ကားထိုင်ခုံပုံစံဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ဗာဂျီးနီးယားပြည်နယ်ရှိ လမ်းမများပေါ်တွင် ဗန်ကားတစ်စီးအား မောင်းနှင်နေစဉျ အဆိုပါကား ကိုတွေ့ရှိခဲ့သူများက မောင်းသူမဲ့ ကားထင်ကာ အံ့သြထိတ်လန့်ခဲ့ကြကြောင်း သြဂုတ် ၈ ရက် တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
Arlington မြို့ရှိ လမ်းမကြီး များပေါ်တွင် ယာဉျမောင်းသူ မမြင်ရသည့် ငွေရောင် Ford Transit ဗန်ကားတစ်စီး သွားလာနေသည်ကို ဒေသခံများတွေ့ရှိပြီး တအံ့တသြဖြစ်ခဲ့ကြကာ အချို့ကလည်း ဗာဂျီးနီးယားပြည်နယ်တွင် လတ်တလော စမ်းသပ်နေသည့် မောင်းသူမဲ့ကားများကို စမ်းသပ်ခြင်း ဖြစ်နိုင်ကြောင်းပြော ဆိုခဲ့ကြသည်။ NBC သတင်းထောက် Adam Tuss က ဗန်ကားကို မြင်တွေ့ပြီးနောက် ကားအနီးသို့ချဉျးကပ်၍ ယာဉျမောင်းနေရာအား လေ့လာကြည့်ရာ အသားနုရောင်နှင့် အနက်ရောင် ရောစပ်ထားသည့်ကား ထိုင်ခုံပုံစံ ဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးကို တွေ့မြင်ခဲ့ရပြီး စတီယာရင်အောက်ရှိ ၄င်း၏ လက်နှစ်ဖက်ကိုလည်း တွေ့ မြင်ခဲ့ရသည်ဟု ဆိုသည်။ Adam Tuss က ၄င်းကို ဗီဒီယို မှတ်တမ်းတင်ရိုက်ကူးထားပြီး ”ကွၽန်တော် သတင်းထောက် တစ်ယောက်ပါ၊ အစ်ကိုက ဘယ်သူလဲ၊ ဘာလုပ်နေတာလဲ” ဟု မေးမြန်းခဲ့သည်။
ယင်းမောင်းသူမဲ့ကားကို မိမိတို့ စမ်းသပ်နေခြင်းဖြစ်ပြီး မောင်းသူမဲ့ကားဒီဇိုင်း ဖန်တီးရာတွင် မည်သည့်ပုံစံကအကောင်းဆုံးဖြစ်မည်ကို လေ့လာခြင်းဖြစ်ကြောင်း၊ ယာဉျမောင်းသူ ထိုင်ခုံနေရာကို ယာဉျအတွင်း မြင်သာထင်သာမရှိအောင် ပြုလုပ်ထားသော်လည်း ဘေးပတ်ဝန်းကျင်ကို ဘေးကင်းလုံခြုံစွာကြည့်ရှု တုံ့ပြန်နိုင်ကြောင်း Virginia Tech နည်းပညာတက်ကသိုလ်မှ တာဝန်ရှိသူများက ပြောသည်။
Ref: Daily Mail