊ ကားအသစ်ရော ကားအဟောင်းရော ဒီအချိန်မှာ အဝယ်အေးပါတယ်၊ ကားစျေးကွက်အေး နေသလို စလစ်စျေးကွက်ကလည်း အေးနေပြီး စျေးတန်းကတော့ ကျပ် သိန်းတစ်ရာဝန်းကျင်မှာ ငြိမ်သက်နေပါတယ်၊ ကားစျေးတွေကတော့ သိသိသာသာ ကျတာမတွေ့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်စျေးနဲ့ ညှိရောင်း တဲ့ပုံစံမျိုးပဲ တွေ့ရပါတယ်၊ အရောင်းအဝယ်ဆက်ပြီး ကောင်းလာမလား၊ အေးသွားမလားဆိုတာ ခန့်မှန်းရခက်ပါတယ်”ဟု Soueast Smart Road မှ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်း က ပြောသည်။

လက်ရှိစျေးကွက်အတွင်း ကားအရောင်းအဝယ်များ အေးနေသောကြောင့် ယာဉ်အို/ယာဉ်ဟောင်းစျေးကွက်မှာလည်း ပိုအေးသွားပြီး စျေးအနည်းငယ် ကျဆင်းသွားသည်။ ရန်ကုန်လိုင်စင် အမည်ပေါက်စလစ်မှာ ကျပ်သိန်းတစ်ရာဝန်းကျင်သာရှိပြီး ဖောက်စွပ်စလစ်များမှာ ကြိုက်ရောင်း ကြိုက်ဝယ်စျေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းက အရောင်းအဝယ်တော့ တော်တော်လေးအေးသွားပါ တယ်၊ COVID-19 ဂယက်ကြောင့် အလုပ်ရုံ၊ စက်ရုံ၊ တချို့ ကြိုပိတ် လိုက်တာတွေ ရှိသလို ရောဂါဖြစ်မှာစိုးလို့ ခရီးသွားတာတွေလည်း လျော့ သွားပါတယ်၊ နောက်ပြီး ကားအရောင်းအဝယ်စျေးကွက်မှာဆိုရင်လည်း ရန်ကုန်အဝယ်ရောနယ်အဝယ်ရော မဆင်းကြတော့လို့ အရောင်းအဝယ် အေးသွားတာတွေ့ရပါတယ်၊Brand New Showroom တော်တော် များများကလည်း Promotion အစီအစဉ်တွေ ရောင်းပေမဲ့ အဝယ်တွေက ထင်သလောက် မလာကြတာတွေ့ရပါတယ်”ဟု Aung Gabar Motor မှ အရောင်းတာဝန်ခံ ကိုငယ်က ေြပာသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here