ကိုယ်ထည်ကို ထူးထူးခြားခြားဆေးခြယ်ထားသော သက်တမ်း ၁ဝ နှစ်ရှိ Ferrari  ပြိုင်ကား မူရင်းစျေးအတိုင်း ရောင်းချနိုင်ရန် ခန့်မှန်းထား

753

ကိုယ်ထည်ကို ထူးထူးခြားခြား ဆေးခြယ်ထားသည့် တစ်စီးတည်း သော Ferrari ပြိုင်ကားကို လေလံတင်ရောင်းချရာတွင် သက်တမ်း ၁ဝ နှစ်ရှိပြီ ဖြစ်သော်လည်း မူရင်းစျေးအတိုင်းရရန် ခန့်မှန်းထားကြောင်း မတ် ၂၃ ရက်တွင် The Sun သတင်းစာက ရေးသားဖော်ပြခဲ့သည်။

အီတလီပြိုင်ကားကုမ္ပဏီ Ferrari က ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သော   F 430 မိုဒယ်တွင် တစ်နာရီ မိုင်နှစ်ရာကျော် မောင်းနိုင်သည့် F 430 Challenge မိုဒယ်ကွဲရှိရာ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က အမေရိကန် ပြည်ထောင်စု၊ မိုင်ယာမီမြို့တွင် ပြုလုပ်ခဲ့သည့် Ansa Motorsport ပြပွဲ၌ ၂ဝဝ၈ မိုဒယ် F 430 Challenge ကားတစ်စီးကို လန်ဒန်မြို့သား ဂရပ်ဖတီပညာရှင် Ben Levy က စပရေးဘူးများ သုံးပြီး Cash ၊ Money ၊ Envy စကားလုံးများ ရေးဆွဲကာ သုံးရက်ကြာ အလှဆင်ခြယ်သပေးခဲ့သည်။ လာမည့် ဧပြီ ၆ ရက်တွင်ပြုလုပ်မည့် RM Sothebys လေလံပွဲတွင် ထူးထူးခြားခြား ကိုယ်ထည်ဆေးရောင်နှင့် သက်တမ်း ၁ဝ နှစ်ခန့် ရှိပြီဖြစ်သော အဆိုပါ F 430 Challenge ကို ရောင်းချသွားမည်ဖြစ်ရာ မူရင်းစျေး ဗြိတိန် ပေါင် စတာလင် ၁၁၉,ဝဝဝ ခန့်အတိုင်း ရရှိနိုင်ရန် ခန့်မှန်းထားကြသည်။

Ref : The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here