ကိုဗစ်လွန်ကာလ ပုဂံဘုရားများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်နေ

140

 

ပုဂံ၊ နိုဝင်ဘာ ၃၀

ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်မှုများသော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ပုဂံဒေသရှိ ပုဂံဘုရားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

Covid-19 ကပ်ရောဂါကြောင့် လာရောက်လည်ပတ်ခွင့် ယာယီပိတ်ပင်ထားသော ပုဂံဒေသရှိ ပုဂံဘုရားများအား Covid-19 အလွန်ကာလ၌ ဖွင့်လှစ်ခွင့်ရပါက အဆင်သင့်ဖွင့်လှစ်ပေးနိုင်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြာင်း၊ ထိုသို့ ဆောင်ရွက်မှုများအနက် ယခုလက်ရှိတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားဖူးခရီးစဉ်များအပြင် သဘာဝကို အခြေခံသည့် Eco Tourism သဘာဝအခြေခံခရီးသွားလုပ်ငန်း ခရီးစဉ် ငါးခုတွင် တစ်ခုအပါအဝင်ဖြစ်သော ကျောက်မျက်မော်ဘုရားခရီးစဉ်ဒေသကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

ယခုစတင် အကောင်အထည်ဖော်နေသည့် ကျောက်မျက်မော်ခရီးစဉ်နှင့်အတူ ကျောင်းသဲဖြူကုန်းသို့ အလွယ်တကူသွားလာနိုင်ရန်ပါ စတင်လုပ်ဆောင်နေပြီး နေဝင်ဆည်းဆာကြည့်ရှုရန်နေရာများပါ ဖန်တီးပေးနေကာ အကောင်အထည်ပေါ်လာပါက Covid-19 အလွန်ကာလ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်ချိန်တွင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here