ကိုဗစ်ကာလကားစီးတော့မည်ဆိုလျှင်

120

 

ယခုကာ လသည် Covid-19 ကူးစက်မှု များနေသော ကာလ ဖြစ်သည်။ ကိုဗစ်သည် လူသားတို့ ကျန်းမာရေးကို ထိခိုက်နိုင်ရုံသာမက တိုင်းပြည် ၏ဖွံ့ဖြိုးမှုကိုလည်း တိုက်ရိုက်ထိ ခိုက်နိုင်သည်။ တစ်ပြိုင်နက် Covid-19 သည် အသွင်ပြောင်းပိုးများ ပါဝင်နေသည်။ စစချင်းပိုးတွေ့ရှိစဉ်က ပိုးသည် D614 ဖြစ်ပြီး ယခု နောက်ပိုင်း G614 ဆိုသည့် ပိုးများကို ပိုတွေ့လာရသည်ဟု ကျန်းမာ ရေးပညာရှင်များက ပြောဆိုထားကြသည်။ အသွင်ပြောင်းပိုးသည် ကူး စက်မှု ပိုမြန်ပျံ့နှံ့လွယ်ကာ လတ်တလော ပိုးရှိသူများ၌ လက္ခဏာမပြသူ များနေသည်ကို သတိချပ်ထားဖို့ လိုပါသည်။
အများသိသည့်အတိုင်း Covid-19 ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ် နိုင်ရန်အတွက် ကြိုတင်ကာ ပြုမူကျင့်သုံးသင့်သော အချက်များကို ထုတ် ပြန် ကြေညာထားသည်များလည်း ရှိသည်။ ယင်းတို့မှာ လက်ကို မကြာ ခဏ ဆေးကြောခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ ကိုယ်ခံအား ကောင်းစေရန်အတွက် အစာ ပုံမှန်စားခြင်း၊ အိပ်ရေးဝ၀ အိပ်စက်ခြင်း (နေ့စဉ် ၈ နာရီမှ ၉ နာရီအတွင်း အိပ်စက်ခြင်း)၊ အင်တီအောက်စီးဒင့်ကြွယ်ဝသော အစားအစာများ၊ ကိုယ်ခံအား တက်စေသောမျိုးနွယ်စုများ ပါဝင် သည့် ဖြည့်စွက်စာများ၊ ဗီတာမင်နှင့်သတ္တုဓာတ်ကြွယ်ဝသောအစားအစာ များကို မှီဝဲခြင်း၊ ကူးစက်နှုန်း မြင့်မားသော နိုင်ငံများသို့ သွားရောက်ခြင်း၊ လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များ သွားရောက်ခြင်းတို့ကို အထူး ရှောင်ရှားခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုများ လျှော့ချထားခြင်းတို့ဖြစ်သည်။
Covid-19 ကူးစက်လွယ်သူများမှာ သွေးတိုးရောဂါအခံရှိသူ၊ ဆီး ချိုရောဂါရှိသူ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသမှုပြုလုပ်ထားသူ၊ နှလုံးရောဂါရှိသူ၊ ကိုယ်ခံအားနည်းသူ၊ လေဖြတ်ထားသူ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါကို နာတာရှည် ခံစားနေရသူ၊ ကင်ဆာရောဂါ ရှိသူများနှင့် ကလေးသူငယ်များ ဖြစ် သည်။ ထို့အတူ ရောဂါဗေဒကျွမ်းကျင်ပညာ ရှင်များ၏ပြောကြားချက်အရ ဆေးလိပ်နှင့် အီး စီးကရက် သောက်သုံးသူများသည် အခြားသူများထက် Covid-19 ကူးစက်ခံရလျှင် အသက်အန္တရာယ်ပိုမိုနီးစပ်နိုင် ကြောင်း သိရသည်။
အထက်ပါ အချက်များသည် Covid-19 နှင့်ပတ်သက်၍ သိထား သင့်သည့်အချက်များ ဖြစ်သည်။ Covid-19 သည် တာရှည်တိုက်ပွဲဖြစ်၍ အချိန်ကာလ ကြာမြင့်လာသောအခါ လူအများသည် စားဝတ်နေရေး၊ ကျန်းမာရေး ကိစ္စရပ်များကြောင့် မဖြစ်မနေ အပြင်ထွက်ရမည့်ကိစ္စရပ်များ ရှိလာခဲ့သည်။ ယခုအခြေအနေတွင် ရန်ကုန်မြို့ကြီးသည် အခြားမြို့များ နှင့်စာလျှင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာများသောမြို့ဖြစ်နေသည်။ထို့အတူ ရန်ကုန်မြို့သူမြို့သားများသည် ဘတ်စ်ကားများကိုသာအသုံးပြု၍ တစ်နေရာမှတစ်နေရာသို့ ရွေ့လျားကြရပြန်သည်။ သို့ဖြစ်ပါ၍ ဘတ်စ် ကားများ စီးတော့မည်ဆိုလျှင် လိုက်နာရမည်များကို ဝေမျှပေးလိုသည်။
ရောဂါပိုးကူးစက်မှုမှ ကင်းဝေးစေရန် နေ့စဉ်လူမှုဘဝမှာ ခပ်ခွာခွာ နေကြပါစို့ဟု တိုက်တွန်းထားသော်လည်း မဖြစ်မနေလုပ်ရမည့် လူမှုကိစ္စ များနှင့် ဘတ်စ်ကားများ စီးကြရသည်။ ဘတ်စ်ကားစီးခြင်းသည် ရောဂါ ပိုး ကူးစက်နိုင်ခြေ များသလား/ရှိသလားဆိုသည့် မေးခွန်းများ ကြား နေရသည်။ ကူးစက်နိုင်ခြေ များခြင်း၊ နည်းခြင်း ဆိုသည်ထက် ကျွန်မတို့ ဘက်က လိုက်နာသင့်သည်များကို လိုက်နာကာ ကြိုတင်ကာကွယ်ထား ပေးဖို့ လိုအပ်သည်။
သို့ဖြစ်ပါသောကြောင့် ကားပေါ်မတက်မီတွင် နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း၊ မိမိတို့၏လက်ကို ဆပ်ပြာဖြင့် ပြောင်စင်အောင်ဆေး ကြောခြင်း၊ အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ထားသင့်သည်။ မိမိတို့ ပေးချေရမည့် ပိုက်ဆံများကို လက်ဗလာဖြင့် ကိုင်ဆောင်ခြင်းထက် လက်အိတ်ဖြင့် ကိုင်ဆောင်ခြင်း ပြုလုပ်သင့်သည်။ တစ်ဆက်တည်း နှာ ခေါင်းစည်းများ တပ်ဆင်သည့်အခါတွင် လိုက်နာရမည်များကို ဝေမျှပေး လိုသည်။ နှာခေါင်းစည်းများကို တပ်သည့်အခါ စနစ်တကျ တပ်ဆင်တတ် ရန်လည်း လိုအပ်သည်။ တစ်ခါသုံး နှာခေါင်းစည်းများကို သုံးသည့်အခါ တွင်လည်း ထပ်မံအသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။ နှာခေါင်းစည်းမတပ် ခင်အချိန်တွင် လက်ကို ပြောင်စင်အောင်ဆေးကြောထားဖို့ လိုအပ်သည်။
ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို တပ်ဆင်သည့်အခါ အရောင်ရှိသည့် ဘက်ကို အပြင်မှာထား၍ တပ်ဆင်ထားသင့်သည်။ နှာခေါင်းစည်းကို လက်ကိုင်နေရာကသာ ကိုင်ရမည်ဖြစ်ပြီး နှာခေါင်းစည်း၏ မျက်နှာပြင်ကို မထိမိစေရန် သတိပြုရမည်။ နှာခေါင်းစည်းတပ်ဆင်သည့်အခါ ပါးစပ် နှင့် နှာခေါင်းတို့ကို သေချာစွာ ဖုံးအုပ်ရမည်ဖြစ်ပြီး မျက်နှာနှင့် နှာခေါင်း စည်းတို့အကြား နေရာလွတ်မရှိစေရန်လည်း ဂရုပြုရမည်။ အကြောင်းမှာ လွတ်နေလျှင် လွတ်သည့်နေရာမှ ပိုးများဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။ နှာခေါင်းစည်းနှင့်ပတ်သက်၍ နှာ ခေါင်းစည်းကို လက်နှင့်ခဏခဏကိုင်ခြင်း မပြု လုပ်မိစေရန် ဖြစ်သည်။
နှာခေါင်းစည်းကိုဖြုတ်သည့်အခါ လိုက်နာရမည့်အချက် များ ရှိပါသေးသည်။ နှာခေါင်းစည်းဖြုတ်သည့်အခါ လက်ကိုင်ကွင်းနေရာ ကသာ ဖြုတ်ရမည်ဖြစ်ပြီး နှာခေါင်းစည်း၏ အရှေ့မျက်နှာပြင်ကို လက်နှင့် မထိစေဖို့လိုသည်။ သုံးပြီးသားနှာခေါင်းစည်းများကို ပြန်လည်သုံးစွဲခြင်း မပြုလုပ်သင့်ပါ။ သို့သော် အဝတ်ဖြင့်ပြုလုပ်ထားသော၊ ပိတ်စဖြင့် ပြုလုပ် ထားသော နှာခေါင်းစည်းများကို အသုံးပြုသည်ဆိုလျှင် လျှော်ဖွပ်၊ နေပူ လှန်းမှသာ ပြန်လည်အသုံးပြုသင့်၏။ အသုံးပြုသော နှာခေါင်းစည်းများကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ဖို့ လိုအပ်လှသည်။ နှာခေါင်းစည်း ဖြုတ်သည့်အချိန်တွင် မိမိတို့၏လက်ကို ဆပ်ပြာဖြင့် ပြောင်စင်အောင် ဆေးကြောဖို့ လိုအပ်သည်ကိုဖြင့် သတိပြုစေလိုသည်။
အကယ်၍ မိမိအသုံးပြုနေသော နှာခေါင်းစည်းသည် စိုစွတ်လာမည် ဆိုပါက အသစ်တစ်ခုနှင့် ပြောင်းလဲသုံးစွဲရမည် ဖြစ်သည်။ အသုံးမပြု သေးသော နှာခေါင်းစည်းများကိုလည်း လေလုံသန့်ရှင်းသော အိတ် အတွင်းထည့်ထားသင့်သည်။ နှာခေါင်းစည်း တပ်ထားခြင်းဖြင့် ထိရောက် သော ကာကွယ်မှုယူလိုလျှင် နှာခေါင်းစည်းတစ်ခုကို အများဆုံး ၈ နာရီ သာ တပ်ဆင်သင့်သည်။ သည့်ထက်တတ်နိုင်မည်ဆိုလျှင် Face Shield များ တပ်ဆင်သွားသင့်သည်။ မိမိတို့နှင့်တစ်ပါတည်း လက်သန့်ဆေးရည် များကိုလည်း ယူဆောင်သွားသင့်သည်။ အကယ်၍ မိမိတို့သွားမည့် ခရီး သည် ရှည်လျားမည်ဆိုပါက မိမိအတွက် သောက်ရေကိုလည်း ယူဆောင် သွားသင့်သည်။ ကားပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် ခြောက်ပေ အကွာ၌ နေထိုင်ရမည်။ အကယ်၍ ခြောက်ပေအကွာ မနေနိုင်ဘူး ဆိုလျှင်ပင် ခွာနိုင်သမျှ ခွာထားရမည်။ မိမိသည် ရုံးသမား မဟုတ်ပါက ရုံးတက်ချိန်၊ ရုံးဆင်းချိန်တို့ကို ရှောင်ရှားကာ ကားစီးစေလိုသည်။
ယခုကာလတွင် လူတစ်ယောက်၏ကျန်းမာရေးသည် လူအားလုံး၏ ကျန်းမာရေးဖြစ်သောကြောင့် ကားစီးသူများသာ ရောဂါပိုးမှကင်းဝေး အောင် လိုက်နာရုံနှင့် မလုံလောက်ပါ။ ကားမောင်းသူများမှလည်း ရောဂါ ပိုးမှ ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်သင့်သည်များကို လိုက်နာရမည်။
ကားမောင်းသူများအနေဖြင့် မိမိတို့ ကားမထွက်ခင် ကားတစ်စီး လုံးကို ပိုးသတ်ထားသင့်သည်။ အထူးအားဖြင့် လူအများစု ထိတွေ့မှုများ သော ကားတံခါး၊ တံခါးလက်ကိုင်၊ လက်ကိုင်ကွင်းတို့ကို ပိုးသတ်ထားသင့် သည်။ အကြောင်းမှာ ရောဂါပိုးရှိသူ နှာချေချောင်းဆိုးရာမှ ထွက်ကျလာ သော အမှုန်အစက်များသည် ယင်းပစ္စည်းများပေါ်တွင် တင်ကျန်နေနိုင် ခြင်းကြောင့် ဖြစ်သည်။ ကားပေါ်တွင် သတ်မှတ်ထားသောခရီးသည် လူဦးရေ ထက် တင်ဆောင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့လိုအပ်သည်။ ဤ သို့ဖြင့် သင်ကားစီးတော့မည်ဆိုလျှင် လိုက်နာသင့်သည်များကို လိုက်နာ ခြင်းဖြင့် ကပ်ရောဂါဘေးကြီးကို တွန်းလှန်နိုင်မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here