ကားအောက်ပိုင်း တုန်ခါမှုပြသနာများ

778

 

မော်တော်ကားတစ်စီးတွင် ကားသုံးစွဲမှု အချိန်ကာလနှင့် သွားရောက် ခဲ့သော ခရီးအကွာအဝေးမိုင် များလာလှျင် အောက်ပိုင်းစနစ် ပစ္စည်း အစိတ်အပိုင်းများ၌ ချွတ်ယွင်းချက်များရှိလာမည်။ လမ်းအဆောင့်ဒဏ် များကို သက်သာစေရန်နှင့် ကားစီးရာတွင် အဆင်ပြေချောမွေ့စေရန် အောက်ပိုင်းစနစ် အစိတ်အပိုင်းများက စွမ်းဆောင်ပေးသည်။ ပွန်းစားမှု များကြောင့် ချောင်နေသောအစိတ်အပိုင်းများမှ ထူးခြားသောမြည်သံ ထွက်မည်။ တုန်ခါမှုများ ဖြစ်ပေါ်လာမည်။ ထိုကဲ့သို့ မြည်သံနှင့် တုန်ခါ မှုများကိုစစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှသာ သင့်ကား သည် အကောင်းဆုံးသော Performance ကိုပေးနိုင်ပြီး ဘေးကင်းလုံခြုံမှု(Safety)ရရှိမည်။
အောက်ပိုင်းမြည်သံများနှင့် တုန်ခါမှုများသည် အခြေအနေ အမျိုး မျိုးအပေါ်တွင် မူတည်၍ဖြစ်ပေါ်သည်။
– အင်ဂျင် Speed အနှေး/အမြန်အပေါ် မူတည်၍ ဖြစ်ပေါ်ခြင်း၊
– မော်တော်ယာဉ်၏အမြန်နှုန်း အနည်း/အများအပေါ် မူတည်၍ ဖြစ်ပေါ်ခြင်း၊
– မော်တော်ယာဉ်အရှိန် စတင်ချိန်နှင့် ဘရိတ်ဖမ်းချိန်တို့တွင် ဖြစ် ပေါ်ခြင်း၊
– ရံဖန်ရံခါ အသံမြည်ခြင်း၊ တုန်ခါခြင်း။
အင်ဂျင်လည်ပတ်နှုန်း(Rpm) အနှေး/အမြန်အပေါ်မူတည်၍ တုန်ခါမှု အသံများ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများစွာရှိသည်။ အင်ဂျင် မောင်းတိန်းအထိုင် ရော်ဘာတုံးမကောင်းခြင်း၊ ပန်ကာကြိုးများ ချောင် နေခြင်း၊ Aircon Compressor နှင့် Alternator အထိုင်ချထားသော Bolt – Nut များ ချောင်နေခြင်း၊ အိပ်ဇောပိုက်နှင့် မန်နီဖို့ပိုက်အဆက်များ ချောင်နေခြင်း၊ စတီယာရင်အဆက်များ ချောင်နေခြင်း၊ အောက်ပိုင်း တိုက်ရော့၊ ဘောလ်ဂျွိုင်းများ ချောင်နေခြင်း၊ စားနေခြင်းရှိ/မရှိ စစ်ဆေး ပါ။ ကားရပ်နား၍ အင်ဂျင်ခန်းအတွင်းမှ အစိတ်အပိုင်းများကို မျက်မြင် စစ်ဆေးပါ။ Bolt – Nut အထိုင်များ တင်းကျပ်မှု ရှိ/မရှိ စစ်ဆေးပါ။
ရော်ဘာမောင်းတိန်း အခြေအနေများကို စစ်ဆေးပါ။ အင်ဂျင် လည်ပတ်နှုန်း Rpm အမျိုးမျိုးပြောင်းလဲတိုင်း အင်ဂျင်ဘလောက်တုံး တစ်ခုလုံးဆွဲခါသကဲ့သို့ တုန်ခါမှုဖြစ်ရခြင်းမှာ အင်ဂျင်မီးတိုင်မင် မမှန်၍ လည်း ဖြစ်နိုင်သည်။ ဆီပို့စနစ်၊ မီးပေးစနစ်များ မှန်ကန်မှုမရှိလျှင် အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲ တုန်ခါလာမည်။ တုန်ခါမှုကြမ်းလှျင် ကားကိုယ်ထည်ပါလိုက်၍ ခါယမ်းသွားနိုင်သည်။ Engine Misfire ကြောင့် တုန်ခါမှုမျိုးသည် အင်ဂျင်၏ စွမ်းဆောင်မှုကိုပါ ကျဆင်းစေသဖြင့် ကျွမ်းကျင်သော ကားဝပ်ရှော့တွင်ပြသ၍ အပြစ်ရှာပြုပြင်ရမည်။ အောက် ပိုင်းနှင့် စတီယာရင်အထူးပြုပြင်သော အချို့ဝပ်ရှော့များသည် အင်ဂျင် အပိုင်းကို လုံးဝမကိုင်ပါ။
အင်ဂျင်လည်ပတ်နှုန်းနှင့် ဆက်နွယ်နေသော တုန်ခါမှုပြသနာ များဖြစ်စေသည့် အကြောင်းရင်းများကို အကျဉ်းဖော်ပြရလျှင်-
– အင်ဂျင်မောင်းတိန်း၊ ဂီယာဘောက်မောင်းတိန်း မကောင်းခြင်း။
– မောင်းတိန်း အထိုင်ဘရက်ကတ်(Bracket)များ ကျိုးနေခြင်း၊ အထိုင် Nut ချောင်နေခြင်း၊
– အင်ဂျင်မီးပေးစနစ် မမှန်ခြင်း(Misfire)၊
– အအေးခံပန်ကာ ကလပ်/ Electric Fan ပျက်စီးနေခြင်း၊
– ပန်ကာကြိုးစားနေခြင်း၊ ချောင်နေခြင်း၊
– ပါဝါစတီယာရင်စနစ် မကောင်းခြင်း၊
– Auto Gear စနစ်မှ Torque Converter Bolt အထိုင်များ ချောင်နေခြင်း၊ လွတ်နေခြင်း၊
– Aircon Compressor နှင့်Alternator အထိုင်များ ချောင်နေခြင်း၊
မော်တော်ယာဉ် Speed အနှေး/အမြန် ပြောင်းလဲတိုင်း ဆူညံသံနှင့် တုန်ခါမှုများဖြစ်ပေါ်ခြင်းကို အပြစ်ရှာဖွေရန် လှုပ်ရှားနေသော ကား အ စိတ်အပိုင်းများအား ကြည့်ရှုစစ်ဆေးရမည်။ မည်သည့်နေရာမှ အသံမြည် သည်။ တုန်ခါမှုသည် ရှေ့ပိုင်းကလား၊ ကားနောက်ပိုင်းကလား ရှာဖွေရ မည်။
ကားမောင်းနှင် ရွေ့လျားနေစဉ် လည်ပတ်နေသော အစိတ်အပိုင်း များ ရှိသည်။ ကားတာယာဘီးများ၊ Hub ဘောလ်များ၊ Driveshaft များ၊ ဒူးဆစ်များ၊ ဂျွိုင်းဘောလ်များသည် လည်ပတ်လှုပ်ရှားနေသော အစိတ်အပိုင်းများ ဖြစ်သည်။ ထိုအစိတ်အပိုင်းများ ပွန်းစားပြီး ချောင်လာပါက အထိုင်မမှန်တော့ဘဲ မြန်နှုန်းမြင့် လည်ပတ်လျှင် တုန်ခါခြင်း၊ အသံမြည် ခြင်းများ ဖြစ်လာနိုင်သည်။
ခရီးဝေးကားမောင်းလျှင် အမြန်နှုန်းသည် တစ်နာရီ ကီလိုမီတာ ၈ဝ မှ ၁၂ဝ အထိ မောင်းကြသည်။ ကားဘီးတာယာများသည် သာမန် အားဖြင့် စက်ရုံထုတ်ဖြစ်၍ ညီညာနေမည်ဟု ထင်စရာရှိသည်။ ဒစ်ဝှီးဘီး ခွေပေါ်တွင် တာယာကိုတပ်ဆင်လိုက်ပါက တစ်ဖက်သို့ လိုက်သွားပြီး Balance မညီညာခြင်းမျိုး ဖြစ်နိုင်သည်။ ဒစ်ဝှီးခွေများသည် စက်ဝိုင်းပုံ ညီညာသည်ဟုဆိုသော်လည်း အနည်းငယ် ဘဲဥလိုက်ခြင်း(Out of Round)မျိုးလည်း ဖြစ်နိုင်သည်။ ဒစ်ဝှီးနှင့်တာယာလုံးပြီးပါက Balance ပြန်ချိန်ရမည်။Balance မချိန်ထားသော တာယာဘီးတစ်လုံးသည် Highway တွင် Speed တင်၍ မောင်းပါက သေချာပေါက် တုန်ခါလာမည်။ Vibration များလျှင် Hub ဘောလ်နှင့် ဒူးဆစ်များကို ပျက်စီးစေနိုင်သည်။ စတီယာရင်ထိန်းရ ခက်ခဲစေသည်။
ပန်းသားပွန်းစားမှု မညီသောတာယာ၊ ဒစ်ဝှီးလိမ်ပြီး တာယာပါ လိမ်ဖယ်နေသော ကားဘီးများသည် အမြန်နှုန်းမြင့်လာလျှင် အသံမြည်၍ တုန်ခါမှုဖြစ်သည်။ စတီယာရင်အဆက်များနှင့် အောက်ပိုင်းတိုက်ရော့ ဘောလ်ဂျွိုင်းများ ချောင်နေလျှင်လည်း တာယာဘီးများ တုန်ခါတတ်သည်။ တာယာဘီးများ အလိုင်းမန့်မမှန်လျှင် တုန်ခါတတ်သည်။
ကားအောက်ပိုင်းစနစ်များ စတီယာရင်ထိန်းကျောင်းစနစ်များ မှန် ကန်ကောင်းမွန်ပြီး တာယာဘီးများပါ အားလုံးပြည့်စုံအောင် ကောင်း မွန်နေမှသာလျှင် မြန်နှုန်းမြင့်မောင်းနှင်ရာ၌ အသံမမြည်ဘဲ တည်တည် ငြိမ်ငြိမ် ကားမောင်းကောင်းပါမည်။ Driveshaft ဂျွိုင်းဘောလ်၊ ဒူးဆစ်နှင့် ခါးဆွဲဘောလ်များသည်လည်း အမြဲလှုပ်ရှား လည်ပတ်နေသော အစိတ် အပိုင်းများ ဖြစ်ပါသည်။
အမဲဆီငတ်ပြီး ရေနှင့် ရွံ့သဲများ ဝင်ရောက်ပါက ထိုအစိတ်အပိုင်း များ ပျက်စီးပါသည်။ အများဆုံးဖြစ်လေ့ရှိသော ချွတ်ယွင်းမှုမှာ ဂျွိုင်း ရှပ်အဆစ်များမှ (Universal Cross Bearing)) ဂျွိုင်းဘောလ်နှင့် ဂျွိုင်း နတ်များ ဖြစ်ပါသည်။ ခါးဆွဲရော်ဘာတုံး မောင်းတိန်းနှင့် ကရောင်း ဂီယာအုံတို့ကိုပါ ထိခိုက်စေနိုင်သော တုန်ခါမှုဖြစ်သည်။ အမြန်ဆုံးစစ်ဆေး အစားထိုး လဲလှယ်သင့်သည်။ မော်တော်ယာဉ်အမြန်နှုန်း(Speed)မြင့် တက်လာလျှင် တုန်ခါမှုနှင့်မြည်သံများဖြစ်စေသော အကြောင်းရင်း အကျဉ်းမှာ
– တာယာနှင့် ဒစ်ဝှီး Balance အောက်နေခြင်း၊ မမှန်ခြင်း။
– ဒစ်ဝှီးဘီးခွေ လိမ်နေခြင်း၊ ဘဲဥလိုက်နေခြင်း။
– ဂျွိုင်းရှပ် Balance မမှန်ခြင်း။
– ဂျွိုင်းဘောလ်နှင့် ဂျွိုင်းဖလန်းနတ်များ ချောင်နေခြင်း။
– ဂျွိုင်းရှပ် ကောက်နေခြင်း။
– ဒူးဆစ်နှင့် Hub ဘောလ်များ စား၍ချောင်နေခြင်း။
– အိပ်ဇောပိုက်လိုင်းစနစ်များ အထိုင်မမှန်၍ တုန်ခါနေခြင်း။
– ကားအောက်ပိုင်းစနစ်များစား၍ ချောင်နေခြင်း။
– စတီယာရင်၊ တိုက်ရော့ဂေါ်လီသီးများစား၍ အလွတ်ကစားနေခြင်း။
– ကားအောက်ပိုင်း အလိုင်းမန့် မမှန်ခြင်း။
– ရှော့ဘား အထိုင်များ၊ ရော်ဘာဘွတ်များ စားနေခြင်း။
လီဗာနင်း၍ ရုတ်တရက် ကားအရှိန်မြှင့်တင်ခြင်းနှင့် ဘရိတ်ဖမ်း၍ ထိုးရပ်ချိန်များတွင် အသံမျိုးစုံ ထွက်ပေါ်လာခြင်းမှာ ကားအောက်ပိုင်း Suspension စနစ်မှ အစိတ်အပိုင်းများ စား၍ချောင်နေခြင်း၊ ချွတ်ယွင်း ပျက်စီးနေခြင်းများကြောင့် အများဆုံး ဖြစ်နိုင်သည်။
ကားအောက်ပိုင်းမှ ထိန်းချုပ်တန်းဘွတ်ချ်များ၊ ဘောလ်ဂျွိုင်းများ၊ အထိုင် Nut များ၊ ရှော့ဘားများကို စစ်ဆေးပါ။ ရုတ်တရက် ကားအရှိန် တင်လိုက်ပါက ဆူညံသံထွက်သော အခြားအကြောင်းတစ်မျိုးမှာ Transimission နှင့်Drivetrains လိုင်းတွင် အပြစ်အနာအဆာ အမှားတစ်ခုခုရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။Manual Gear သုံးသော ကားများတွင် ကလပ်အုံအတွင်း၌ အပြစ်တစ်ခုခုရှိနိုင်သည်။ အော်တို ဂီယာများတွင် Torque Convertor အထိုင်၌ ချွတ်ယွင်းချက်ရှိနိုင်သည်။
ဂျွိုင်းရှပ်၊ ဂျွိုင်းဘောလ်နှင့် ကရောင်းပင်နီယံသုံးသော နောက်ဆွဲ ကားများတွင် ရုတ်တရက်အရှိန်မြှင့်တင်တိုင်း မြည်သံထွက်ပါက Drivetrains တွင်ရှိသော အစိတ်အပိုင်းများ ပွန်းစားနေခြင်း၊ ချောင်နေခြင်း တစ်ခုခုကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ လမ်းအခြေအနေအမျိုးမျိုးတွင် ရွေ့လျားသွား လာနေရသော ကားများသည် အောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်ထိန်းကျောင်းစနစ်များ၊ ချွတ်ယွင်းအားနည်းလာပါက အသံ မြည်ခြင်း၊ တုန်ခါခြင်းနှင့် မောင်းနှင်၍ မကောင်းခြင်းစသော ရှေ့ပြေး လက္ခဏာများပြလာမည်။ ကားတစ်စီး၏ မူမမှန်သောလက္ခဏာများသည် ရောဂါအပြစ်ရှာဖွေရန်အတွက် သဲလွန်စများဖြစ်သည်။ ရှေ့ပြေးမူမှန်သော လက္ခဏာများဖြစ်ပေါ်လာလျှင် ပေါ့ပေါ့ဆဆမေနပါနှင့်။ အမြန်ဆုံးစစ်ဆေးပြီး ပြုပြင်နိုင်လျှင် ပျက်စီးဆုံးရှုံးမှုအနည်းဆုံး ဖြစ်ပါမည်။

LEAVE A REPLY

Please enter your comment!
Please enter your name here