ကရိန်းကားတင်သွင်းမှုများတွင် Horse Power ကွဲပါကအကောက်ခွန်ဒဏ်ကြေးကောက်ခံရန်စီစဉ်

671

ရန်ကုန်၊ မေ

ပြည်ပမှတင်သွင်းသည့် ကရိန်းကားများ၏ Horse Power ကွဲလွဲမှုအပေါ် အကောက်ခွန်ဒဏ်ကြေး ကောက်ခံရန်စီစဉ်နေကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အကောက်ခွန်ဒဏ်ကြေးအသစ်တွင် ပြစ်ဒဏ်တစ်ခုအဖြစ် Horse Power ကွဲလွဲပြီး တင်သွင်းလာသည့် ကရိန်းကားများကို ဒဏ်ကြေးတစ်ခုသတ်မှတ်၍ ကောက်ခံရန်စီစဉ်နေသည်။ ပြစ်ဒဏ်အသစ်တွင် ရည်ရွယ်ချက်ဖြင့် ကျူးလွန်လာသည့် ပြစ်မှုများနှင့် ပြစ်ဒဏ်များကိုသာ ဒဏ်ကြေးတိုးမြှင့့််မည် ဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသည့် ဒဏ်ကြေးအချို့ကိုမူ ဖြေလျော့ပေးရန် စီစဉ်နေကြောင်း သိရသည်။

”ထုတ်ပြန်ထားတဲ့ ဥပဒေဟာကွက်အပေါ်မှာ ကိုယ့်အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ကိစ္စတွေကို ပြစ်ဒဏ်အသစ်တွေ ချမှတ်ဖို့စီစဉ်နေပါတယ်၊ ကရိန်းကားတွေဆိုရင်လည်း Horse Power ကွဲလွဲတာတွေ ရှိပါတယ်။ ပါမစ်မှာပါတဲ့ Horse Power အတိုင်း မဟုတ်ဘဲ ကွဲလွဲတာတွေရှိရင် ဒဏ်ကြေးတစ်ခု သတ်မှတ်ပြီး ကောက်ခံဖို့ စီစဉ်နေပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သည့် ကားတင်သွင်းမှုဆိုင်ရာအကောက်ခွန် ဒဏ်ကြေးသတ်မှတ်ချက် ၁၈ ချက်တွင် ပါဝင်သည့် ပြစ်ဒဏ်များတွင် ကရိန်းကားများ၏ Horse Power ကွဲလွဲမှုအပေါ် ဒဏ်ကြေးမသတ်မှတ်ထားသောကြောင့် အခွန်ဘ@ာလွတ်ကင်းမှုမရှိစေရန် ပြစ်ဒဏ်အသစ်အဖြစ် ကြေညာ၍ဒဏ်ကြေးကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here