ကလေး-ကလေးဝ ကားလမ်းမကြီးတစ်လျှောက် အန္တရာယ်ကွေ့နေရာများတွင် Guard Rail များ တပ်ဆင်မည်

168

 

ကလေး၊ ဇန်နဝါရီ
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ် ရေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ် သော ကလေး-ကလေးဝကားလမ်း မကြီးတစ်လျှောက်ရှိ အန္တရာယ် ကွေ့နေရာများတွင် Guard Rail များ တပ်ဆင်သွားမည်ဖြစ်ကြောင်း ကလေးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်ကပြော ကြားသည်။
“ကျွန်တော်တို့ ဒေသရဲ့ ကလေး-ကလေးဝကားလမ်းမက မြစ်ဘေးလည်းဖြစ်တယ်၊ အကွေ့ အကောက်လည်းများတယ်၊ ဒါကြောင့် Guard Rail အကာအကွယ် တွေကို အန္တရာယ်ရှိတဲ့နေရာတွေ တပ်ပေးပါဆိုပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေ ကိုတင်ပြတဲ့အခါမှာ နှစ်စဉ်ဒါတွေ ကို တပ်ပေးတော့မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကလေး-ကလေးဝကားလမ်း မကြီး တစ်လျှောက်ရှိ ငါးမိုင်ကွေ့၊ နွားစွယ်ကွေ့စသော လမ်းအကွေ့ များသည် အန္တရာယ်များပြားလှ သည့်အတွက် Guard Rail များ တပ်ဆင်ပါက ယာဉ်မောင်းသူများ နှင့်ခရီးသွားများအားလုံး စိတ်သက် သာရာရရှိနိုင်သဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ထံတင်ပြခဲ့ရာမှ ဘဏ္ဍာရေးနှစ်အလိုက် အကွေ့အကောက်များသော နေရာများတွင် ွကမေိ ျွငေူ များ တပ်ဆင်ပေးသွားတော့မည်ဟု လတ်တလော သိထားရကြောင်း ၎င်းကထပ်မံပြောကြားသည်။
“ဘယ်လိုအနေအထားမျိုးနဲ့ Guard Rail တွေ စိုက်ထူလို့ရမလဲ ဆိုတာ ကလေးမြို့ လမ်းဦးစီးဌာန ရော၊ ကလေးဝလမ်းဦးစီးဌာနရော တင်ပြတဲ့အချိန်မှာ သူတို့ကလည်း လုပ်ချင်တယ်ပေါ့၊Guard Rail က ဘာပဲပြောပြော စိတ်သက်သာရာရ တယ်ပေါ့၊ ဒီလိုအကာအကွယ်တွေရှိတော့ စိတ်ကသက်သာပြီး သတိ ထားမိမယ်၊ ယာဉ်သွားယာဉ်လာတွေအားလုံး အန္တရာယ်ကင်းမယ် ပေါ့”ဟု ၎င်းက ထပ်မံပြောဆိုသည်။
ကလေး-ကလေးဝလမ်းမ ကြီးသည် မြစ်သာမြစ်ဘေးတွင် ကပ်လျက် ဖောက်လုပ်ထားခြင်းဖြစ်သောကြောင့် မတော်တဆ ကားလမ်းဘေးသို့ထိုးကျပါက မြစ်ကမ်းပါးချောက်ထဲ ကျနိုင်သည့်အနေအထားဖြစ်ကာ အကယ်၍ မတော်တဆဖြစ်ပွားလိုက်ပါက ယာဉ်များ ပျက်စီးရုံမက လူ့အသက်အန္တရာယ် ထိခိုက်နိုင်သည့်အနေအထားဖြစ် သည်။ ထို့ကြောင့် Guard Rail များတပ်ဆင်ခြင်းနှင့်အတူ လမ်း အကွေ့များတွင် ရောင်ပြန်များတပ်ဆင်ခြင်း၊တံတားများကောင်းမွန်စွာ ပြန်လည်ပြုပြင်ခြင်းတို့လည်း လုပ်ဆောင်ပေးစေလိုကြောင်း ကလေး -ကလေးဝ နေ့စဉ်သွားလာနေသော ယာဉ်မောင်းများက တညီတညွတ်တည်း ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here