ကမ္ဘာ့ရေနေ့တွင် ရေမသုံးဘဲ ကားသန့်ရှင်းနိုင်သည့်စနစ်ကို Mercedes-Benz က အိန္ဒိယတွင် စတင်မိတ်ဆက်

692

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဇိမ်ခံကား ထုတ်လုပ်သူဖြစ်သည့် Mercedes-Benz သည် သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော ကားအသုံးအဆောင်ပစ္စည်းများကို အိန္ဒိယနိုင်ငံတွင် မိတ်ဆက်ပြသခဲ့ရာ ရေမသုံးဘဲ ကားသန့်ရှင်းစေသည့်စနစ်လည်း ပါဝင်ခဲ့ကြောင်း မတ် ၂၄ ရက်တွင် auto.ndtv သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သည့် မတ် ၂၂ ရက် တွင် ကျရောက်သော ကမ္ဘာ့ရေ အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုကာ Mercedes-Benz က ပြသခဲ့သော အိမ်သုံး Quick & Clean နည်းပညာသည် စပရေးဖျန်းပြီးနောက် ပြန်လည်သုတ်ပေးရသည့် သန့်ရှင်းရေးစနစ် ဖြစ်ကာ ကား၏ အပြင်နှင့် အတွင်းပိုင်းများသာမက မှန်၊ ရော်ဘာ၊ ပိတ်သားနှင့် ပလတ်စတစ်မျက်နှာပြင် များကိုပါ သန့်ရှင်းနိုင်ပြီး ကား ဆေးသားကို ကြာရှည်ခံစေကြောင်း သိရသည်။

ရေ လုံးဝမသုံးဘဲ ကားကို သန့်ရှင်းစေသည့် Quick & Clean နည်းပညာမှာ တစ်နှစ်လျှင် ကားတစ်စီး ရေဆေးခြင်းအတွက် ရေ လီတာ တစ်သောင်းအထိ ဆုံးရှုံးနိုင်ခြင်းကို ကာကွယ်နိုင်ပြီး သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေသလို မြေအောက်ရေ ညစ်ညမ်းစေသည့် ဓာတုပစ္စည်းများ မပါကြောင်း Mercedes-Benz India ၏ မန်နေဂျင်း ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Roland Folger က ဆို သည်။ Mercedes-Benz သည် Quick & Clean နည်းပညာအပြင် ကားကိုယ်ထည် ပြန်လည်ပြုပြင်ပေးသည့် ထုတ်ကုန်ပစ္စည်းများနှင့် ချောဆီများကိုလည်း မိတ်ဆက်ပြသသွားပြီး ထိုပစ္စည်းအားလုံးမှာ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိကာ ဆန်းသစ်တီထွင်ထားသည့် ထုတ်ကုန်များဖြစ်ကြောင်း Folger  က ပြောသည်။

Ref : auto.ndtv.com

LEAVE A REPLY

Please enter your comment!
Please enter your name here