ကားအတွင်းခန်း၌ ထိုင်ခုံတစ်ခုချင်းစီအလိုက် ကိုယ်ပိုင်သီးသန့်အသံစနစ်ဖြင့် နားဆင်နိုင်သည့် Separated Sound Zone နည်းပညာကို Hyundai-Kia တီထွင်မိတ်ဆက်

1242

Hyundai-Kia  သည် နားကြပ် သုံးစရာမလိုသည့် ပထမဆုံး မျိုး ဆက်သစ် Separated Sound Zone နည်းပညာကို တီထွင်ကာ မိတ်ဆက်ပြသခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် New Atlas သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ သည်။
အနာဂတ်တွင် မောင်းသူမဲ့ ကားများ ခေတ်စားလာပါက စီးနင်း သူအများစုအတွက် ဖျော်ဖြေရေး စနစ် ပိုအရေးပါလာမည်ဟု ယုံကြည် ကာ အခြားသူများကို အနှောင့် အယှက်မဖြစ်နိုင်သည့် Separated Sound Zone နည်းပညာကို Hyundai-Kia က တီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနည်းပညာတွင် ကားအတွင်း ပိုင်း၌ စပီကာ အများအပြား တပ် ဆင်ထားပြီး ထိုင်ခုံ တစ်ခုံချင်းစီ အလိုက် ကိုယ်ပိုင်သီးသန့် အသံ စနစ်ကို ထုတ်လွင့်ပေးကာ အခြား စပီကာများမှလာသည့် အသံလှိုင်း များကို အတိုးအကျယ် ထိန်းချုပ် ပေးသည့် လုပ်ဆောင်မှုပါသဖြင့် အသံများ တစ်ခုနှင့်တစ်ခု ရောနှော ဆူညံခြင်း မဖြစ်ပေါ်စေကြောင်း သိရသည်။
Separated Sound Zone နည်းပညာသည် ဆူညံသံ ဖျောက် ပေးသော နားကြပ်နည်းပညာနှင့်ဆင်တူသော်လည်း နားကြပ် (Headphones) မသုံးဘဲ ကိုယ်ပိုင်သီးသန့် အသံစနစ်ဖြင့် သီချင်းနားဆင်ခြင်း၊ Bluetooth နှင့် ချိတ်ဆက်ကာ ဖုန်းသုံးခြင်း၊ ကား၏ သတိပေး အသံများ နားထောင်ခြင်းတို့ ပြုလုပ် နိုင်မည် ဖြစ်သည်။ Separated Sound Zone နည်းပညာ၏ ဆူညံသံ ဖျောက်ပေးသော လုပ်ဆောင် ချက်မှာ စပီကာစသည့် အသံစနစ် များမှ ထွက်လာမှု အပေါ်သာ သက်ရောက်ခြင်းရှိသဖြင့် ကားအ တွင်းစီးသူများအနေဖြင့် တစ်ဦး နှင့်တစ်ဦး စကားပြောဆိုနိုင်ကြောင်း လည်း သိရသည်။ လမ်းညွန်အ ချက်ပြသံ၊ သို့မဟုတ် အခြားသတိ ပေးသံများကို ကားမောင်းသူသာ ကြားပြီး ကျန်ခရီးသည်များအနေ ဖြင့် မိမိစိတ်ကြိုက်အသံစနစ်အား အခြားသူအပေါ် အနှောင့်အယှက် မဖြစ်စေဘဲ အသုံးပြုနိုင်သည့် Separated Sound Zone နည်းပညာ ကို Hyundai-Kia က ၂ဝ၁၄ ခုနှစ် ကတည်းက စတင် တီထွင်ခဲ့ခြင်း ဖြစ်ကာ လာမည့် တစ်နှစ်၊ ၂ နှစ် အတွင်း ထုတ်လုပ်မှုကားများ၌ တပ်ဆင် အသုံးပြုနိုင်တော့မည်ဟု သိရသည်။
Ref: New Atlas

LEAVE A REPLY

Please enter your comment!
Please enter your name here