ကားစက်နှိုးမရသော ပြဿနာများကို ရှာဖွေဖော်ထုတ်ပါ

129

 

ရုတ်တရက် အင်ဂျင်စက်နှိုးမရသော အခက်အခဲမျိုးကို ကားပိုင်ရှင်တိုင်း ကြုံဖူးကြသည်။ ကားအကြောင်း အခြေခံကျကျနားလည်ထားသော ဝါရင့် အတွေ့အကြုံရှိသူများအနေဖြင့် ဖြေရှင်းနိုင်သော်လည်း လူငယ်များနှင့် ယာဉ်ပိုင်ရှင်အသစ်များအတွက် ကားစက်နှိုးမရသော ပြဿနာသည် ခေါင်းခဲအကျပ်ရိုက်ဖြစ်စေသော အခက်အခဲတစ်မျိုး ဖြစ်ပါသည်။
သင့်ကားအင်ဂျင်စက်နိုးသွားစေရန် ကြိုးပမ်းဆောင်ရွက်စဉ် မည် သည့်အရာများ ဖြစ်ပေါ်လာပါသနည်း။ ချွတ်ယွင်းမှုဖြစ်ပြီး မူမမှန်သော အခြေအနေများကို လေ့လာသုံးသပ်၍ ကားစက်နှိုးမရသော ပြဿနာ များ၏ အဖြေကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။
(၁) Ignition Switch သော့ပေါက်ထဲသို့ ကားသော့ထည့်ပြီး လှည့် ၍ ရပါသလား။
(၂) ကားသော့လှည့်လိုက်သောအခါ ကားဒက်ရှ်ဘုတ်တွင် မီးလင်း လာပါသလား။ ကားလုံခြုံရေးစနစ်အရ ကားသော့ပုံစံ (Key-shaped Light) မီးအလင်းရောင် ပေါ်လာပါသလား။ အင်ဂျင် Check မီးလင်း နေပါသလား။
(၃) ကားသော့တံကို on အဆင့်မှ Start အနေအထား Position သို့ လှည့်လိုက်သောအခါ ဖြစ်ပေါ်သော အခြေအနေများ –
– အင်ဂျင် လှည့်မရပါ။ မည်သည့် အသံမျှလည်း မကြားပါ။
– ကားသော့ လှည့်လိုက်ပါက ‘တောက်၊ တောက်’ ဟု မြည်သံ ကြားရပြီး အင်ဂျင်မလည်ပါ။ စက်နှိုးမိုတာ မရုန်းပါ။
– စက်နှိုးမိုတာ ဖြည်းဖြည်းသာလည်သည်။ စက်မနိုးပါ။
– စက်နှိုးမိုတာသည် အားမရှိသော ပုံစံမျိုးဖြင့် တစ်ပတ်ချင်း လည်ရုံသာ လည်ပါသည်။ စက်မနိုးပါ။

ပထမဆုံးစစ်ဆေးခြင်း
ကားစက်နှိုးမရပါက ပထမဆုံး စစ်ဆေးရမည့် အခြေခံများမှာ-
– ဘက်ထရီ အားရှိပါသလား။
– အော်တိုဂီယာဘောက်စ်ကားများ ဂီယာတံကို Park (P) တွင် ထားပါက စက်နှိုးမိုတာ မလည်နိုင်အောင် စီမံထားပါသည်။ Starting System တွင် ဘေးကင်းလုံခြုံမှုရှိစေရန် Neutral Safety Switch တပ်ဆင်ထားပါသည်။ ပါကင် (P) နေရာတွင် ဂီယာဝင်နေပြီး ကားစက်နိုးသွားပါက ယာဉ်တိုက်မှုဖြစ်တတ် ပါသည်။
– ဘက်ထရီကေဘယ်ကြိုး အဆက်များ၊ ဘက်ထရီခေါင်းငုတ်များ ချောင်နေသလား၊ လွတ်နေသလား။
– ဆီတိုင်ကီထဲတွင် လောင်စာဆီအလုံအလောက် ရှိပါသလား။
– အမြင့်ကားများတွင် လုံခြုံမှုစနစ်ကို အဆင့်မြှင့်ထား၍ ကား သော့ပုံ မီးလင်းနေပါက စက်နှိုးမရပါ။
– ကားသူခိုးရန်မှ လုံခြုံမှုရှိစေရန် Anti-theft System တပ်ထားသော ကားများတွင် အလွယ်တကူ စက်နှိုး၍ မရနိုင်ပါ။

ကားဘက်ထရီ စစ်ဆေးခြင်း
ချာဂျင်မဝင်နိုင်ဘဲ အားကုန်နေသော ဘက်ထရီကြောင့် စက်နှိုးမိုတာ လုံးဝမလှုပ်ရှားနိုင်တော့ပါ။ ဘက်ထရီတွင် အားလက်ကျန် ရှိ/မရှိ စစ် ဆေးပါ။ ဟွန်းတီးကြည့်ပါ။ ဝိုက်ပါဖွင့်ကြည့်ပြီး ရှေ့မီးကြီး ဖွင့်ကြည့်ပါ။ ဟွန်းသံကျယ်ပြီး ဝိုက်ပါလည်ပတ်မှုကောင်းပါက ဘက်ထရီကောင်းပါ သည်။ မီးကြီးအလင်းရောင်လည်း စူးရှပြီး လင်းထိန်နေပါက ဘက်ထရီ အားပြည့်နေသောအခြေအနေ ဖြစ်ပါသည်။
ဒိုင်နမိုချာဂျင်စနစ် အားနည်း၍ ဘက်ထရီသို့ ချာဂျင်အဝင်နည်းပါက ဘက်ထရီတွင် အားမရှိနိုင်ပါ။ နွေရာသီတွင် အပူချိန်မြင့်မားလွန်း၍ ဘက်ထရီအိုးထဲမှ လျှပ်လိုက်ရည်များ အငွေ့ပြန်ခန်းခြောက်မှု မြန်သည်။ ဘက်ထရီပလိတ်ပြား ပေါ်အောင်အထိ လျှပ်လိုက်ရည်လျော့ကျခန်း ခြောက်နေပါက ဘက်ထရီဓာတ်ပြုနိုင်သော မျက်နှာပြင်ဧရိယာ ကျဆင်း သွား၍ ဘက်ထရီအားမရှိသောပုံစံမျိုး ဖြစ်နေတတ်သည်။
ဘက်ထရီအိုးတွင် လျှပ်လိုက်ရည် Level ပြန်ပြည့်အောင် ဘက်ထရီ မိုးရေ ထပ်ဖြည့်ပေးရသည်။ ဘက်ထရီငုတ်တိုင်နှင့် ဘက်ထရီခေါင်း တပ်ဆင်ထားရှိမှု တင်းကျပ်သေချာနေရမည်။ ဘက်ထရီခေါင်း ချောင်နေ ပါက ထိဆက်မှုအားနည်းပြီး စက်နှိုးမိုတာဆွဲပါက အားမကောင်းဘဲ ဖြစ်နေတတ်သည်။ ဘက်ထရီတစ်လုံး၏ သက်တမ်းသည် ၂ နှစ်မှ လေး နှစ်အထိ အသုံးခံပါသည်။ မကြာခဏ ကားအင်ဂျင်စက်နှိုးပေးရသော ကားများ၊ အဲကွန်း အမြဲသုံးသောကားများ ဘက်ထရီသက်တမ်း တိုပါ သည်။

သော့အုံ (Ignition Switch) ထဲတွင် ကားသော့လှည့်မရခြင်း
စတီယာရင်တွင် Lock ကျနေပါက ကားသော့ လှည့်၍မရပါ။ ရှေ့ဘီးမောင်းကားများတွင် ရှေ့ဘီးတာယာနှင့် လမ်းပလက်ဖောင်း ထိတိုက်နေပါက Steering Wheel လှည့်၍ မရပါ။ ကားစတီယာရင်ကွင်း ကို ဘယ်/ညာ ကစားပေးပြီး ကားသော့ကို ကစားပေးပါက စတီယာရင် ကွင်း Lock ကျနေသည်ကို ပြန်၍ ကုစားနိုင်ပါမည်။

ကားဒက်ရှ်ဘုတ် Instrument Panel တွင် မီးအလင်းရောင်မပေါ်ခြင်း
ကားသော့တံသွင်း၍ သော့အုံကို On အနေအထားဖွင့်လိုက်ပါက ဒတ်ချ်ဘုတ်မီးများ လင်းရပါသည်။ အကယ်၍ Instrument Panel တွင် မီးအလင်းရောင်များပေါ်မလာပါက ဘက်ထရီလုံးဝအားမရှိ၍ ဖြစ်ပါလိမ့် မည်။

စက်နှိုးမိုတာ လုံးဝမလည်နိုင်ခြင်း
ကားသော့ လှည့်လိုက်သော်လည်း မိုတာလုံးဝမဆွဲပါ။ ဘက်ထရီအား ရှိ/မရှိ ဦးစွာစစ်ဆေးပါ။ ဘက်ထရီအားကောင်းပါလျက် မိုတာ လုံးဝမ လှုပ်ခြင်းမှာ မိုတာစနစ်တွင် ချွတ်ယွင်းချက်များရှိနေ၍ ဖြစ်ပါမည်။
– ကားသော့အုံ (Ignition Switch) ကောင်း/မကောင်းစစ်ဆေးပါ။ ကားသော့အုံ Switch မှ လှမ်းပို့လိုက်သော လျှပ်စစ်ပါဝါသည် မိုတာ Solenoid ကွိုင်ဝါယာသို့ ရောက်ရပါသည်။
– Solenoid ယူနစ်ကစားမှ မိုတာသို့ အားကောင်းသော လျှပ်စီး ကြောင်း အမ်ပီယာများများကို ဘက်ထရီမှ ရရှိပါမည်။
– စက်နှိုးမိုတာစနစ်တွင် ဘေးကင်းလုံခြုံမှုရှိစေရန် Natural Safety Switch ထားလေ့ရှိပါသည်။ ယင်း Switch မကောင်းပါကလည်း စက်နှိုးမိုတာစနစ်သို့ ဘက်ထရီမှစွမ်းအင်များ မရောက်နိုင်ပါ။

မိုတာမှ တောက်ခနဲမြည်သံထွက်ပြီး အင်ဂျင်ကို မလှည့်နိုင်ခြင်း
ကားသော့လှည့်၍ စက်နှိုးမိုတာကို ဆွဲနိုင်သည်။ မိုတာမှ ဆိုလိုနွိုက် ကစားသော တောက်ခနဲ မြည်သံထွက်သည်။ သို့သော်လည်း အင်ဂျင်ကို မလှည့်နိုင်ဘဲ ရပ်နေမည်။ ဤသို့ဖြစ်ပါက ဘက်ထရီအားနည်းနေ၍ဖြစ် မည်။ သို့မဟုတ် ဘက်ထရီကြိုးနှင့် ဘက်ထရီခေါင်းများ ဆက်သွယ်မှု မကောင်းဘဲ မထိတထိဖြစ်နေခြင်းကြောင့် ဖြစ်မည်။
စက်နှိုးမိုတာ လည်သော်လည်း ဆွဲအားမကောင်းဘဲ နှေးကွေးနေ သည်။ ကားအင်ဂျင်စက်လည်း မနှိုးနိုင်ဖြစ်နေပါက ကားဘက်ထရီ အား အပြည့် ရှိ/မရှိ ပထမစစ်ဆေးပါ။ ဘက်ထရီအားကောင်းပါလျက် မိုတာ ရုန်းအား မကောင်းခြင်းဖြစ်နေပါက စက်နှိုးမိုတာ (Starter Motor)မကောင်းခြင်းကြောင့် ဖြစ်နိုင်သည်။ ဒိုင်နမို၊ မိုတာဆားဗစ်ဆိုင်တွင် မိုတာကို စစ်ဆေးပါ။ ဆားဗစ်စင်လုပ်ပါ။ မကောင်းသော အစိတ်အပိုင်း များကို အစားထိုးလဲပါ။
စက်နှိုးမိုတာစနစ်လည်း ကောင်းသည်၊ ဘက်ထရီလည်း အား အပြည့်ရှိသည်။ ကားသော့လှည့်၍ စက်နှိုးကြည့်ပါက မိုတာအား ကောင်းကောင်းနှင့် လှည့်ပေးနိုင်သည်။ သို့သော် ကားအင်ဂျင်စက်နှိုးရန် အရိပ်အယောင်ပင်မမြင်ရ ဖြစ်နေတတ်သည်။ ကားအင်ဂျင်တစ်လုံး စတင် စက်နှိုးသွားနိုင်ရန် လိုအပ်ချက်များက အဘယ်နည်း။

(က) အင်ဂျင်လုံရမည်
Compression ဖိသိပ်အား မြင့်မားရမည်။ အင်ဂျင်ဆလင်ဒါ တစ်လုံးတွင် Compression စမ်းကြည့်ပါက ဖိသိပ်အား 120 psi မှ 170 psi အတွင်းရှိရမည်။ အကယ်၍ ဖိအား 70-80 psi ထက် လျော့ နည်းနေလျှင် အင်ဂျင်စက်နှိုးရန် မဖြစ်နိုင်တော့ပါ။ အင်ဂျင် Compression ကောင်းပြီး လုံနေစေရန် ပစ္စတင် Ring များ ကောင်းရမည်။ ဆလင်ဒါ Head ဂတ်စ်ကတ်လုံရမည်။ ဗားများ လုံရမည်။ အင်ဂျင် Ring ကွင်း များကျိုးပြီး တိုင်မင် Belt ကြိုးမကောင်း၍ တိုင်မင်လွဲချော်နေသော အင်ဂျင်တစ်လုံးသည် Compression ဖိသိပ်အား မကောင်းနိုင်ပါ။

(ခ) တိုင်မင်မှန်ကန်ရမည်
အင်ဂျင် Head အတွင်းမှ ဗားများအဖွင့်/အပိတ် တိုင်မင်ကို မှန်ကန် တိကျစွာ လှုပ်ရှားစေသောအရာမှာ Camshaft ဖြစ်သည်။ Camshaft ကို ချိန်းကြိုးဖြင့် လှည့်ပေးသည်။ တိုင်မင် Belt ကြိုးသက်တမ်းပြည့်ပါက အချိန်မီ အသစ်လဲပေးရသည်။

(ဂ) လောင်စာဆီနှင့် မီးပွား Spark
ဓာတ်ဆီအင်ဂျင်များသည် မီးတိုင်မင်မှန်ကန်မှသာ စက်နှိုးရန် လွယ် ကူသည်။ မီးပေးတိုင်မင်စနစ်ကောင်းရန် Ignition Coil နှင့် Spark Plug များလည်း ကောင်းရမည်။ ပလပ်ကြိုးနှင့် ဒစ်စတြီဗျူတာများ ကောင်းရ သည်။ ဒစ်စတြီဗျူတာစနစ်ကို ကျော်လွန်ခဲ့သော ယနေ့ခေတ် ကားအင် ဂျင်များတွင် မီးတိုင်မင်ကို ကွန်ပျူတာစနစ်က အမိန့်ပေးညွှန်ကြားသည်။
ထိုနည်းအတူ လောင်စာဆီပို့စနစ်တွင်လည်း ကွန်ပျူတာထိန်း ကျောင်းမှုရှိသော EFI စနစ်ဖြင့် ဆီဖြန့်ဝေပေးသည်။ လောင်စာဆီများ အရည်အသွေးမှန်ကန်ပြီး Injector များကောင်းပါက စက်နှိုးရန် အဆင် သင့်ဖြစ်သော အင်ဂျင်တစ်လုံး ဖြစ်ပါသည်။
ကားအင်ဂျင်တစ်လုံး စက်နှိုး၍မရသော အကြောင်းတရားများကို ရှာဖွေဖော်ထုတ်ရာတွင် သာမန်မျက်မြင်စစ်ဆေးရုံဖြင့် မသိနိုင်သော ပြဿနာများကို ပစ္စည်းကိရိယာ Device အထောက်အကူများဖြင့် ရှာဖွေ မှသာ မြင်နိုင်ပါသည်။ ကားစက်နှိုးရခက်သော၊ အနှိုးထိုင်းသော၊ စက်သံ မမှန်သောကားများကို ပစ္စည်းကိရိယာစုံလင်သော စက်ပြင်ကားဝပ်ရှော့ ကြီးများတွင် စစ်ဆေးပြုပြင်သင့်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here