ကလေးမြို့တွင် သကြင်္န်မတိုင်မီနှင့် သကြင်္န်ပွဲတော်ကာလအတွင်းအိတ်ဇောသံဆူညံစေသည့်ဆိုင်ကယ်များကို စီမံချက်ဖြင့်ဖမ်းဆီးမည်

704

မန္တလေး၊ဧပြီ

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ လမ်းဆုံမြို့ဟု တင်စားကြသည့် ကလေးမြို့တွင် မဟာသကြင်္န်ပွဲတော်မတိုင်မီနှင့် သကြင်္န် ပွဲတော်ကာလအတွင်း   အိတ်ဇောသံဆူညံစေသည့် ဆိုင်ကယ်များနှင့် စည်းကမ်းပျက်ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၁ဝ၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (ကလေး)မှ သိရသည်။

”သကြင်္န်တွင်းဆို အိတ်ဇောသံတစ်ဗျင်းဗျင်းနဲ့ မောင်းကြမှာစိုးလို့ အိတ်ဇောသံဆူတဲ့ဆိုင်ကယ်တွေကို အခုဧပြီလဆန်းပိုင်းကစပြီး စီမံချက်နဲ့ဖမ်းဆီးအရေးယူသွားမယ်၊ သကြင်္န်ပွဲတော်မတိုင်ခင်ဖမ်းမိတဲ့ ဆိုင်ကယ်တွေကိုတော့ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးတာနဲ့အိတ်ဇောအသစ်လဲလှယ်မှသာ ဆိုင်ကယ်ကို ပြန်ထုတ်ပေးသွားမယ်၊အဲဒီလိုပဲသကြင်္န်တွင်းလည်း ပွဲတော်ရက်မှာ ဖမ်းဆီးရေးတွေ လုပ်နေဦးမှာပဲ၊ သကြင်္န်တွင်း ဖမ်းမိတဲ့ဆိုင်ကယ်တွေကိုတော့ သကြင်္န်ပြီးမှပဲ ပြန်ထုတ်ပေးသွားမယ်” အမှတ် (၁ဝ၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး (ကလေး)မှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

သကြင်္န်ပွဲတော်ကာလမတိုင်မီ စီမံချက်အနေဖြင့် အိတ်ဇောသံဆူညံစေသည့်ဆိုင်ကယ်များကို ဧပြီလ လဆန်းပိုင်းမှစ၍ နေ့စဉ် မနက် တစ်ကြိမ်၊ညနေ တစ်ကြိမ်နှုန်း ရွေ့ လျားစနစ်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်ဆိုင်ကယ်များ၊ ယာဉ်မောင်းလိုင်စင်နှင့်ယာဉ်လိုင်စင်မပါရှိသည့်ဆိုင်ကယ်များကိုပါ မော်တော်ယာဉ်ဥပဒေဖြင့်အရေးယူသွားမည်ဖြစ်ကြောင်း၊သကြင်္န်ပွဲတော်ကာလမတိုင်မီ ထိုသို့ကြိုတင်အရေးယူမှသာ သကြင်္န်ပွဲတော်ကာလအတွင်း အများသူငှာစိတ်အနှောင့်အယှက်ဖြစ်မှု နည်းပါးစေမည်ဖြစ်ပြီး နေ့စဉ်ယာဉ်ထိန်းရဲ၊နယ်မြေခံရဲ၊ စည်ပင်၊ မစက၊ ကညန စသော ဌာနပေါင်းစုံပူးပေါင်း၍အရေးယူသွားမည်ဖြစ်ကြောင်း အမှတ်(၁ဝ၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှသိရသည်။

”စပလိုင်းချက်စစ်ရင် နယ်မြေခံရဲတပ်ဖွဲ့နဲ့ပေါင်းပြီးအရေးယူတယ်၊  စည်းကမ်းဖောက်ဖျက်တာ တွေ့ရင်ဆိုင်ကယ်ကို ခဏသိမ်းထားလိုက်တယ်၊တရားရုံးမှာ ဒဏ်ကြေးဆောင်ထားတဲ့ချလံဖြတ်ပိုင်း ပါမှ ဆိုင်ကယ်ကိုပြန်ထုတ်ပေးတယ်၊အိတ်ဇောမတပ်ဘဲ မောင်းတာနဲ့ အိတ်ဇောသံဆူစေတဲ့ ဆိုင်ကယ်တွေကိုတော့ ဒဏ်ငွေ ဘယ်လောက်ရိုက်မယ်ဆိုတာ တရားရုံးပေါ်မှာပဲ မူတည်ပါတယ်”ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ကလေး၊ ကလေးဝ၊ မင်း ကင်းမြို့နယ်တို့ပါဝင်သောကလေးခရိုင်တွင် နှစ်စဉ်နီးပါးသကြင်္န်ပွဲ တော်တိုင်း ယာဉ်တိုက်မှုများနှင့် ယာဉ်တိုက်မှုကြောင့်သေဆုံးသူများလည်း ရှိခဲ့သည့်အတွက် သကြင်္န်ပွဲတော်မတိုင်မီကတည်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ထိထိရောက်ရောက် ကြပ်မတ်ပေးစေလိုကြောင်း ကလေးမြို့ခံများက  ပြောကြားသည်။

”ကောင်းတာက ဆိုင်ကယ် နဲ့သကြင်္န်လည်မယ့်သူတွေအနေနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးမှလည်စေချင်တယ်၊ ရေပက်ကြမ်းတဲ့သူတွေရော မူးနေကြတဲ့သူတွေရောနဲ့ သကြင်္န်တွင်းက အခြားကာလတွေထက်စာရင် ယာဉ်အန္တရာယ်ပိုဖြစ်လွယ်တာကိုး၊ အကောင်းဆုံးကတော့ သကြင်္န်မတိုင်မီကတည်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို နေ့ရောညပါ ထိထိရောက်ရောက်ကြပ်မတ်ပေးစေချင်တယ်၊ ဒါမှ သကြင်္န်တွင်း ယာဉ်အန္တရာယ်ဖြစ်တာ နည်းပါးမှာ”ဟု ကလေးမြို့ခံတစ်ဦးဖြစ်သူ ဦးဇော်နိုင်က  ၎င်းအမြင်ကို ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here