ကားစျေးများ တည်ငြိမ်လာခြင်းနှင့်အတူ အရောင်းအဝယ်ကောင်းလာသည့် အောက်တိုဘာလစျေးကွက်

984
Page(Test)

ယခုရက်ပိုင်းအတွင်း နယ်အဝယ်အဆင်းများလာသောကြောင့် ဘယ် မောင်းကားသစ်များနှင့်အတူ ၁၃ဝဝ စီစီကားများလည်း အရောင်းအဝယ် ဖြစ်နေသည်။ စျေးကွက်အကြိုက် နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီရောင်းကားများမှာ စျေးများတန့်သွားပြီး အချို့ကားများမှာ အဝယ်အနည်းငယ်ပြန်ဆင်းသောကြောင့် အဝယ်လိုက်နေသလို ကျပ်သိန်း ခြောက်ရာအောက် ကားများလည်း အဝယ်ပြန်ကောင်းလာသည်။ ရန်ကုန် အဝယ်သာမက နယ်အဝယ်များပါ ဆင်းလာသောကြောင့် နယ်လိုင်စင် ကားများလည်း အရောင်းအဝယ်ဖြစ်နေသည်။ အောက်တိုဘာ ၁ ရက် မှစ၍ စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်နှုန်းထားများကို လျှော့ချ ကောက်ခံခြင်းကြောင့်လည်း ယခင်ကျပ်သိန်းသုံးရာတန် Brand New ကားတစ်စီးကို ဝင်ငွေခွန်ကျပ် ၄၅ သိန်းပေးဆောင်ခဲ့ရာမှ ယခုအခါ ကျပ် ကိုးသိန်းသာ ကျသင့်မည်ဖြစ်ရာ ကားသစ်စျေးကွက်လည်း ပိုအားကောင်း လာသည်။ ကားသစ်စျေးကွက်တွင် ဝင်ငွေခွန်နှင့် ကညနမှတ်ပုံတင်ကြေး သာ ပေးဆောင်ရသော ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် SKD ကားစျေးကွက်မှာ ပို၍အားကောင်းလာဖွယ်ရှိကြောင်း ကားတင်သွင်းသူ များက သုံးသပ်ထားကြသည်။

“ဒီရက်ပိုင်းမှာ နယ်အဝယ်တွေ အဆင်းများပါတယ်၊ ရန်ကုန်အဝယ် ရော နယ်အဝယ်ပါ ဆင်းတဲ့အတွက် အရင်လတွေထက် အရောင်းအဝယ် ပိုကောင်းပါတယ်၊ နံပါတ်ထွက်ပြီးသားညာမောင်းကားတွေထဲမှာ ရန်ကုန် လိုင်စင်ရော နယ်လိုင်စင်ကားပါ ရောင်းရပါတယ်၊ ညာမောင်းကားတွေက ကားကောင်းရဖို့ ခက်တဲ့အတွက် ကားသစ်စျေးကွက်က ပိုအားကောင်း လာဖို့ ရှိပါတယ်၊ ပွင့်လင်းရာသီရောက်လာလို့ လုပ်ငန်းသုံးကားတွေလည်း အဝယ်ပြန်လိုက်ပါတယ်၊ ကားသစ်စျေးကွက်မှာ အခွန်သက်သာမှုနဲ့ ရန်ကုန်လိုင်စင်ရရှိတဲ့အပေါ်မူတည်ပြီး SKD ကားတွေကို အဝယ်ပိုများ ပါတယ်၊ ဒီလရဲ့ စျေးကွက်ကို ခြုံပြီးကြည့်ရင်တော့ အရင်လထက် အရောင်းအဝယ်တွေ ပိုကောင်းလာပါတယ်”ဟု မင်းမြန်မာချစ်ခန့် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းဇော်ဖေက ဆိုသည်။

ဝင်ငွေခွန်သက်သာသွားသောကြောင့် ဃ့ြ ဖြင့် တင်သွင်းထားသော Brand New ကားများလည်း ယခင်ထက် စျေးသက်သာသွားသဖြင့် ပို၍ အရောင်းအဝယ် ဖြစ်လာသည်။ အခွန်သက်သာသွားခြင်းနှင့်အတူ အခြား သူနာမည်ဖြင့် ငွေဖြူခံပေးခြင်း၊ အောင်ဘာလေထီလက်မှတ် ဝယ်ယူ၍ ငွေဖြူပြခြင်းများလည်း လျော့နည်းသွားသဖြင့် အမည်ပေါက်ကားများ ပို များလာသည်။ ထို့ပြင် အခွန်သက်သာသွားခြင်းကြောင့် တန်ဖိုးကြီးကားများ ကို ကုမ္ပဏီအမည်ပေါက်ဖြင့် ဝယ်ယူမှုများလည်း နည်းပါးသွားမည် ဖြစ်သည်။ Brand New ကားသစ်များ စျေးကျသွားခြင်းကြောင့်လည်း နံပါတ်ထွက်ပြီးသား ညာမောင်းကားအချို့မှာ အထိုက်အလျောက် စျေး များပြန်ကျသွားသည်။ အရောင်းအဝယ်အဖြစ်များသည့် ကားများထဲမှ Mazda Demio ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၆ဝ သိန်းဝန်းကျင်၊ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈ဝ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ် ၁၇ဝ သိန်းဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(အဖြူရောင်) ကျပ် ၁၉ဝ သိန်းဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေသည်။ တက္ကစီများတွင် နယ်လိုင်စင် Toyota Probox ၊ Toyota Fielder ၊ Nissan AD Van တို့ အဝယ်အေးသောကြောင့် စျေးအနည်း ငယ် ပြန်ဆင်းသွားသည်။

“ဒီရက်ပိုင်းမှာ အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာပါတယ်၊ နံပါတ် ထွက်ပြီးသား ဂျပန်ညာမောင်းကားတွေထဲမှာ သိန်းသုံးရာအထက် ကား တွေက မန္တလေးစျေးကွက်မှာ အဝယ်ပါးတယ်၊ စျေးကွက်အကြိုက်ဖြစ်တဲ့ Fit ၊ Fit Shuttle ၊ Axio ၊ Vitz ၊ Probox ၊ Fit GK3 ၊ Insight တို့လည်း အရောင်းအဝယ်ဖြစ်ပါတယ်၊ ဒါပေမဲ့ ဂျပန်ညာမောင်း ကား ဟောင်းတွေက ကားသစ်တွေလောက်တော့ အဝယ်မများဘူး၊ စလစ်စျေး ကတော့ ဖောက်စွပ်ကားတွေကို နှစ်နှစ်ဆယ် စလစ်ထုတ်ပေးမယ်လို့ ကြေညာပြီးနောက်မှာ စျေးပြန်ကျသွားပါတယ်”ဟု Soueast Smart Road မှ မန်နေဂျင်းဒါရိုက်တာ ကိုစိုင်းက ဆိုသည်။

ညာမောင်းကား တင်သွင်းမှု ပိတ်ထားခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့် ဖရီးပါမစ်ကားဝယ်ယူအသုံးပြုခွင့် မရသေးသောကြောင့် ဂျပန်ညာမောင်း ကားစျေးမှာ သိသိသာသာ ကျဆင်းသွားဖွယ်မရှိဟု ကားလုပ်ငန်းရှင်များ ကဆိုသည်။ Brand New ကားစျေးကွက် တဖြည်းဖြည်းအားကောင်း လာခြင်းနှင့် ကားသစ်များ၏ဝယ်ရင်းစျေးကျသွားသည့် အရှိန်ကြောင့်သာ ကားဟောင်းများ၏စျေးမှာ အနည်းငယ်ပြန်ဆင်းသွားခြင်း ဖြစ်သည်။

“ဒီရက်ပိုင်းမှာ နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီ ညာမောင်းတွေလည်း အထိုက်အလျောက် အရောင်းအဝယ် ဖြစ်ပါတယ်၊ အခွန်ဥပဒေအသစ်မှာ ဝင်ငွေခွန်ဖြေလျှော့ပေးလိုက်တဲ့အတွက် ညာမောင်းကားစျေးက ကျပ်ငါး သိန်းကနေ ၁ဝ သိန်းကြား ပြန်ဆင်းသွားပါတယ်၊ တချို့ကလည်း ငွေပြန် ဖော်ဖို့ စျေးလျှော့ပြီး ရောင်းချင်ပေမဲ့လည်း ဝယ်တဲ့အချိန်တုန်းက တက် စျေးမိထားတဲ့အတွက် အများကြီးချမရောင်းနိုင်ကြပါဘူး”ဟု ကားဝယ်/ ရောင်း ကိုတင်အောင်က ပြောသည်။

စျေးကွက်အတွင်း နှစ် နှစ်ဆယ် အပ်ကားရှားပါးနေသော်လည်း ဖောက်စွပ်စလစ်များ ထွက်ပေါ်လာခြင်းကြောင့် ရန်ကုန်လိုင်စင်အမည်ပေါက် စလစ်စျေးမှာ ကျပ်သိန်း ၁၂ဝ ဝန်းကျင်အထိ ဆင်းသွားပြီး တိုက်ကြေ စလစ်မှာလည်း ကျပ် ၁ဝ၈ သိန်းဝန်းကျင်ကို ရောက်ရှိသွားကြောင်း ကား ေစျးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here