ကားအသစ်ထုတ်လုပ်မှုနှင့် ရောင်းချမှု စာရင်းများအရ အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံ အောက်ဆုံးအဆင့်၌ ရပ်တည်

588

ကားအသစ်ထုတ်လုပ်မှုနှင့် ရောင်းချမှုစာရင်းများအရ အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံမှာ အောက်ဆုံး အဆင့်၌သာ ရပ်တည်နေကြောင်း AADA အသင်း၏ စာရင်းကောက်ယူမှုအရ သိရသည်။

 

အာဆီယံ နိုင်ငံများထဲတွင် ကားထုတ်လုပ်မှု ထိပ်ဆုံးနိုင်ငံမှ ရပ်တည်နေသော ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က မော် တော်ယာဉ် ၁,၉၄၄,၄၁၇ စီး ထုတ် လုပ်ခဲ့ရာ လူစီးယာဉ် ၈ဝ၅,ဝ၃၃ စီး နှင့် လုပ်ငန်းသုံးယာဉ် ၁,၁၃၉,၃၈၄ စီးအထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံပြီးလျှင် အင်ဒိုနီးရှားက ဒုတိယကားထုတ်လုပ်မှု အများဆုံး အဖြစ် ရပ်တည်နေပြီး ပြီးခဲ့သည့် နှစ်က ကားအစီးရေ ၁,၁၇၇,၃၈၉ စီး ထုတ်လုပ်ခဲ့ရာ လူစီးယာဉ် ၉၆၈,၁ဝ၁ စီးနှင့် လုပ်ငန်းသုံးယာဉ် ၂ဝ၉,၂၈၈ စီး ထုတ်လုပ်နိုင်ခဲ့သည်။ တတိယကားထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သော မလေးရှားက ကားအစီးရေ ၅၄၅,၂၅၃ စီး ထုတ်လုပ်ခဲ့ရာ လူစီးယာဉ် ၅ဝ၃,၆၉၁ စီးနှင့် လုပ်ငန်းသုံးယာဉ် ၄၁,၅၆၂ စီး ထုတ်လုပ်နိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက ကားအစီးရေ ၁၁၆,၈၆၈ စီး ထုတ်လုပ်ခဲ့ရာ လူစီးယာဉ် ၄၅,၈၅၃ စီးနှင့် လုပ်ငန်းသုံးယာဉ် ၇၁,ဝ၁၅ စီး၊ ဗီယက်နမ်က ကားအစီးရေ ၂၃၆,၁၆၁ စီးထုတ်လုပ်ခဲ့ရာ လူစီးယာဉ် ၁၄၅,၅၇၁ စီးနှင့် လုပ်ငန်း သုံးယာဉ်အစီး ၉ဝ,၅၉ဝ ထုတ်လုပ်ခဲ့သည်။

 

အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံကလွဲ၍ အခြားနိုင်ငံများသည် တစ်နှစ်လျှင် မော်တော်ယာဉ် အစီးရေ နှစ်သိန်းမှ ၁၉ သိန်းအထိ ထုတ်လုပ်နေသော်လည်း Auto Industry နှင့် Auto Policy နောက်ကျ ကျန်ရစ်ခဲ့သော မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က ကားအစီးရေ ၁,၁၅၂ စီးသာ ထုတ်လုပ်နိုင်ခဲ့ပြီး လူစီးယာဉ် အစီး ၄၈ဝ နှင့် လုပ်ငန်း သုံးယာဉ် ၆၇၂ စီးသာ ထုတ်လုပ် နိုင်ခဲ့သည်။

 

ကားသစ်များ တင်သွင်းရောင်း ချရာတွင်လည်း မြန်မာနိုင်ငံမှာ စျေးကွက်ဝေစု အနည်းဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ၄,၁၆၈ စီးသာ တင်သွင်းရောင်းချခဲ့ရာ လူစီးယာဉ် ၂,၃ဝ၂ စီးနှင့် လုပ်ငန်းသုံးယာဉ် ၁,၈၆၆ စီးသာ ရောင်းချခဲ့သည်။

 

အာဆီယံ နိုင်ငံများထဲတွင် ကားသစ်များ တင်သွင်းထုတ်လုပ် ရောင်းချမှုစာရင်းများအရ ၂ဝ၁၆ ခုနှစ်အတွင်း ဘရူနိုင်းက လူစီး ယာဉ် ၁၂,၈၁၄ စီးနှင့် လုပ်ငန်းသုံးယာဉ် ၄၃၄ စီး၊ အင်ဒိုနီးရှားက လူစီးယာဉ် ၈၆၁,၃၂၉ စီးနှင့် လုပ် ငန်းသုံးယာဉ် ၂ဝဝ,၄ဝ၆ စီး၊  မလေးရှားက လူစီးယာဉ် ၅၁၄, ၅၄၅ စီးနှင့် လုပ်ငန်းသုံးယာဉ် ၆၅, ၅၇၉ စီး၊ ဖိလစ်ပိုင်က လူစီးယာဉ် ၁၃၃,၁၈၈ စီးနှင့် လုပ်ငန်းသုံးယာဉ် ၂၂၆,၃၈၄ စီး၊ စင်ကာပူနိုင်ငံက လူစီးယာဉ် အစီး ၉၃,၄၉ဝ နှင့် လုပ်ငန်းသုံးယာဉ် ၁၆,၉၆၅ စီး၊ ထိုင်းနိုင်ငံက လူစီးယာဉ် ၃၂၈,ဝ၅၃ စီးနှင့် လုပ်ငန်းသုံးယာဉ် ၄၄ဝ,၇၃၅ စီး၊ ဗီယက်နမ်နိုင်ငံက လူစီးယာဉ် ၁၅၈,ဝ၉၇ စီးနှင့် လုပ်ငန်းသုံးယာဉ် ၁၁၂,၇၂၃ စီး တင်သွင်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူ

LEAVE A REPLY

Please enter your comment!
Please enter your name here