ကားလေအိတ်သမိုင်းကြောင်း တစေ့တစောင်း

118

 

ယနေ့ခေတ်ပေါ်ကားတွေမှာ ယာဉ်မောင်းသူအတွက်ရော၊ အတူလိုက်ပါ လာသူတွေအတွက်ပါ အသက်အန္တရာယ် မဖြစ်ပေါ်အောင် ပြုလုပ်ပေးနေတဲ့နည်းပညာတွေက အများကြီးထွက်ပေါ်နေပါပြီ။ မောင်းနှင်ရာမှာ ယာဉ်တိုက်မှု မဖြစ်အောင် အတတ်နိုင်ဆုံးကူညီပေးနေတဲ့ နည်းပညာတွေရှိသလို ယာဉ်တိုက်မှုနဲ့ ကြုံ တွေ့ရပြီဆိုရင်လည်း ထိခိုက်ဒဏ်ရာရမှုမဖြစ်အောင် လုပ်ဆောင်ပေးတဲ့ စနစ်တွေလည်း အများကြီးပါ။ ဒီအထဲမှာ ယာဉ်မောင်းသူကိုရော၊ ကားပေါ်လိုက်ပါလာသူတွေ လုံခြုံ စိတ်ချရမှုရှိအောင် လုပ်ဆောင်ပေးတဲ့အရာကတော့ လေအိတ်တွေပါပဲ။ လေအိတ်တွေ မပေါ်ပေါက်ခင်ကဆိုရင် မလိုလားအပ်တဲ့ ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့လာချိန်မျိုး မှာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ နစ်နာတာမျိုးတွေ အများကြီးဖြစ်ပေါ်ခဲ့ ပါတယ်။

ယာဉ်တိုက်မှုတစ်ခုခုနဲ့ ကြုံတွေ့တဲ့အခါ ကားနေရာ အနှံ့ထည့်သွင်းပေးထားတဲ့ လေအိတ်တွေက ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အထောက်အကူပေးနိုင်တာ ကြောင့် ပျော်ရွင်ခဲ့ရတဲ့ မိသားစုတွေအများ ကြီးရှိလာပါပြီ။ ဒါဟာ ကား လောက အတွက် မင်္ဂလာ သတင်းကောင်း တစ်ခုလို့ ဆို ရင်လည်း မမှား ပါဘူး။ မော် တော်ကားတွေ မှာ တပ်ဆင် ထားတဲ့ လေ အိတ်ကို တီထွင် ဖန်တီးခဲ့သူက အ မေရိကန်နိုင်ငံသား အငြိမ်းစား ရေတပ်စက်မှု အင်ဂျင်နီယာပညာရှင် John W.Hetrick ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေ က ဆိုပါတယ်။ ၁၉၅၂ ခုနှစ်အတွင်း Hetrick နဲ့ ဇနီးသည်၊ အသက်ခုနစ်နှစ်အရွယ် သမီးငယ်လေး ဟာ ၁၉၄၈ မိုဒယ် Chrysler Windsor ကားကိုမောင်း နှင်ပြီး သူတို့နေထိုင်ရာ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ နယူး ပို့တ်မြို့ကနေ သုံးမိုင်အကွာမှာရှိတဲ့ ကျေးလက်ဒေသက သမင်လေးတွေကိုကြည့်ရှုဖို့ သွားရောက်ခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း ယာဉ်မတော်တဆမှုဖြစ်ပြီး ကားအတွင်း လေအိတ်တွေမပါတာကြောင့် ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ပါတယ်။ အိမ်ပြန်ရောက်ချိန်မှာတော့ Hetrick ဟာ ယာဉ်မတော်တဆမှုဖြစ်လာရင် ကားအတွင်း လိုက်ပါလာသူတွေအတွက် အထောက်အကူပေးနိုင်မယ့် လေအိတ်ဒီဇိုင်းကို ပုံကြမ်းဆွဲဖန်တီးခဲ့ပါတယ်။ သူ့ရဲ့တီထွင်ဖန်တီးမှုကို မူပိုင်ခွင့်ရနိုင်ဖို့ တစ်နှစ်ကြာကြိုးစားခဲ့ပြီး ၁၉၅၃ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှာတော့ အမေရိကန်မူပိုင်ခွင့်ဆိုင်ရာရုံးက ၂၆၄၉၃၁၁ နံပါတ်နဲ့ တရားဝင်မူပိုင်ခွင့်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ သူမူပိုင်ခွင့်တင်ပြီး သုံးလအကြာမှာတော့ ဂျာမန်အင်ဂျင်နီယာ Walter Linderer ဆိုသူက ဂျာမနီမှာ ကား လေအိတ်နဲ့ပတ်သက်ပြီး မူပိုင်ခွင့်တင်ခဲ့သလို ၁၉၆၄ ခုနှစ်မှာတော့ ဂျပန်အင်ဂျီနီယာ Yasuzaburou Kobori ဆိုသူကလည်း ကားလေအိတ်မူပိုင်ခွင့်တင်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here