ဆစ်ဒနီမြို့တွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် ၎င်းပိုင် ၂၀ဝ၇ မိုဒယ် Toyota Prius လျှပ်စစ် ကားအား ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ရာ ပထမကားပိုင်ရှင်မှာ ကျော်ကြားသူ ဖြစ်နေကြောင်း ကားမှတ်တမ်းစာအုပ်တွင် တွေ့ရှိ ခဲ့ရပြီးနောက် ကားလေလံဈေး နှုန်းကို မယုံကြည်နိုင်လောက် အောင်မြှင့်တင်ခဲ့ကြောင်း အောက် တိုဘာ ၂၉ ရက်တွင် Daily Mail သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။
Edward အမည်ရှိ အမျိုး သားပိုင်ဆိုင်သည့် Prius ကား ၏ မူလပိုင်ရှင်မှာ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Kevin Rudd ဖြစ်ပြီး ၂၀ဝ၇ ခုနှစ်တွင် ဝန်ကြီး ချုပ်တာဝန် စတင်ထမ်းဆောင် ချိန်က ပိုင်ဆိုင်ခဲ့သောကား ဖြစ် ကြောင်း သိရှိပြီးနောက် ကား လေလံတန်ဖိုးကို ဒေါ်လာတစ် သန်းအထိ ဈေးနှုန်း မြှင့်တင်ခဲ့ သည်။ Prius ကားအသစ် စက်စက်ပေါက်ဈေးပင် ဒေါ်လာ လေးသောင်းဝန်းကျင်သာ ရှိ သော်လည်း သြစတြေးလျဝန် ကြီးချုပ်ဟောင်း ပိုင်ဆိုင်ခဲ့ဖူး သည်ကို အကြောင်းပြု၍ မူလ ပေါက်ဈေးထက် ပိုမိုရရှိလိမ့်မည် ဟု Edward က ယုံကြည်ထား သည်။ ”ကားမှတ်တမ်း စာအုပ် ထဲမှာ သူ့ရဲ့အီလက်ထရွန်းနစ်ယာဉ်ဖြတ်သန်းခ ပေးဆောင်မှု (E-toll) မှတ်တမ်း တွေ့လိုက်ရ တော့ ကျွန်တော် အရမ်းအံ့သြ သွားတယ်၊ ဝန်ကြီးချုပ်ဟောင်း က ဟိုက်ဘရစ်အမျိုးအစား နှစ် သက်သူပဲ” ဟု Edward က ပြောသည်။ ကွင်းစလန်ပြည်နယ်၊ Morningside ဒေသရှိ ဝန်ကြီး ချုပ်ဟောင်း Rudd ၏ ရုံးခန်းသို့ E-toll ဖြတ်ပိုင်းနှင့်အတူ ကုန် လမ်း သယ်ယူပို့ဆောင်ရေးဌာန မှ ပေးပို့ခဲ့သည့်စာအရ အဆိုပါ Prius ကားကို Rudd ပိုင်ဆိုင် ခဲ့ဖူးကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကားမှာ ဝန်ကြီး ချုပ်ကဲ့သို့ပင် ပြစ်ချက်မကင်းဘဲ ဘက်ထရီချွတ်ယွင်းချက် ရှိနေ သည်ဟု Edward က ပြော သည်။
လက်ရှိဝန်ကြီးချုပ် Malcolm Turnbull သည်လည်း တစ်ချိန်က Prius ကားတစ်စီးကို ပိုင်ဆိုင်ခဲ့ဖူးရာ ၎င်းအတွက် အတော် ပျင်းစရာကောင်းသည့် ကားဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ Turnbull သည် အာဏာရလာ ပြီးနောက် ၂၀၁၅ ခုနှစ်တွင် Fiat 500 ကားတစ်စီးကို ဒေါ်လာ ၁၆,ဝ၀ဝ အလိုက်ပေး၍ ၎င်း၏ Prius ကားနှင့် လဲလှယ် ခဲ့သည်။
Ref: Daily Mail