ကမ္ဘာ့ပထမဆုံး ကားပြပွဲသမိုင်းကြောင်း တစေ့တစောင်း

176

 

မျက်မှောက်ကမ္ဘာမှာ လူသားတွေအသုံးအများဆုံး စက်တပ်ယာဉ်ကတော့ မော်တော်ကားတွေဆိုတာ သံသယရှိစရာ မလိုလောက်ပါဘူး။ လေယာဉ်၊ သင်္ဘော၊ မီးရထားတို့ရှိနေပေမဲ့လည်း နေရာယူလွန်းတာကြောင့် အရွယ်အစားသိပ်မကြီးသလို မိသားစုအတွက် အဆင်ပြေစေတဲ့ မော်တော်ကားတွေက အစီးရေအများဆုံး စီးတော်ယာဉ်တွေဖြစ်နေရတာပါ။ ကားကုမ္ပဏီတွေအနေနဲ့လည်း ကိုယ့်အမှတ်တံဆိပ်အပေါ် ဖောက်သည်တွေရဲ့ ဝယ်ယူမှု၊ ယုံကြည်ကိုးစားမှုတွေအလိုက် တစ်နှစ်ကို ကားအစီးရေ သန်းဆယ်ဂဏန်းကနေ သိန်းဂဏန်းအထိ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကားရောင်းတဲ့နေရာမှာ Showroom တွေကနေရောင်းချတာ၊ အစုအဖွဲ့၊ တစ်ယောက်ချင်းအလိုက် ရောင်းချတာတွေရှိပေမဲ့လည်း ကားအမှတ်တံဆိပ်အများအပြားကို တစုတစည်းတည်း စုစည်းရောင်းချတာကတော့ ကားပြပွဲတွေပဲဖြစ်ပါတယ်။

ကားပြပွဲတွေဟာ ကားကုမ္ပဏီတွေက ထုတ်လုပ်တဲ့ကားတွေကို ရောင်းချရုံသက်သက်မဟုတ်ဘဲ အနာဂတ်မှာပေါ်ပေါက်လာမယ့် ကားတွေ ကို မိတ်ဆက်ပြသတဲ့နေရာလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ ပရိသတ် စိတ်ဝင်စားမယ့် ကားမိုဒယ်တွေကို ပြသနိုင်တဲ့ကုမ္ပဏီအနေနဲ့ တရားဝင် မထုတ်လုပ်သေးခင် မိတ်ဆက်ပြသမှုမှာတင် ပြပွဲလာပရိသတ်တွေရဲ့စိတ် ဝင်စားမှုရနိုင်သလို စျေးကွက်ထဲ စတင်ရောင်းချပြီဆိုရင်လည်း ဝယ် လိုအားက ထင်မှတ်ထားတာထက် အဆမတန်များပြားတာမျိုးတွေလည်း ရှိပါတယ်။ ဆိုရရင်တော့ ကားပြပွဲဆိုတာ ကုမ္ပဏီတွေအတွက်ရော၊ ဝယ်ယူသူတွေ၊ စိတ်ပါဝင်စားသူတွေအတွက်ပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ကောင်းသောတွေ့ဆုံမှုလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ကားပြပွဲတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် နှစ်စဉ်ကျင်းပလျက်ရှိပြီး နာမည်ကြီးကားပြပွဲတွေဆိုရင် တက်ရောက်ကြည့်ရှုသူအရေအတွက်က သန်းနဲ့ချီရှိပါတယ်။

ကမ္ဘာ့ပထမဆုံး ကားပြပွဲကို လက်ခံကျင်းပပေးတဲ့နိုင်ငံက ပြင်သစ် နိုင်ငံဖြစ်ပြီး ၁၈၉၈ ခုနှစ်က ပါရီမြို့မှာ စတင်ကျင်းပခဲ့တာပါ။ ပါရီမှာ ကျင်းပတာကြောင့် Paris Motor Show လို့ခေါ်ဆိုပြီး ကျင်းပဖို့ အကြံ ရခဲ့သူက ပြင်သစ်ကားလုပ်ငန်းရဲ့ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်တဲ့ Jules-Albert de Dion ပဲဖြစ်ပါတယ်။ ပါရီကားပြပွဲဟာ စတင်ကျင်းပချိန် ကတည်းက အားလုံးရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီး ကားကုမ္ပဏီတွေကလည်း ၎င်းတို့ရဲ့ကားတွေကို တခုတ်တရ လာရောက်ပြသရောင်းချခဲ့ကြပါတယ်။ မူလက ပြပွဲကိုနှစ်စဉ်ပြုလုပ်ခဲ့ပေမဲ့လည်း ကမ္ဘာစစ်တွေကြောင့် မကျင်းပ ဖြစ်တဲ့နှစ်တွေရှိသလို နောက်ပိုင်းမှာတော့ ၂ နှစ်တစ်ကြိမ် ကျင်းပ လျက်ရှိပါတယ်။ သမိုင်းတစ်လှေျာက် ပြပွဲလာပရိသတ်အများဆုံး လာ ရောက်ကြည့်ရှုတဲ့နှစ်က ၂ဝ၁၆ ခုနှစ်မှာပြုလုပ်တဲ့ပြပွဲဖြစ်ပြီး ပရိသတ်ဦးရေ ၁ ဒသမ ၃ သန်းနီးပါးအထိ တက်ရောက်ခဲ့ပါတယ်။ ဒါဟာ တိုကျိုကားပြ ပွဲ၊ ဖရန့်ဖတ်ကားပြပွဲတို့ထက် ပရိသတ်ဦးရေ ပိုမိုများပြားတာဖြစ်ပြီး နိုင်ငံ စုံက ကားအမှတ်တံဆိပ်တွေ လာရောက်ပြသရုံမက အနာဂတ်လျှပ်စစ် ကားအမျိုးအစားတွေ၊ အမိုက်စားကားတွေကို ပြသခဲ့သလို ကမ္ဘာ့နိုင်ငံ ၁ဝ၃ နိုင်ငံက ဂျာနယ်လစ်တစ်သောင်းကျော်အထိ တက်ရောက်သတင်း ရယူခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here