ကလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းများကို ဘီးခွန်ပေးဆောင်ခြင်းမရှိဟုဆိုကာ လုပ်ငန်းလိုင်စင်များအား သက်တမ်းမတိုးပေးသည့်အတွက် များစွာနစ်နာနေဟုဆို

148

 

ကလေး၊ သြဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းများကို ဘီးခွန်ပေးဆောင်ခြင်း မရှိဟုဆိုကာ လုပ်ငန်းလိုင်စင်များအား သက်တမ်းမတိုးပေးသည့်အ တွက် များစွာနစ်နာနေကြောင်း ကလေးမြို့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ သိရသည်။

“ကလေးမြို့နယ် စည်ပင်က အစ်မတို့ ဆိုင်ကယ်ဆိုင်တွေကို ရောင်းချပြီးသား ဆိုင်ကယ်တွေအတွက် ဘီးခွန်ဆောင်ပေးရမယ်လို့ လာအကြောင်းကြားတယ်၊ ဒါနဲ့ အစည်းအဝေးလည်း သုံးကြိမ် လောက်လုပ်ခဲ့တယ်။ အဆင်မပြေ ခဲ့ဘူးပေါ့၊ ဘယ်လိုမပြေလည်း ဆိုရင် အစ်မတို့ရဲ့ လုပ်ငန်းလိုင်စင်က သက်တမ်းကုန်လို့ သက်တမ်းသွားတိုးတဲ့အခါ ဘီးခွန်မဆောင်လို့ဆိုပြီး သက်တမ်းမတိုး ပေးဘူးပေါ့၊ သက်တမ်းမတိုးပေးတဲ့အတွက် အစ်မတို့ အရစ်ကျ ရောင်းဖို့ ဘဏ်ချေးငွေကိစ္စဆောင်ရွက်တဲ့အခါမှာ အဆင်မပြေတော့ဘူး၊ ဘဏ်မှာက လုပ်ငန်းလိုင်စင် အပ်ထားရတာကိုး၊ ဖြစ်စေချင်တာက ဘီးခွန်မဆောင်လို့ လုပ်ငန်းလိုင်စင် သက်တမ်းမတိုးပေးဘူးဆိုတာကြီးက လုံးဝမဖြစ်သင့် ဘူး၊ ဘီးခွန်ကို ဘယ်လလောက်တော့ စကောက်ချင်တယ်လို့ ပြောရင် လက်ခံသေးတယ်၊ အခုဟာက ဟိုးအရင်လတွေကတည်းက ရောင်းပြီးသား ဆိုင်ကယ်တွေအား လုံးအတွက် ပေးဆောင်ခိုင်းတော့ တကယ်ဆောင်ရရင် အများကြီးဆောင်ရမှာ၊ ပြီးတော့ ဘီးခွန်အတွက်ဆိုပြီး Customer တွေဆီ မှာလည်း မကောက်ခဲ့တော့ ရောင်းတဲ့သူတွေက စိုက်ဆောင်ရမယ့် သဘောဖြစ်နေတယ်၊ Customer တွေဆီ ပြန်လှမ်းကောက်ပါမယ်ဆိုလည်း အာလုံးက နယ်အသီးသီး နေရာအနှံ့ ရောက်ကုန်ပြီလေ၊ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု ကလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဘီးခွန်ဆိုသည်မှာ ယာဉ်များအပေါ် စည်ပင်သာယာနယ်နိမိတ်အတွင်း မောင်းနှင်သွားလာခြင်းအတွက် ကော်မတီက ယာဉ်အမျိုးအစားအလိုက် သတ်မှတ်သည့်နှုန်း ထားအရ ကောက်ခံသည့်အခွန်ကို ဆိုသည်ဟူ၍ စစ်ကိုင်းတိုင်းစည်ပင်သာယာရေး ဥပဒေပုဒ်မ (၂၉)တွင် ဖော်ပြပါရှိကြောင်း၊ ထို့ပြင် ဆိုင်ကယ်များကိုလည်း ကနဦး မှတ်ပုံတင်ပြီး စာအုပ်မထွက်ရှိမီ သုံးလခန့် ကြိုတင်၍ ဝယ်ယူသူ ပြည်သူများထံသို့ ရောင်းချပြီးဖြစ်ကာ ဘီးခွန်များ ပြန်လည်တောင်းခံ၍ မရရှိနိုင်တော့သည့်အတွက် ကလေးမြို့နယ်စည်ပင်မှ ငဲ့ညာ သင့်ကြောင်း ကလေးမြို့ခံ ဆိုင် ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင် များထံမှ သိရသည်။

ကလေးမြို့ပေါ်ရှိ ဆိုင်ကယ် အရောင်းဆိုင်များအား ဘီးခွန်ပေး ဆောင်ခြင်းမရှိဟုဆိုကာ စည်ပင်သာယာ လုပ်ငန်းလိုင်စင်အား သက်တမ်းတိုးရန် ဆိုင်းငံ့ထားမှု နှင့်ပတ်သက်၍ သက်တမ်းတိုးမြှင့် ဆောင်ရွက်ပေးရန် စစ်ကိုင်းတိုင်း ဒေသကြီးစည်ပင်သာယာညွန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးလွတ် တော်ကိုယ်စားလှယ်ထံ တင်ပြသွား ရန် စီစဉ်ထားကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here