ကားတစ်စီးကို ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်ခြင်း

1455

ဒက်ရှ်ဘုတ်နှင့် ထိုင်ခုံများ

မော်တော်ကားတစ်စီးတွင် ယာဉ်မောင်းသူနှင့် ခရီးသည်များ လိုက်ပါစီးနင်း နိုင်ရန် ထိုင်ခုံများကို တပ်ဆင်ပေးထားရ သည်။ မော်တော်ကားထိုင်ခုံများကို ကား အမျိုးအစားနှင့် ခွင့်ပြုခရီးသည် ဦးရေတို့ အပေါ်မူတည်ပြီး ထိုင်ခုံ၏ အရွယ်အစား မည်မျှထားရှိမည်၊ ထိုင်ခုံ၏ ပုံစံကို မည် သို့ပြုလုပ်မည်၊ ထိုင်ခုံ၏ အလေးချိန်ကို အနည်းဆုံးမည်မျှနှင့် အများဆုံးမည်မျှတို့ အကြား ထားရှိမည်၊ ထိုင်ခုံအတွင်း၌ မည် သည့်ပစ္စည်းများ ထည့်သွင်းမည်၊ ထိုင်ခုံ အခင်းနှင့် ကျောမှီတို့ကို မည်သည့်ကုန် ကြမ်းဖြင့် ပြုလုပ်မည် စသည်ဖြင့် အလေး အနက်ထားကာ စဉ်းစားကြရသည်။

မော်တော်ကားထိုင်ခုံ၏ သဘော သဘာဝသည် နေအိမ်သုံး ပရိဘောဂထိုင်ခုံ များနှင့်မတူဘဲ ရွေ့လျားနေသော ယာဉ် များပေါ်၌ တပ်ဆင်ထားရသော ပစ္စည်းများ ဖြစ်သည်နှင့်အညီ နေအိမ်သုံး၊ လုပ်ငန်းသုံး ထိုင်ခုံများထက် အဘက်ဘက်က အရည် အသွေး သာလွန်ကောင်းမွန်ရန် လိုအပ် သည်။ ထိုင်ခုံ၏ အခြေခံဖရိမ်များ ကြံ့ခိုင် တောင့်တင်းမှု အပြည့်အဝရှိခြင်း၊ ရပ်နေ ရာမှ ရုတ်တရက် ရွေ့လျားခြင်းနှင့် ရွေ့ လျားနေရာမှ ရုတ်တရက်ရပ်ခြင်း ဟူသည့် အင်နားရှားဆိုင်ရာ သက်ရောက်မှုများကို ကောင်းစွာ ခံနိုင်ရည်ရှိခြင်း၊ ယာဉ်၏ တိမ်း စောင်းမှုဒဏ်နှင့် ဆောင့်သည့်ဒဏ်များ ကြောင့် ယိုင်နဲ့မှုမရှိခြင်း၊ ဆယ်စုနှစ်နှင့်ချီ၍ အသုံးပြုသည့်တိုင် နိမ့်ဆင်းသွားမှုနှင့် ကျွံ ဝင်သွားမှုများ မဖြစ်ပေါ်နိုင်ခြင်းစသော အရည်အသွေးများသည် မော်တော်ကားသုံး ထိုင်ခုံများက နေအိမ်သုံး ထိုင်ခုံများထက် သာလွန်ကောင်းမွန်သော အချက်များပင် ဖြစ်ကြသည်။

မော်တော်ကား ထုတ်လုပ်ရာတွင် ကားအမျိုးအစားနှင့် ခွင့်ပြုခရီးသည်ဦးရေ တို့အပေါ်မူတည်ပြီး ထိုင်ခုံပုံစံကို ရွေးချယ် သတ်မှတ်ကြရသည်။ ဤနေရာတွင် ကား မိုဒယ်သစ်တစ်မျိုးအတွက် ယာဉ်မောင်း ထိုင်ခုံနှင့်အတူ ယာဉ်မောင်းနှင့် ဘေးချင်း ယှဉ်လျက်ရှိသော ခရီးသည်ထိုင်ခုံတို့ကို ပုံစံရေးဆွဲထုတ်လုပ်ရာတွင် ထိုင်ခုံတစ်ခု တည်းအတွက်ကိုသာ စဉ်းစားလုပ်ဆောင် ၍ မရသည်ကို သိရှိထားသင့်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်မော် တော်ကား အမျိုးအစား၌မဆို ယာဉ် မောင်းခန်း၏ ထိုင်ခုံပုံစံနှင့် အနေအထား သည် ဒက်ရှ်ဘုတ်၏ ပုံစံဒီဇိုင်းနှင့် သဟဇာ တဖြစ်နေရန် လိုအပ်သောကြောင့်ပင် ဖြစ် သည်။

မော်တော်ကားထုတ်လုပ်မှု သမိုင်း ကြောင်းကို ပြန်ပြောင်းသုံးသပ်ကြည့်မည် ဆိုလျှင် ထိုင်ခုံပုံစံနှင့် ဒက်ရှ်ဘုတ်ပုံစံတို့ သဟဇာတမဖြစ်မှုကြောင့် မောင်းနှင်ရာ တွင် အဆင်မပြေသော ကားပုံစံနှင့် မိုဒယ် များစွာရှိခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး၌ မော်တော်ကား အမှတ် တံဆိပ်များစွာနှင့် အမှတ်တံဆိပ်ခွဲများစွာ တို့ကို ထုတ်လုပ်ခဲ့ကြရာတွင် မြန်မာနိုင်ငံ သားတို့နှင့် အကျွမ်းတဝင်ရှိခဲ့သော ကား အမှတ်တံဆိပ် အချို့ရှိခဲ့သလို မြန်မာတို့ နှင့် စိမ်းသော အမှတ်တံဆိပ်အချို့လည်း ရှိခဲ့သည်။ အချို့သော မော်တော်ကား အမှတ်တံဆိပ်များဆိုလျှင် မြန်မာနိုင်ငံသား တို့ လုံးဝကြားဖူးနားဝမရှိသော အမှတ် တံဆိပ်များပင်ဖြစ်ကြသည်။

မြန်မာနိုင်ငံသားတို့နှင့် အကျွမ်းတဝင် ရှိခဲ့သော မော်တော်ကား အမှတ်တံဆိပ်များ ထဲ၌ပင် ထိုင်ခုံပုံစံနှင့် ဒက်ရှ်ဘုတ်ပုံစံများ သဟဇာတမဖြစ်မှုကြောင့် ခရီးဝေးမောင်း နှင်ရာ၌ဖြစ်စေ၊ မြို့တွင်း၌ နာရီများစွာကြာ အောင် မောင်းနှင်ရာ၌ဖြစ်စေ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ နောက်ကျောအောင့် ခြင်း၊ လက်ပြင်ကြောညပ်ခြင်း၊ ခါးနာခြင်း၊ ဒူးခေါင်း ရောင်ရမ်းခြင်း၊ ဇက်ကြောတက် ခြင်း စသည့် ဝေဒနာများကို ခံစားခဲ့ကြရ သည့် မော်တော်ကားအမျိုးအမည်အချို့ ရှိခဲ့သည်။

ထို့အတူပင် မြန်မာတို့နှင့် အကျွမ်း တဝင် မရှိသော မော်တော်ကားအမျိုးအမည် အချို့နှင့် မြန်မာတို့ ကြားဖူးနားဝမရှိသော မော်တော်ကား အမျိုးအမည် အချို့တို့ထဲ၌ လည်း ကားတွင်တပ်ဆင်ထားသည့် ထိုင်ခုံ ပုံစံနှင့် ဒက်ရှ်ဘုတ်ပုံစံတို့ လိုက်လျောညီ ထွေ မဖြစ်မှုကြောင့် ဝယ်ယူစီးနင်း အသုံး ပြုသူများအတွက် အဆင်မပြေဖြစ်ခဲ့သည့် သာဓကများစွာ ရှိခဲ့သည်။

နောက်ပိုင်းတွင် သမ္ဘာရင့် မော်တော် ကား ထုတ်လုပ်သူတို့သည် အဆိုပါအချက် ကို ကောင်းစွာ နားလည်သဘောပေါက် လာကြသည့်အတွက် မော်တော်ကား မို ဒယ်သစ်တစ်မျိုးကို ထပ်မံထုတ်လုပ်ရန် စီစဉ်သည့်အခါ ဒက်ရှ်ဘုတ်ဒီဇိုင်းနှင့် ထိုင် ခုံဒီဇိုင်း နှစ်ခုတို့ လိုက်လျောညီစွာဖြင့် သဟဇာတဖြစ်နေစေရန် အထူးအလေး ထားခဲ့ကြသည်။ ဤသို့အားဖြင့် ၁၉၇ဝ ပြည့်နှစ် နောက်ပိုင်းကာလအရောက်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံထုတ် မော် တော်ကားများအားလုံးသည်လည်းကောင်း၊ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ကာလအရောက် တွင် ဂျပန်နိုင်ငံထုတ် ကားများအားလုံး သည်လည်းကောင်း ထိုင်ခုံနှင့် ဒက်ရှ်ဘုတ် တို့ သဟဇာတဖြစ်ကာ ဝယ်ယူစီးနင်း အသုံးပြုသူတို့အတွက် သက်သောင့်သက် သာ ဖြစ်စေသည့် မော်တော်ကားများ ဖြစ်လာခဲ့ကြသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here