ကလေး-ရန်ကုန် ပြေးဆွဲသည့် ယာဉ်လိုင်း ခြောက်လိုင်းအထိရှိလာသော်လည်း ခရီးသွားများ၍ ယာဉ်လိုင်းတိုင်း ကားစီးရေ တိုးချဲ့ပြေးဆွဲနေရ

1096

ကလေး၊ မေ

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ အနီးဝန်းကျင်ဒေသများမှ ရန်ကုန်မြို့သို့ သွားရောက်သူ များပြားခြင်းကြောင့် ကလေး-ရန်ကုန် ယာဉ်လိုင်း ခြောက်လိုင်းတွင် ကား လက်မှတ် ခုံအပြည့်ရောင်းချနေရပြီး ယာဉ်လိုင်းတိုင်း ကားစီးရေ တိုးချဲ့ ပြေးဆွဲပေးနေရကြောင်း  ကလေးမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီ (မစက)မှ သိရသည်။

”ချင်းပြည်နယ်ဘက်ကရော၊ အထက်ချင်းတွင်းဒေသဘက်က ရော၊ ကလေးခရိုင်အတွင်းကရော ရန်ကုန်ကို အလုပ်သွားလုပ်ကြတာ၊ နိုင်ငံခြားထွက်ကြတာတွေများတော့ သကြင်္န်ပြီးကတည်းက ကလေး-ရန်ကုန်ယာဉ်လိုင်းတွေမှာ ခရီးသည်များနေတာ အခုအချိန်ထိပဲ၊ ကလေး-ရန်ကုန် ယာဉ်လိုင်း ခြောက်လိုင်းရှိတာ ခြောက်လိုင်းစလုံး ခရီးသည် ပြည့်တာ၊ အရင်နှစ်တွေကထက်စာရင် ဒီနှစ် သကြင်္န်ပြီး ခရီးသွား တော်တော်များတယ်”ဟု အဆိုပါ ကော်မတီ (မစက) ဥက္ကြ ဦးစိုးဝင်းက ပြောသည်။

ယခင်က ကလေး-ရန်ကုန် သွားသူတိုင်း ကလေး-မန္တလေးမှ မန္တလေး-ရန်ကုန် တစ်ဆင့်စီ သွားလာရပြီး ယခုအခါ ကလေး-ရန်ကုန် တိုက်ရိုက်ခရီးစဉ် ခြောက်လိုင်း အထိ တိုးလာခြင်းကြောင့် ခရီးသွားပြည်သူများ ပိုအဆင်ပြေလာကြောင်း၊ ယင်းသို့ ကလေး-ရန်ကုန် ပြေးဆွဲသည့် ယာဉ်လိုင်းများပြားလာခြင်းကြောင့် တစ်လိုင်းနှင့် တစ်လိုင်း ခရီးသွားဦးရေ မျှမသွားသည့်အပြင် ယာဉ်လိုင်း ခြောက်လိုင်းစလုံး ယခု မေလဆန်းပိုင်းတွင် ခရီးသည် အပြည့်နီးပါး ဖြစ်လာသည့်အတွက် ယာဉ်လိုင်းတိုင်း ကားစီးရေ တိုးချဲ့ပြေးဆွဲပေးနေရကြောင်း ယင်းကော်မတီမှ ထပ်မံသိရသည်။

”ကလေး-မန္တလေး ယာဉ်လိုင်းတွေဆို ယာဉ်လိုင်းတော်တော်များသွားပြီဖြစ်တဲ့အတွက် နေ့စဉ် ခရီးသည်ပြည့်တဲ့ ယာဉ်လိုင်းက နည်းတယ်၊ ခရီးသည် မျှသွားတဲ့ သဘောပေါ့၊ အခု ကလေး-ရန်ကုန် ယာဉ်လိုင်းတချို့ဆို နောက်သုံးရက်စာလောက်အထိ ကားလက်မှတ်က ပြည့်နေပြီ၊ ဒါတောင် တစ်ရက်ကို တစ်စီးပြေးတာ မဟုတ်ဘဲ တစ်လိုင်းကို နှစ်စီး၊ သုံးစီးပြေးကြတာ၊ ဒါကို ခရီးသွား အဲဒီလောက်အထိ များနေတာ၊ အနည်းဆုံး တစ်ပတ်လောက် ကြိုတင်ဖြတ်မှ ခုံနေရာ စိတ်ချရတဲ့အနေအထား ဖြစ်နေတယ်”ဟု ယင်းကော်မတီ (မစက)ဥက္ကြ ဦးစိုးဝင်းက ထပ်မံဆိုသည်။

လက်ရှိတွင် ကလေးမြို့အခြေစိုက် ကလေး-ရန်ကုန်ပြေးဆွဲသော ယာဉ်လိုင်းများအနက် တက်လမ်း၊ High Class ၊ရွှေမန္တလာ၊ ချင်းတောင်တန်း၊ တင့်တိုင်းအောင်၊ ရွှေစင်စကြင်ာ္ စသော ယာဉ်လိုင်း ခြောက်လိုင်းရှိပြီး ရိုးရိုးကားမှာ ကျပ် ၂၅,ဝဝဝ၊ အထူးကားမှာ ကျပ် သုံးသောင်း စသော နှုန်းထားများဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

”ရန်ကုန်-ကလေးခရီးစဉ်က ခရီးသည် အဲဒီလောက်မများဘူး၊ကလေး-ရန်ကုန် ခရီးစဉ်မှာတင် ခရီးသည် တအားများတာ၊ ချင်းပြည်နယ်မှာက အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာရောကြောင့် အများစုက ရန်ကုန်သွားအလုပ်လုပ်တဲ့သူနဲ့ နိုင်ငံခြားခရီးသွားအလုပ်လုပ်ကြတဲ့သူနဲ့ တခြားအကြောင်းတွေကြောင့် ရန်ကုန်ကို သွားတဲ့သူ အခု သကြင်္န်မတိုင်ခင်နဲ့ သကြင်္န်ပြီးကာလမှာ တော်တော်များတယ်”ဟု ကလေး-ရန်ကုန်ပြေးဆွဲနေသော High Class ယာဉ်လိုင်းမှ ဂိတ်မှူး ကိုအောင်ကြီးက ဆိုသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here