ကားနောက်ဖုံးတွင် နွားတစ်ကောင် တင်ဆောင်မောင်းနှင်ခဲ့သည့် မော်တော်ကား၏ ဓာတ်ပုံနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိ

643

ယူကေတွင် လန်ဒန်မြို့တော်မှ တောင်ဝေလနယ်သို့ သွားသည့် M4 ကားလမ်းမပေါ်၌ သွားလာ နေသော ကားတစ်စီး၏ ကား နောက်ဖုံးအတွင်းတွင် နွားတစ် ကောင်ကို တင်ဆောင်သွားသော ဓာတ်ပုံနှင့် ပတ်သက်၍ ဒေသတွင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဇူလိုင် ၈ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။
အဆိုပါ M4 လမ်းမပေါ်တွင် သွားလာနေသည့် ကားမောင်းသမား များသည် ကားနောက်ဖုံးအတွင်း အညိုရောင် နွားငယ်တစ်ကောင် ထည့်သွင်း တင်ဆောင်လာသည့် ကားတစ်စီးကို ကားလေကာမှန်မှ တစ်ဆင့် အံ့သြဖွယ် မြင်တွေ့ခဲ့ကြ ရသည်။ အဆိုပါဓာတ်ပုံအရ ကား အနောက်ဘက် လေကာမှန်တွင် ကပ်နေသည့် နွားငယ်၏ နားရွက် တွင် စာရွက်အပိုင်းတစ်ခု ကပ် ထားသည်ကိုလည်း တွေ့မြင်ကြရ သည်။ တောင်ဝေလနယ် ရဲတပ်ဖွဲ့ သည်လည်း တောင်ဝေလနယ်ရှိ Briton Ferry အနီးတွင် တွေ့မြင့်ခဲ့ ရသည့် အဆိုပါနွားကို တင်ဆောင် မောင်းနှင်ခဲ့သော အပြာဖျော့ရောင် Volkswagen Passat  ကားနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါနွား တင်ဆောင်မောင်း နှင်ခဲ့သည့် ကား၏ ဓာတ်ပုံနှင့် ပတ်သက်၍ ယူကေရှိ အကြီးစား တိရစ္ဆာန် ကူညီစောင့်ရှောက်ရေး ပရဟိတ အဖွဲ့အစည်းတစ်ခု ဖြစ်သော RSPCAမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ယောက်ကလည်း ယခု ကဲ့သို့အပြုအမူသည် အရွယ်ကြီးမား သည့် လယ်ယာသုံး တိရစ္ဆာန် တစ် ကောင်ကို သယ်ယူပို့ဆောင်ရန် လုံးဝ လက်မခံနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ သည်။ ထို့ပြင် အဆိုပါကိစ္စရပ်သည် တိရစ္ဆာန် ကူညီစောင့်ရှောက်ရေးနှင့် သက်ဆိုင်သကဲ့သို့ အဆိုပါ ကား မောင်းသူနှင့် ထိုလမ်းပေါ်တွင်ရှိနေ သည့် အခြားသူများ၏ လုံခြုံရေးနှင့် လည်း ဆက်နွယ်မှုရှိပြီး အသေးစား အိမ်မွေးတိရစ္ဆာန်မျိုး မဟုတ်သည့် တိရစ္ဆာန်တစ်ကောင်ကို ထိုကဲ့သို့ မသယ်ဆောင်ကြရန် တိုက်တွန်း လှုံ့ ဆော်ရမည် ဖြစ်ကြောင်းကိုလည်း ပြော ကြားခဲ့သည်။
Ref: Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here