ကားအမျိုးအစားလေးမျိုးကို Hyundai Gold Promotion အစီအစဉ်ဖြင့် ရောင်းချမည်

413

 

ရန်ကုန်၊ ဇွန် ၉

Hyundai Motor Myanmar မှ ကားအမျိုးအစား လေးမျိုးဖြစ်သည့် Tucson ၊ Creta ၊ Accent ၊ Grand i10 တို့ကို Hyundai Gold Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည် ဖြစ်​ကြောင်း သိရသည်။

အဆိုပါ အစီအစဥ်သည် Hyundai Motor ထုတ် ပြည်တွင်းဖြစ် SKD ကားများ ဝယ်ယူမည့် Customer များကို ကားသစ်တစ်စီးဝယ်ရုံဖြင့် အများဆုံး ကျပ်သိန်း ငါးဆယ်အထိ လက်ဆောင် ပြန်လည်ပေးအပ်မည့် ပရိုမိုးရှင်းအစီအစဉ် ဖြစ်သည်။

” အခု COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလမှာ ဝယ်ယူအားပေးလိုသူ Customer ​တွေ လုံခြုံမှုနဲ့ အဆင်ပြေလွယ်ကူမှုရှိစေဖို့အတွက် Showroom ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စရာမလိုဘဲ ဝန်ဆောင်မှုပေးနိုင်မယ့် Online Registration စနစ်နဲ့ဝယ်လို့ရအောင် စီစဉ်ထားပါတယ်၊ Hyundai Gold Promotion ကို ဇွန် ၉ ရက်(ယ​နေ့)ကစတင်ပြီး ဇူလိုင်လကုန်အထိ သတ်မှတ်ထား​ပေမဲ့ ကားအစီးရေကန့်သတ်ချက်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်”ဟု Hyundai Motor Myanmar တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

အဆိုပါ ပရိုးမိုးရှင်းအစီအစဉ်အရ ဇွန် ၉ ရက်မှ ဇူလိုင်လကုန်အတွင်း Tucson ကားအမျိုးအစားအတွက် ကျပ်သိန်း ငါးဆယ်တန်ဖိုးရှိသည့် ရွှေနှစ်ကျပ်သား၊ Samsung Galaxy S20 ဖုန်းတစ်လုံး၊ ကျပ် ၁၀ သိန်းတန် ဆီဖြည့်ကတ်တစ်ကတ်နှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ် လဲလှယ်ခွင့်ကတ် တို့ကို လက်ဆောင်ပေးမည် ဖြစ်သည်။ Creta ကားအမျိုးအစားအတွက် ကျပ် ၂၆ သိန်း တန်ဖိုးရှိသည့် ရွှေနှစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ် လဲလှယ်ခွင့်ကတ်၊Accent ကားအမျိုးအစားအတွက် ကျပ် ၂၆ သိန်း တန်ဖိုးရှိ
ရွှေနှစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ် လဲလှယ်ခွင့်ကတ်၊ Grand i10 ကားအမျိုးအစားအတွက် ကျပ် ၁၄ သိန်း တန်ဖိုးရှိ ရွှေတစ်ကျပ်သားနှင့် တစ်နှစ်စာ အင်ဂျင်ဝိုင် နှစ်ကြိမ် လဲလှယ်ခွင့်ကတ် တို့ကို ပေးအပ်သွားမည် ဖြစ်သည်။

Hyundai Tucson သည် 2.0CRDi Turbo Diesel Engine, 8 Speeds Auto+Manual Transmission အသုံးပြုထားသည့် SUV ကားအမျိုးအစားဖြစ်ပြီး Hyundai Creta သည် 1600CC Diesel Engine,6 Speeds Transmission အသုံးပြုထားသည့် SUV ကားအမျိုးအစားဖြစ်သည်။ Hyundai Accent သည် 1400CC Gasoline Engine, 6 Speeds Transmission အသုံးပြုထားသည့် Saloon ကားအမျိုးအစားဖြစ်ပြီး Hyundai Grand i10 သည် 1300CC Gasoline Engine, 6 Speeds Transmission အသုံးပြုထားသည့် Saloon ကားအမျိုးအစားဖြစ်​ကြောင်း သိရသည်။

Hyundai ထုတ် SKD ကားအမျိုးအစားတွေကို အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူမယ်ဆိုပါက UAB, AYA နဲ့ CB ဘဏ်တို့နှင့် ချိတ်ဆက်ပြီး အသက်သာဆုံး ကနဦးငွေပေးချေမှု ၂၀ ရာခိုင်နှုန်းမှစကာ အရစ်ကျလစဉ်ငွေပေးချေမှုဖြင့် ဝယ်ယူနိုင်​ကြောင်း သိရသည်။

ဆန်း​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here