ကားတင်သွင်းမှု လျော့နည်းသွားသော်လည်း နှစ်လအတွင်း ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်သည့် ယာဉ်အစီးရေ ၁၄,ဝဝဝ ကျော်ရှိ

633

ရန်ကုန်၊ မတ်
ကားတင်သွင်းမှု လျော့နည်းသွားသော်လည်း နှစ်လအတွင်း ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်သည့် ယာဉ်အစီးရေ ၁၄,ဝဝဝ ကျော်ရှိ ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်လိုင်စင်ကား တင်သွင်းမှုနှင့် အခွန်နှုန်းထား ပြောင်းလဲမည့်အပေါ် စောင့်ကြည့်နေခြင်းကြောင့် ပြည်ပမှ ကားတင်သွင်းမှု များ လျော့နည်းသွားခဲ့သည်။ ထို သို့ ယခုနှစ်အတွင်း ပါမစ်လျှောက်ထားမှုနှင့် ကားတင်သွင်းမှုများနည်းသွားသော်လည်း ပြီးခဲ့သည့်နှစ်ပါ မစ်ဖြင့် လျှောက်ထားသော ကားအစီးရေ များသောကြောင့် ကနဦးမှတ်ပုံတင် ပြုလုပ်သည့်အစီးရေမှာ လျော့နည်းသွားခြင်း မရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်လအ တွင်း ကနဦးမှတ်ပုံတင်ပြုလုပ်သည့် အစီးရေ ၁၄,၇၇၆ စီးရှိခဲ့ရာ ဇန်နဝါရီလတွင် ၈,၂၂၉ စီးနှင့် ဖေဖော်ဝါရီလတွင် ၆,၅၄၇ စီးရှိကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းထုတ် CKD ၊ SKD ကားများကို ကနဦး မှတ်ပုံတင် ပြုလုပ်ပေးရာတွင် Suzuki Myanmar Motor မှ ထုတ်လုပ်သော လူစီးကားများ ဖြစ်သည့် Suzuki Ertiga ၂,၂၂၉ စီးနှင့် Suzuki Ciaz ၁,၃၄၈ စီးကိုလည်း မှတ်ပုံတင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here