ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန်ဒဏ်ကြေးအသစ်တွင် Recon ဒဏ်ကြေးအဖြစ် ကျပ်နှစ်သိန်း ဆက်လက်ကောက်ခံမည်

463

ရန်ကုန်၊ မတ် ၂၁

ကားတင်သွင်းမှုဆိုင်ရာ အကောက်ခွန်ဒဏ်ကြေးအသစ်တွင် Recon ဒဏ်ကြေးအဖြစ် ကျပ်နှစ်သိန်း ဆက်လက်ကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဒဏ်ကြေးပြင်ဆင်ရာတွင် လက်ရှိသတ်မှတ်ထား

သည့် ဒဏ်ကြေးနှုန်းထားများကို ပြင်ဆင်ရန်ရှိသော်လည်း Recondition ကားများကိုမူ လက်ရှိအတိုင်းကောက်ခံနေသည့် ဒဏ်ကြေး ကျပ်နှစ်သိန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။ ဒဏ်ကြေးပြင်ဆင်ချက်တွင် သတ်မှတ်ဘောင်အတွင်း မိုဒယ်နိမ့်ကားများ၊ မိုဒယ်မြင့်ကားများကိုမူ ဒဏ်ကြေးများ ဖြေလျော့မည်ဖြစ်ကြောင်း သိရသည်။

 

”Recondition အချက်နဲ့ မကိုက်ညီတဲ့ Used Car တွေကို လက်ရှိအတိုင်း ဒဏ်ကြေးဆက်လက်ကောက်ခံမှာဖြစ်ပါတယ်။ ပြစ်ဒဏ်တော်တော်များများကိုတော့ ဒဏ်ကြေးဖြေလျော့ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်နဲ့ ဒဏ်ကြေးသက်သာမှုအပေါ် အလွဲသုံးစားလုပ်တဲ့ဖြစ်ရပ်တွေကိုတော့ ပြစ်ဒဏ်အသစ်ပြဌာန်းသွားမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Type ကွဲလွဲဒဏ်ကြေးသတ်မှတ်ချက်မှာ ဆိုရင်ဖြစ်ရပ်အပေါ်မူတည်ပြီး ဒဏ်ကြေးကွဲပြားမှုရှိမှာ ဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် နှစ်အလိုက် ကောက်ခံသည့် ပြစ်မှုပြစ်ဒဏ်များ၊ ဒဏ်ကြေးသတ်မှတ်ချက်များကို ဌာနအတွင်း လေ့လာသုံးသပ်ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဒဏ်ကြေး သတ်မှတ်ချက်အသစ်ကြေငြာရာတွင် သတ်မှတ်မိုဒယ်အောက်နိမ့်၍ တင်သွင်းသောကားများနှင့် Recondition ကားအပေါ် ကောက်ခံနေသည့်ဒဏ်ကြေးနှုန်းထားများကို ပြင်ဆင်သွားမည် မဟုတ်ကြောင်း သိရသည်။

 

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here