ကိုရိုနာဗိုင်းရပ်စ်ကြောင့် Porsche ကားရောင်းအား ၁၂ ရာခိုင်နှုန်းကျဆင်း

165

 

ကမ္ဘာ့စီးပွားရေးကို အကြီးအ ကျယ်ထိခိုက်စေသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် ဂျာမန်တန်ဖိုးမြင့် ကားကုမ္ပဏီ Porsche ၏ ကားရောင်းအား ၁၂ ရာ ခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ဗြိတိန်အခြေစိုက် cardealer magazine က ဇူလိုင် ၂၁ ရက် တွင် ဖော်ပြသည်။

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် Porsche သည် ၂ဝ၂ဝ ပြည့်နှစ် ပထမခြောက်လတာအတွင်း ကမ္ဘာ တစ်လွား စုစုပေါင်းကားအစီးရေ ၁၁၆,၉၆၄ စီးသာရောင်းချနိုင်ခဲ့ပြီး ၂ဝ၁၉ ခုနှစ် ပထမခြောက်လတာ ရောင်းအားထက် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဆိုးရွားဆုံး ကာလမှာ ဗိုင်းရပ်စ်ကူးစက်မှုအလွန် များပြားသည့် ဧပြီလဖြစ်ပြီး ကမ္ဘာ တစ်လွားရှိ Porsche Centre များ ပိတ်သိမ်းခဲ့ရကြောင်း အမှု ဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Detlev von Platen က အတည် ပြုခဲ့ပြီး မိမိတို့အနေဖြင့်အကောင်း ဘက်မှရှုမြင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

ကုမ္ပဏီထုတ်ကားမိုဒယ်အားလုံးကိုထည့်တွက်ပါက ရောင်းအားကျဆင်းခဲ့သည်ဟု ဆိုနိုင်သော်လည်း SUV မိုဒယ်များဖြစ်သည့် Porsche Cayenne က ၃၉,၂၄၅ စီး၊ Porsche Macan က ၃၄, ၄၃ဝ စီး ရောင်းချကာ ရောင်းအား မြင့်တက်လာသည်။ ၂ဝ၂ဝ ပြည့်နှစ် ဒုတိယနှစ်ဝက်တွင်မူ တရုတ်အပါ အဝင် အာရှစျေးကွက်၊ အမေရိက နှင့် ဥရောပစျေးကွက်များတွင် ဝယ်လိုအား ပြန်လည်မြင့်တက်လာ မည်ဟု ယုံကြည်ထားကြောင်း Platen က ပြောသည်။
Ref: cardealermagazine

LEAVE A REPLY

Please enter your comment!
Please enter your name here