ကမ္ဘာ့ပထမဆုံး မီးပွိုင့်သမိုင်းကြောင်း တစေ့တစောင်း

187

 

မော်တော်ကားတွေ အလွန်များပြားလာတဲ့ ယနေ့ခေတ်မှာ ယာဉ်မတော် တဆမှုတွေမဖြစ်အောင် နည်းပညာအသုံးပြုပြီး ဖြေရှင်းနေကြရ ပါတယ်။ ကားတွေမှာ ယာဉ်တိုက်မှုလျော့ပါးအောင်၊ ယာဉ်မတော်တဆမှုဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ခေတ်မီနည်းပညာတွေ ထည့်သွင်းပေးထားကြပါတယ်။ ဒါက ကားတွေဘက်က လုပ်ဆောင်ပေးထားတဲ့အရာတွေလို့ ဆိုနိုင်ပါတယ်။ ယာဉ်တိုက်မှုလို့ဆိုရာမှာ ကားသမားရဲ့အမှားကြောင့်ဖြစ်တတ်သလို လမ်းကူးသူတွေရဲ့ တဒင်္ဂအမှားလေးတစ်ချက်ကြောင့်လည်း ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။

ယာဉ်တိုက်မှု မဖြစ်ပွားအောင်၊ ယာဉ်ကြောကျပ်တည်းမှု မဖြစ်အောင် ကူညီပေးတဲ့အထဲမှာ မီးပွိုင့်တွေရဲ့အခန်းကဏ္ဍကိုလည်း ပစ်ပယ်ထားလို့ မရနိုင်ပါဘူး။ မီးပွိုင့်တွေက ကားလမ်းဖြတ်ကူးသူတွေရဲ့အသက်အန္တရာယ်ကို ကာကွယ်ပေးသလို ယာဉ်ကြောပိတ်ဆို့မှုကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချပေးပါတယ်။ မီးနီရင် ကိုယ့်ရဲ့ကား၊ ဆိုင်ကယ်ကို ရပ်ထား ရမှာဖြစ်ပြီး လမ်းဖြတ်ကူးသူတွေ လွတ်လွတ်လပ်လပ် လမ်းကူးနိုင်ပါတယ်။ ဒီလိုပဲ မီးနီပြီဆိုရင်တော့ လမ်းကူးမယ့်သူတွေကမကူးဘဲ ရပ်နေရမှာဖြစ်ပြီး ကားတွေက မောင်းနှင်နိုင်ပါပြီ။ ဒါက မျက်မှောက်ခေတ်မှာ ကလေးကအစ အလွယ်တကူသိနိုင်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေပါပဲ။

ဒါပေမဲ့လည်း မော်တော်ကားတွေ စတင်ပေါ်ပေါက်ချိန်နဲ့ မပေါ်သေးခင် အချိန်ကာလတွေမှာတော့ မီးပွိုင့်တွေမရှိသေးတာကြောင့် ကူးချင်သလိုကူးကြ၊ မောင်းချင်သလိုမောင်းကြနဲ့ ဝရုန်းသုန်းကားအနေအထားပါ။ ဒီနေ့ခေတ် မီးပွိုင့်တွေရဲ့ဖခင်လို့ဆိုနိုင်တာက ၁၈၆၈ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်မှာ လန်ဒန်မြို့ရဲ့ ပါလီမန်အဆောက်အအုံနားမှာ စိုက်ထူခဲ့တဲ့ မီးပွိုင့်ပဲ ဖြစ်ပါတယ်။Bridge Street ၊ Great George Street ၊ Parliament Street လမ်းတွေဆုံစည်းရာ အဆိုပါနေရာဟာ အဲဒီအချိန်တုန်းက လမ်း လျှောက်သူတွေ၊ တိရစ္ဆာန်အသုံးပြုယာဉ်တွေ၊ စက်ဘီးစီးသူတွေနဲ့ အရမ်း ရှုပ်ထွေးတဲ့ လမ်းဆုံလမ်းခွတစ်ခုဖြစ်ပြီး ရထားလမ်းအင်ဂျင်နီယာ John Peake Knight က စည်းကမ်းတကျ ဖြစ်စေရေးအတွက် မီးပွိုင့်တစ်ခု တပ်ဆင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီ့နောက် သူဟာ မီးရထားအချက်ပြ လမ်းညွှန် အင်ဂျင်နီယာ John Saxby ၊ John Farmer တို့နဲ့ပူး ပေါင်းပြီး မီးပွိုင့်တစ်ခုတည်ဆောက်ခဲ့ပါတယ်။

၂၂ ပေမြင့်တဲ့ ဒီမီးပွိုင့်မှာ ယာဉ်ထိန်းရဲတစ်ဦးက အမြဲတမ်းစောင့် ကြည့်ရင်း မောင်းတံကိုနှိပ်ပြီး ရပ်၊ မောင်းစနစ်ကို ပြုလုပ်ပေးရပါတယ်။ လေဒဟတ်သုံးခုပါဝင်တဲ့ အဆိုပါမီးပွိုင့် အလုပ်လုပ်ဖို့အတွက် မြေကြီး အောက်မှာ ဂတ်စ်ပိုက်လိုင်းနဲ့ ဆက်သွယ်ထားတာဖြစ်ပြီး အောင်မြင် မှုရခဲ့ပေမဲ့ နောက်ပိုင်းမှာ ဂတ်စ်ပိုက်ယိုစိမ့်ပေါက်ကွဲမှုဖြစ်ပြီး တာဝန်ရှိ ရဲတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ၁၉၀ဝ ပြည့်နှစ်နှောင်းပိုင်းမှာတော့ ယနေ့ ခေတ် မော်ဒန်မီးပွိုင့်တွေပုံစံမျိုးကို အမေရိကန်ပြည်ထောင်စုက တီထွင်ခဲ့ တယ်လို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here