ကမ္ဘာ​ကျော် Mercedes-benz ၏ ထင်ရှားခဲ့သည့် ၂၀၁၉ မိုဒယ် All-New CLS 350 AMG

114

 

 

CLS Class သည် ကမ္ဘာကျော် Mercedes-Benz ၏ ထူးခြားသည့် 4 Doors Coupe ကားအမျိုးအစားဖြစ်ပြီး Performance , Luxury , Design , Safety , Technology စသည့် ကဏ္ဍများကို အကောင်းဆုံး ဖန်တီးထားခြင်းဖြင့် နာမည်ကျော်သည့် ကားမိုဒယ်ဖြစ်သည်။ အထူးသဖြင့် လှပပြီး ဆန်းသစ်သည့်ဖန်တီးမှုနှင့် အခြားသော ထူးခြားချက်များစွာပါရှိသည့် CLS Class သည် 4 Doors Coupe များတွင် ထင်ပေါ်ခဲ့ပါသည်။

အပြင်ပိုင်း အပြင်အဆင်

4 Doors Coupe အနေဖြင့် ပေါ်လွင်ထင်ရှားပြီး Sporty ဆန်မှုနှင့် ခံ့ထည်ခြင်းများ ပေါင်းစပ်ဖန်တီးထားသည့် All-New CLS 350 AMG ကို AMG Body Styling ဖြင့် တွေ့မြင်ရမည်ဖြစ်ကာ ပုံစံအသစ်ရှေ့မီးကြီးများသည် Multibeam LED မီးများဖြစ်သလို Adaptive Highbeam Assist Plus လုပ်ဆောင်မှုလည်း ပါဝင်ပါသည်။ ရှေ့လေကာမှန်ကြီးတွင် Windscreen Washer System လည်း ပါရှိပြီး သွယ်လျခံ့ထည်သည့် ကားဘေးဘက်ကိုယ်ထည်တွင် အပူစုပ်ယူနိုင်သည့် Dark Tinted Glass များနှင့် AMG 5-Twin Spoke Light Alloy Wheel တပ်ဆင်ထားသည့် Run Flat Tyre များကို တွေ့မြင်ရပါမည်။ တံခါးများသည် Power Closing ပုံစံများ ဖြစ်ပြီး Keyless Go စနစ်လည်း ပါရှိပါမည်။ ကားအနောက်ဘက်ရှိ နောက်ဖုံးဒီဇိုင်းသည် များစွာဆွဲဆောင်မှုရှိပြီး LED Taillight များနှင့်အတူ Hands-Free Access အမျိုးအစား နောက်ဖုံးတို့သည် CLS 350 AMG ကို များစွာထူးခြားစေပါမည်။ Boot Lid Closing ကို အဝေးထိန်းစနစ်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ပြီး Storage Space Package ပါဝင်သည့်အတွက် ပစ္စည်းများကို ကျယ်ကျယ်ဝန်းဝန်းဖြင့် လုံခြုံစွာ ထည့်သွင်းနိုင်ပါသည်။

အတွင်းခန်း အပြင်အဆင်

ကျယ်ဝန်းသပ်ရပ်ပြီး အရည်အသွေးမြင့်ပစ္စည်းများဖြင့် ခင်းကျင်းထားသည့် CLS 350 AMG ၏ အတွင်းခန်းတွင် AMG Line Interior ဖန်တီးမှုကိုလည်း တွေ့မြင်ရပါမည်။ နည်းပညာကို အမြဲအလေးထားသည့် Mercedes-Benz ၏ ထုံးစံအတိုင်း ထိုမိုဒယ်တွင် အဆင့်မြင့်နည်းပညာများစွာ ထည့်သွင်းထားပါသည်။ အဓိကပါဝင်သည့် နည်းပညာများမှာ Memory Package ၊ Thermotronic Automatic Climate Control ၊ Pore Ash Wood အခင်းအကျင်း၊ Interior Lighting Package ၊ Ambient Lighting Premium ၊ Dynamic Select ၊ Air Balance Package ၊ Energizing Comfort Control (230 V Socket in the Rear) စသည်တို့ ပါဝင်ကြသည်။ အလားတူ ဖျော်ဖြေရေးဆိုင်ရာပါဝင်မှုများအနေဖြင့် Smartphone Integration ၊ Apple CarPlay/Android Auto ၊ Touchpad with Controller(Burmester အမျိုးအစား အသံပတ်လည်အသံစနစ်)၊ Wireless Charging စနစ်နှင့် Bluetooth မှတစ်ဆင့်ချိတ်ဆက်ခြင်း၊ Interior Monitoring System ၊ Command Online စသည်တို့ စုံလင်စွာထည့်သွင်းထားပါသည်။

အင်ဂျင်နှင့် ဂီယာစနစ်

All-New CLS 350 AMG တွင် အင်ဂျင်အနေဖြင့် 2.0 L I4 Engine ၊ မြင်းကောင်ရေ ၂၉၉ ကောင်အား ဓာတ်ဆီအင်ဂျင်နှင့် 9G-Tronic/9-speed Automatic Gearbox တို့ တွဲဖက်တပ်ဆင်ထားပါသည်။ အဆိုပါ အင်ဂျင်၏ ဆီသိုလှောင်နိုင်မှုမှာ ၆၆ လီတာ ဖြစ်ပြီး Emission Control System with EU4 Technology အသုံးပြုထားပါသည်။

လုံခြုံရေးစနစ်

All-New CLS 350 AMG သည် ထိပ်တန်း လုံခြုံရေးအဆင့်ရှိသည့် ကားမိုဒယ်ဖြစ်ပြီး ကြံ့ခိုင်သည့်ကိုယ်ထည်၊ ကြာရှည်ခံအသုံးပြုနိုင် ခြင်း စသည့်အချက်များနှင့် ပြည့်စုံပါသည်။ အဓိကပါဝင်သည့် Safety Feature များမှာ Knee Bag ၊ Underbody Protection ၊ မီးသတ်ဆေးဘူး ၊ Parking Package with 360 Degree Camera ၊ Active Parking Assist ၊ Anti-theft Protection Package စသည်တို့ အဓိကပါဝင်ကြပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here