ရန်ကုန်၊ မတ်
ကားအရောင်းစင်တာနှင့်ကားအရောင်းပြခန်းများမှ Consignment စနစ်ဖြင့်တင်သွင်းထားသည့်ကားများထဲမှ အရောင်းစာရင်းပြန်ရန် အစီး ငါးထောင်ကျော် ကျန်ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။
ကားတင်သွင်းခွင့်များ လွတ်လပ်စွာ စတင်ခွင့်ပြုခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ Consignment စနစ်ဖြင့် ပြည်ပမှကားတင်သွင်းရောင်းချခွင့်ပြုရာတွင် ကားအရောင်းစင်တာများမှ ယာဉ်အိုယာဉ်ဟောင်းပါမစ်ဖြင့် အစီးရေ ၆၅,၆ဝဝ ကျော်တင်သွင်းခဲ့ပြီး ဖရီးပါမစ်ဖြင့် အစီး ၁၄၅,ဝဝ စီးတင်သွင်းထားကြောင်း သိရသည်။ ထို့ပြင် အရောင်းပြခန်းများကလည်း ကားအစီးရေ ၈,၂ဝဝ ကျော်တင်သွင်းခဲ့ကြောင်း သိရသည်။
”မတ် ၂၈ ရက်အထိကားအရောင်းပြခန်းနဲ့ကားအရောင်းစင် တာတွေက အပ်ကုန်စနစ်နဲ့တင် သွင်းထားတဲ့ ကားအစီးရေ ၈၈,ဝဝဝ ကျော်ရှိပါတယ်၊အရောင်းစာရင်းလာတင်တဲ့ ကားအစီးရေကတော့ ၈၃,ဝဝဝ ကျော် ပဲရှိပါတယ်”ဟု စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
YVQC စနစ်ဖြင့်ရန်ကုန်လိုင်စင်ခွင့်ပြုပေးရန် ဆွေးနွေးနေဆဲဖြစ်သလို အခွန်ကောက်ဥပဒေတွင်လည်း ပုဒ်မ ၂၅ ပါအချက်များကို ဖြေလျော့မပေးတော့သဖြင့် ကားအရောင်းအဝယ်များအေးစက်နေသည်။ကားအရောင်းအဝယ်များ အေးစက်နေခြင်းကြောင့် ကားအရောင်းစင်တာပြန်ခန်းများကလည်း တင်သွင်းထားသည့်ကားများကိုအရောင်းစာရင်းတင်ရန် ကြန့်ကြာနေခြင်းဖြစ်ပြီး ကားအရောင်းစင်တာများမှ ယာဉ်အိုယာဉ်ဟောင်းစနစ်ဖြင့်တင်သွင်းထားသည့် ကားအစီး ၃၆ဝဝ ကျော်နှင့်ဖရီးပါမစ်ဖြင့် တင်သွင်းထားသည့် အစီးတစ်ထောင်ကျော်အတွက် အရောင်းစာရင်းတင်ရန် ကျန်ရှိနေကြောင်း သိရသည်။ ထို့ပြင် ကားအရောင်းပြခန်းများကလည်း အရောင်းစာရင်းတင်ရန် အစီး ၂ဝဝ ကျော် ကျန်ရှိနေကြောင်း သိရသည်။
ဆန်းသစ်အောင်