ကားအသုံးမပြုရတဲ့ World Car Free Day တစေ့တစောင်း

1367

ကမ္ဘာလုံးဆိုင်ရာ ကားအသုံးမပြုရေးနေ့လို့ဆိုရမယ့် World Car Free Day ကို စက်တင်ဘာ ၂၂ ရက်မှာ ကျင်းပလေ့ရှိပြီး အဲဒီနေ့တစ်နေ့တာအတွင်း မော်တော်ကားတွေကို အသုံးမပြုဖို့ လှုံ့ဆော်တာဖြစ်ပါတယ်။ အဲဒီနေ့မှာ ကိုယ်ပိုင်ယာဉ်အစား အများသုံး သယ်ယူပို့ဆောင်ရေးစနစ်နဲ့ စက်ဘီးတွေကို အသုံးပြုဖို့နဲ့ လမ်းလျှောက်တဲ့အလေ့အထ ပိုတိုးတက်စေဖို့တင်မက အလုပ်နဲ့အိမ် နီးပြီး လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးအတွင်းမှာ စျေးဝယ်လို့ရတဲ့ လူမှုအဝန်းအဝိုင်းတွေ ပေါ်ပေါက်လာရေးတို့လို လုပ်ငန်းစဉ်တွေကို အဓိကလှုပ်ရှားဆောင်ရွက်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင်လည်း ယာဉ်ကြောကျပ်တည်းလှတဲ့ မြို့တော်ကြီးတွေမှာ ခရီးတိုသွားဖို့အတွက် ကားအသုံးပြုတာထက်စာရင် စက်ဘီးကို အသုံးပြုတာက ပိုပြီး ခရီးတွင်စေတယ်လို့ ဆိုပါတယ်။

၁၉၅၆ ခုနှစ်က ဒုတိယမြောက် အာရပ်-အစ္စရေးစစ်ပွဲ Suez Crisis ကြောင့် နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံတို့မှာ ပထမဆုံးအကြိမ်အနေနဲ့ ကားမသုံးစွဲတဲ့ တနဂင်္နွေနေ့တွေကို ဖန်တီးခဲ့ပြီး အဲဒီနှစ် နိုဝင်ဘာ ၂၅ ရက်ကနေ ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီ ၂ဝ ရက်ကာလအတွင်း တနဂင်္နွေနေ့တိုင်းကို ကား မသုံးစွဲတဲ့နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်း (Environmental Transport Association) က သူတို့ရဲ့ Green Transport ရက်သတ္တပတ်မှာ ကျရောက်တဲ့ ပထမဆုံးအဂင်ါ္နေ့ (ဇွန် ၁၇ ရက်ဝန်းကျင်) ကို နှစ်စဉ် ကားအသုံးမပြုတဲ့နေ့ (Car Free Day) အဖြစ် ကနဦး သတ်မှတ်ခဲ့ပေမဲ့ ၂ဝဝဝ ပြည့်နှစ်ကစလို့ နှစ်စဉ် စက်တင်ဘာ ၂၂ ရက်ကို Car Free Day အဖြစ် နိုင်ငံအသီးသီးမှာ လွတ်လပ်စွာကျင်းပနိုင်ဖို့ သဘောတူသတ်မှတ်ပေးခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၂ ရက်ဟာ ပထမဦးဆုံး ဥရောပ ကားမသုံးစွဲရေးနေ့ (European Car Free Day) လည်း ဖြစ်ပြီး ဥရောပသမဂ္ဂကကြီးမှူးပြီး ဥရောပတိုက်တစ်လွှားက မြို့ပေါင်း ၇၆ဝ မှာ In Town,without my car! ဆိုတဲ့ ခေါင်းစဉ်နဲ့ Car Free Day ကို သတ်မှတ်ကျင်းပခဲ့ပါတယ်။

Car Free Day လှုပ်ရှားမှုရဲ့ ပထမဆယ်စုနှစ် (၁၉၉၄-၂ဝဝ၅)အတွင်း ကမ္ဘာတစ်ဝန်းက မြို့တော် ရာပေါင်းများစွာမှာ CFD(Car Free Day) လှုပ်ရှားဆောင်ရွက်မှုတွေကို ကျင်းပခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံ၊ Bogota မြို့တော်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး Car-Free Weekday Event ကို ရုံးဖွင့်ရက်တွေမှာ မြို့တော်တစ်ခုလုံး အတိုင်းအတာနဲ့ ကျင်းပလေ့ရှိပြီး ပထမဆုံးအနေနဲ့ ၂ဝဝဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလတုန်းက စတင်ကျင်းပပြုလုပ်ခဲ့တာပါ။ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလမှာလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ မြို့တော်ရဲ့ပထမဆုံး Car Free Day ကို စတင်ကျင်းပခဲ့ပြီး ၂ဝ၁၂ ခုနှစ်၊ မေလကစလို့ တနဂင်္နွေနေ့တိုင်းကို Car Free Day အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံမှာဆိုရင် တရားဝင် Car Free Day မရှိပေမဲ့ ဂျူးတွေရဲ့ ဘာသာရေး အထွတ်အမြတ် နေ့ဖြစ်တဲ့ Yom Kippur မှာ နှစ်တိုင်းလိုလို တစ်ရက်ကျော်ကြာအောင် စက်တပ်ယာဉ်အားလုံး အသုံးပြုမှု ရပ်ဆိုင်းထားရပါတယ်။ အဲဒီလိုနေ့မျိုးမှာ လေထုထဲ နိုက်ထရိုဂျင်အောက်ဆိုက် ပါဝင်မှုပမာဏဟာ ၉၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်က နိုင်ငံရဲ့ ပထမဆုံး Car Free Sunday ကို စီးပွားရေးအချက်အချာ ဒေသမှာ သတ်မှတ်ကျင်းပခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here