ကားအင်ဂျင်တစ်လုံးကို ပြန်လည်တည်ဆောက်ခြင်းနှင့် အိုဗာဟောလုပ်ခြင်း

113

 

ကားအင်ဂျင်တစ်လုံးကို ပြန်လည်တည်ဆောက်ခြင်းနှင့် အိုဗာဟောလုပ် ခြင်း(Engine Rebuilding and Over-hauling)တို့မှာ နီးစပ်စွာတူညီသော်လည်း အတိအကျအားဖြင့် တူညီခြင်းမရှိပေ။ အင်ဂျင် ပြန်လည်တည် ဆောက်ခြင်းခေါင်းစဉ်အောက်တွင် အင်ဂျင်(အလုံးလိုက်)ကို ကားမှအောက် သို့(ကားပြင်ပသို့)ချရမှု ပါဝင်သည်။ အင်ဂျင်ဘလောက်ကို အောက်ပါ ဖော်ပြသည့် အလုပ်ကန့်သတ်ချက်ဘောင်များအတွင်း စစ်‌ဆေးရသည်။ စစ်ဆေးရမည်များမှာ-
– ဆလင်ဒါ ပွန်းစားမှု ပိုကဲနေမှု
– ကော်နိုက်တင်းချောင်းများ၏ အခြေအနေ(ပုံမှန်ရှိ/မရှိ)
– ပစ္စတင်ဆိုက်များနှင့် ပစ္စတင်ရင်း၏နေရာ(ဝပ်ကျင်း)အခြေအနေ များ၊ အစိတ်အပိုင်း(Components) များ၏ အခြေအနေ (ကျိုး/ အက်အစ ရှိသည်များ)
– ကရိုင်းရှပ်(ဘယ်ရင်များ၊ ဂျာနယ်(အခန်း/အကန့်)များ၏ ပွန်းစား မှု အခြေအနေများ
– ကင်းရှပ်အခြေအနေများ စသည်တို့သည် အင်ဂျင်ပြန်လည်တည် ဆောက်မှု(Rebuild) ပြုလုပ်ရာတွင် ပါဝင်လုပ်ဆောင်ရသည်။
အင်ဂျင် ပြန်လည်တည်ဆောက်မှုပြုလုပ်ရာတွင် စလင်ဒါဟက် (ဟက်) ကို ယာဉ်စက်မှုအလုပ်ရုံ(Automotive Machine Shop)သို့ ပို့သင့်ပို့ကာ စစ်ဆေးမှုများ ပြုလုပ်ရာ၏။ Valve Seat များ၊ ဗားမျက်နှာပြင် သသည့် အလုပ်(Valve Refacing) များ ပြုလုပ်ရမည့်အပြင် တခြားသောပြစ်ချက် များရှိ/မရှိ စစ်ဆေးပြီးပြုပြင်ရမည်။
အကယ်၍ အင်ဂျင်သည် အပူလွန်ကဲမှု ရှိခဲ့ဖူးလျှင်လည်းကောင်း၊ ကီလိုမီတာများ လွန်ကျွံစွာ အသုံးပြုမိထားလျှင် လည်းကောင်း အင်ဂျင် ဆလင်ဒါများ ဘိုးပေါက်ချဲ့ခြင်းနှင့် ကင်းရှပ်သရန် ဖြစ်နိုင်ခြေများ ရှိနိုင်သည်။ သို့ဖြစ်ပါက ဘယ်ရင်ပါသည့် ကင်းရှပ်အမျိုးအစားများ ဖြစ်ပါက ဘယ်ရင် အသစ်(အိုဗာဆိုက်) လဲရနိုင်သည်။ ကော်နိုက်တင်းများနှင့် မိန်းဂျာနယ်များ သည်လည်း ပွန်းစားမှုစစ်ဆေးခြင်းအပြီး လိုအပ်ပါက ကရိုင်းသခြင်း ဂျာနယ် ဘယ်ရင်အသစ်များ အသုံးပြုရသည်များရှိနိုင်သည်။
အကယ်၍ အင်ဂျင်မှလိုအပ်၍ ဘိုးရိန်းပြုလုပ်ရလျှင် အသုံးပြုခဲ့သော ပစ္စတင်ကို ပရက်စ်ဖိ၍ ကော်နိုက်တင်းရော့မှဖယ်ရှားရပြီး ဆိုက်ကိုက် ပစ္စတင်အသစ်ကို ရွေးချယ်ကာ ပရက်စ်ဖိ၍ တပ်ဆင်ရသည့်အလုပ်များလည်း ပါဝင်လာနိုင်သည်။ အင်ဂျင် ပြန်လည် တည်ဆောက်ပြုပြင်နေသည့် တစ်လျှောက်လုံး အင်ဂျင်ဘလောက်တစ်ခုလုံးသည် ပကတိသန့်ရှင်း နေရမည့်နည်းတူ အင်ဂျင်၏ အစိတ်အပိုင်းများကိုလည်း အလုပ်စဉ်တစ် လျှောက်လုံး သန့်ရှင်းနေစေရန်သည် သတိထား ဂရုတစိုက်ပြုလုပ်ရမည့် ကိစ္စဖြစ်သည်။ ပစ္စည်းအားလုံးကို ပြန်လည် တည်ဆောက်ပြုပြင်/ပြန် လည် တပ်ဆင်ရာ တစ်လျှောက်လုံးတွင် သန့်ရှင်းစွာရှိစေခြင်းသည် ကိုင် တွယ်နေသောအင်ဂျင်အတွက် အပေါင်းလက္ခဏာဆောင်သော သက် တမ်းရလဒ်ကို အသေအချာရရှိနိုင်မည်။ အင်ဂျင်ဘလောက်ကို ပြန်လည် တပ်ဆင်ရန် ပြင်ဆင်ပြီးသည်တွင် အဓိကပစ္စည်းများဖြစ်သောပစ္စတင် နှင့် ရင်းကွင်းများ၊ ဆိုက်မှန်ကော်နိုက်တင်းနှင့် မိန်းဘယ်ရင်များကို ဝယ် ယူကာ အဆင်သင့်ဖြစ်နေစေသင့်သည်။ အကြံပေးလိုသည်မှာ ကင်းရှပ် အသစ်နှင့် အိုးစည်(Valve Lifters)အတွဲလိုက် အသစ်များ လဲရန်ဖြစ် သည်။

အင်ဂျင် အိုဗာဟောပြုလုပ်သည်ဆိုရာဝယ်
အင်ဂျင်အိုဗာဟောပြုလုပ်သည်နှင့် ပြန်လည်တည်ဆောက်သည့် ဝေါဟာရမှာ အလုပ်ပိုင်းကွာသကဲ့သို့ ရရှိလာမည့်အင်ဂျင်၏ အရည်အသွေး အသစ်သည် အစစ ကွာခြားသည်။ အိုဗာဟောအတွက် အင်ဂျင်မှအစိတ် အပိုင်းများစွာ ဖြုတ်ချရသည့်နည်းတူ ဟက်(Cylinder Head)နှင့် ဆီကန် (အင်ဂျင်ဝိုင်ကန် Oil Pan)တို့ကိုလည်း အင်ဂျင်မှ ဖြုတ်ချခွာချရသည်။ ထူးခြားသည်မှာ အင်ဂျင်ဘလောက်ကိုတော့ ကားပေါ်မှ ဖြုတ်မချကြပေ။ ဆိုက်များနှင့် ကိုက်ညီသည့် ပစ္စတင်ရင်းနှင့် ဘယ်ရင်အသစ်များကို လဲကောင်းလဲကြသည်မှာ အမြဲလိုလိုပင်ဖြစ်သည်။ ဆီပန့်အသစ်လည်း လဲပါက ပို၍အကျိုးများရမည်၊ အထူးသင့်လျော်သည်။ အကြံပေးလိုသည် မှာ အစိတ်အပိုင်းတိုင်းကို စစ်ဆေး၍ သံသယရှိလျှင်ပင် အသစ်လဲဖြစ် အောင် လဲလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် အထူးသဖြင့် ဆီပန့်သည် အင်ဂျင်တွင်းဆီ(အင်ဂျင်ဝိုင်) လှည့်လည်မှုအတွက် အခရာအကျဆုံးဖြစ် သည့်အပြင် ဖြုတ်/တပ်ရာတွင်လည်း အလုပ်ချိန်များ တူတူတန်တန် ပေး ကြရသောကြောင့် ဖြစ်သည်။
ဟက်ကို အင်ဂျင်ပေါ်သို့ ပြန်လည်မဖုံးအုပ်၊ မတပ်ဆင်မီ အလုပ် ကောင်းသော နာမည်ရဆိုင်ကြီးများတွင်အပ်နှံကာ ပြုပြင်ရန်လိုအပ်ပါက (ဥပမာ-ဟက်ကောက်/ လိမ်/ ခုံး/ ကော့/ အက်ကွဲ/ အနာအဆာရှိ/မရှိ) စစ်ဆေး၍ ပြုပြင်လိုက်ပါ။ အင်ဂျင်ဟက်ပိုင်း၏ လုပ်ဆောင်ရမှုအပိုင်း အရည်အသွေးကို အမြဲရှိနေစေရန် ဖြစ်သည်။ အကယ်စင်စစ်အားဖြင့် အော်တိုမိုဘိုင်း အင်ဂျင် ပြန်လည်ပြုပြင်တည်ဆောက်သူ အများစုအနေနှင့် အနုစိတ်သော၊ တစ်နည်းအားဖြင့် လက်ဝင်ပညာသားပါသော ဟက် အပိုင်း၊ ပြုပြင်တည်ဆောက်ရသော အပိုင်းကို ပြိုင်ဆိုင်ရခြင်းပင်ဖြစ်သည်။ လမ်းညွှန်မှုများကို အသားပေး သတိထားဆောင်ရွက်ပါက အင်ဂျင်တစ်လုံး ကို ပြန်လည်ပြုပြင်တည်ဆောက်သည် ဖြစ်စေ၊ အိုဗာဟော ပြုလုပ်သည် ဖြစ်စေ အတိုင်းအတာ ပမာဏတစ်ခုအထိ အင်ဂျင် အများတကာတို့ထက် စူပါကျနေမည်သာ။

LEAVE A REPLY

Please enter your comment!
Please enter your name here