ကလေးမြို့အခြေစိုက် ယာဉ်အသင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို နှစ်အလိုက် ဝင်ငွေနှင့် ဆုကြေးရရှိမှုအပေါ်မူတည်ပြီး ထောက်ပံ့ငွေများချီးမြှင့်

112

 

ကလေး၊ ဇူလိုင်
ကလေးမြို့အခြေစိုက် ယာဉ်အသင်း များ၏ နေ့စဉ် ယာဉ်ထွက်ခွာမှုအ ပေါ်မူတည်ပြီး ယာဉ်ကြီးကြပ်ခအများ ဆုံးပေးဆောင်သော ယာဉ်အသင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တို့အား နှစ်အလိုက်ဝင်ငွေနှင့် ဆု ကြေး ရရှိမှုအပေါ်မူတည်၍ ထောက် ပံ့ငွေချီးမြှင့်မှုကို ဇူလိုင်လတတိယ ပတ်အတွင်းက ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ် တကျပြေးဆွဲနိုင်ရေး ကော်မတီ (မစက)ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

“ယာဉ်အသင်းတွေအားလုံး သက်ဆိုင်ရာကားကွင်းတွေကနေ ထွက်တော့မယ်ဆိုရင် ယာဉ်မောင်း ဘယ်သူ၊ ယာဉ်နောက်လိုက် ဘယ် သူဆိုတာနဲ့ ခရီးသည် List တွေနဲ့ အတူ မစကမှာ ယာဉ်ကြီးကြပ်ခ ပေးဆောင်ရတာရှိပါတယ်၊ အဲဒီလို ပေးဆောင်တိုင်း သတ်မှတ်စည်း ကမ်းနဲ့ညီမှ ယာဉ်ထွက်ခွင့်လက်မှတ်ထုတ်ပေးပါတယ်၊ အဲဒီလက် မှတ်ပါမှ ယာဉ်ထွက်ခွင့်ရတယ်ပေါ့၊ အဲဒီမှာ တစ်နှစ်တာအတွင်း ယာဉ် ကြီးကြပ်ခပေးဆောင်မှု အများဆုံး ယာဉ်အသင်းတွေကို ပထမ၊ ဒုတိ ယ၊ တတိယရွေးချယ်တယ်၊ ကျန် တဲ့အသင်းတွေကိုလည်း နှစ်အလိုက် ဝင်ငွေအပေါ်မူတည်ပြီးဆု ကြေး ပြန်ထုတ်ပေးတယ်၊ ဆုပြန်ချ ပေးတယ်ပေါ့” ဟု ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ် တကျပြေးဆွဲနိုင်ရေး ကော်မတီ (မစက)ဥက္က႒ ဦးစိုးဝင်းက ပြော ကြားသည်။

ထိုသို့ ထောက်ပံ့ချီးမြှင့်ရာတွင် ကလေးမြို့မှ ဂန့်ဂေါ၊ မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ရိဒ်၊ ကလေးဝ၊ တမူးနှင့် ကလေးမြို့နယ် အတွင်းပြေးဆွဲသော ယာဉ်အသင်း ပေါင်း ၇၆ သင်းအတွက် ကျပ် ၅၆ သိန်း၊ ယာဉ်မောင်း ၃၃၆ ဦးအတွက် ကျပ် ၂,၃၅၂,ဝဝဝ၊ ယာဉ်နောက် လိုက် ၉၃ ဦးအတွက် ကျပ် ၅၅၈, ဝဝဝ နှင့် မစက ဝန်ထမ်းများအတွက် ကျပ် ၂,၂ဝဝ,ဝဝဝ တို့ကို ထောက် ပံ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များ၏ သားသမီးများထဲမှ ပြီးခဲ့ သည့် ပညာသင်နှစ် ၂ နှစ်အတွင်း ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်ခဲ့သူနှစ်ဦးကို တစ်ဦးလျှင် ကျပ် တစ်သိန်းခွဲနှုန်း ဂုဏ်ပြုဆုငွေပေး အပ်ခဲ့ပြီး Covid-19 ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ယာဉ်များကူ ညီပေးခဲ့သော ရွေတောင်တန်းအသင်း၊ ကျော်ဇေယျာအသင်းနှင့် စေတနာ လူမှုကူညီရေးအသင်းတို့ ကိုလည်း ဂုဏ်ပြုဆုငွေအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ကလေး မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီ (မစက)မှ သိရသည်။

“ဒီလိုထောက်ပံ့ငွေချီးမြှင့်ပွဲ က ပုံမှန်ကတစ်နှစ်တစ်ကြိမ် ကျင်းပတာ၊ မနှစ်ကလည်း မလုပ်လိုက် ရတဲ့အတွက် ၂ဝ၁၈-၂ဝ၁၉ ဘတ် ဂျက်နှစ်ရယ်၊ ၂ဝ၁၉-၂ဝ၂ဝ ဘတ် ဂျက်နှစ်ရယ် ၂ နှစ်စာ ပေါင်းပြီး ထောက်ပံ့ချီးမြှင့် ပေးဖြစ်တယ်၊ အဓိကကတော့ မစကရဲ့ ယာဉ်ကြီး ကြပ်ခရငွေထဲက ၁ဝ ရာခိုင်နှုန်း လောက်ကို ဆုပြန်ချီးမြှင့်ပေးဖြစ် တာ”ဟု အဆိုပါကော်မတီ ဥက္က႒ ဦးစိုးဝင်းက ထပ်မံဆိုသည်။

ကလေးမြို့အခြေစိုက် ယာဉ် လိုင်းများအနက် မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်သို့ ပြေးဆွဲသော ယာဉ်လိုင်းများအား နေ့စဉ် ယာဉ်ထွက်ခွာတိုင်း ယာဉ်ကြီးကြပ်ခအဖြစ် ယာဉ်တစ်စီးလျှင် ကျပ်နှစ်ထောင်ပေးသွင်းရပြီး ချင်းပြည်နယ်မြောက်ပိုင်းသွား ယာဉ်အသင်းများမှာ ယာဉ်တစ်စီးလျှင် ငါးရာကျပ်၊ တမူးသို့ထွက်ခွာသော ယာဉ်အသင်းများမှာ ကျပ်တစ် ထောင်၊ ကလေးဝမြို့နှင့် မြို့နယ် အတွင်းပြေးဆွဲသော ယာဉ်အသင်း များမှာ ကျပ်သုံးရာ စသည်ဖြင့် မစက ဥပဒေပါ ပြ႒ာန်းချက်များ အတိုင်း ကောက်ခံလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here