ကလေးမြို့ မီးခွက်စျေးအတွင်း ဘေးတွဲဆိုင်ကယ်များဖြင့် စျေးရောင်းခွင့်မပြု

87

 

ကလေး၊ ဇွန် ၂၃
ကလေးမြို့၏ သမိုင်းဝင်တစ်ခု ဖြစ် သည့် မီးခွက်စျေးအတွင်း ယာဉ် ကြောကျပ်တည်းမှု မဖြစ်စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဘေးတွဲဆိုင်ကယ် (ခေါ်) ဆိုက်တွဲ များဖြင့် စျေးရောင်းချခွင့် လုံးဝခွင့် မပြုကြောင်း ကလေးမြို့ မြို့မစျေး ၏ အကျိုးဆောင်အဖွဲ့မှ သိရသည်။

“ဗိုလ်ချုပ်လမ်းရဲ့ ဟိုဘက် ဒီဘက်မှာ ပျံကျစျေးသည်တွေက စျေးခင်းရောင်းရတဲ့အချိန်မှာ လမ်း က ကျဉ်းသွားတယ်ပေါ့၊ စျေးဝယ် လာတဲ့ ဆိုင်ကယ်တွေရော၊ စျေး ရောင်းစျေးဝယ်တွေနဲ့ ရှုပ်နေတဲ့ အချိန်မှာ ယာဉ်အန္တရာယ်ဖြစ်မှာ စိုးလို့ ဆိုက်တွဲတွေကို ဝင်ရောက် ခွင့်တားမြစ်ထားတာ”ဟု အဆိုပါ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

မီးခွက်စျေးသည် ကလေးမြို့ ဗိုလ်ချုပ်လမ်း လမ်းဆုံမီးပွိုင့်မှ ရုပ် ရှင်ရုံ လမ်းအကွေ့ထောင့်နားအထိရပ်ကွက်အသီးသီးနှင့် ကျေးရွာ များရှိ စိုက်ပျိုးရေးတောင်သူများနှင့် ခေါင်းရွက်ဗျပ်ထိုး စျေးသည်များက ပျံကျအဖြစ် နံနက် ၄ နာရီမှ ၆ နာရီအထိ လာရောက်ရောင်းချကြ ကြောင်း၊ ထိုသို့ရောင်းချရာ၌ စျေး ရောင်းသူများနှင့် စျေးဝယ်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအ တွက် ဆိုင်ကယ်ဘေးတွဲ (ခေါ်)ဆိုက်တွဲများဖြင့် စျေးရောင်းချခွင့် လုံးဝမပြုဘဲ ပစ္စည်း အတင်အချသာ ခွင့်ပြုပေးထားကြောင်း အဆို ပါ စျေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

“အခု Covid-19 ကာလမှာ ညမထွက်ရအမိန့်ကရှိတော့ ၄ နာ ရီမှ စျေး စရောင်းလို့ရတယ်ပေါ့၊ ဒီတော့ မနက် ၄ နာရီကနေ မနက် ၆ နာရီအထိပဲ ရောင်းကြရတယ်၊ အဲဒီလိုရောင်းတဲ့အခါ ဆိုက်တွဲ တွေကို စျေးထဲ ခဏတစ်ဖြုတ် ဝင်ခွင့်တော့ ပေးထားတယ်”ဟု ကလေးမြို့ မြို့မစျေး အကျိုးတော် ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်က ထပ်မံ ဆိုသည်။

ကလေးမြို့ မီးခွက်စျေးသည် ဗိုလ်ချုပ်လမ်းတစ်လျှောက်ရှိ အများ ပြည်သူနေအိမ်ရှေ့များတွင် ပျံကျ စျေး ဖွင့်လှစ် ရောင်းချရခြင်းဖြစ်၍ လမ်းဘေးနေအိမ်များ စိတ်ချမ်းမြေ့ စေရေးအတွက် လိုက်နာရမည့်စည်း ကမ်းချက် ၁၄ ချက် သတ်မှတ် ထားပြီး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လိုက်နာမှုမရှိပါက ဒဏ်ငွေကျပ်သုံးသောင်း၊ သို့မဟုတ် စျေးဖွင့်ခွင့် တစ်လ ပိတ်သိမ်းခြင်း ခံရမည်ဖြစ် ကြောင်း အဆိုပါစျေးအကျိုးတော် ဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here