ကမ္ဘာ့တန်ဖိုးအရှိဆုံး ကားအမှတ်တံဆိပ်အဖြစ် Toyota ဆက်လက်ရပ်တည်

393

 

ဂျပန်နိုင်ငံ၏ အကြီးမားဆုံးကားကုမ္ပဏီဖြစ်သည့် Toyota သည် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအမှတ်တံဆိပ်စာရင်းတွင် အ ဆင့် ၄၈ နေရာမှရပ်တည်ကာ ကားကုမ္ပဏီများအနက် တန်ဖိုးအရှိဆုံးကုမ္ပဏီအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း rankingthebrands ဝက်ဘ်ဆိုက်က ဇူလိုင် ၄ ရက်တွင် ဖော်ပြသည်။

အဆိုပါစာရင်းကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ရုံးခန်းများဖွင့်လှစ်ထားသော ဈေးကွက်သုတေသနနှင့် အချက်အလက်ရှာဖွေရေးကုမ္ပဏီ Kantar က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Kantar သည် ကမ္ဘာတစ်ဝန်းမှ ထိပ်တန်းကုမ္ပဏီများ၏ အချက်အလက်များကိုကောက်ယူကာ Brandz Top 100 Most Valuable Global Brands 2020 တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ် ၁၀၀ စာရင်းကို နှစ်စဉ် ထုတ်ပြန်လျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်၏ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ၁၀၀ စာရင်းတွင် နည်းပညာ၊ အွန်လိုင်းဈေးဝယ်၊ ငွေပေးချေမှုလုပ်ငန်းစသည့် လုပ်ငန်းများလုပ်ကိုင်သော ကုမ္ပဏီများက ထိပ်ဆုံး ၁၀ ခုစာရင်းတွင် ပါဝင်ခဲ့သည်။ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်က အမေရိကန်အခြေစိုက် Amazon ဖြစ်ပြီး အမှတ်တံဆိပ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၁၅ ဒသမ ၉ ဘီလျံဖြစ်သည်။ ဒုတိယနေရာတွင် အမေရိကန်စမတ်ဖုန်းနှင့် နည်းပညာကုမ္ပဏီ Apple ဖြစ်ကာ အမှတ်တံ ဆိပ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၅၂ ဒသမ ၂ ဘီလျံဖြစ်သည်။ ၎င်းတို့၏နောက်တွင် Microsoft (တန်ဖိုး-အမေရိကန် ဒေါ်လာ ၃၂၆ ဒသမ ၅၄ ဘီလျံ)၊ Google(တန်ဖိုး-အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၆ ဘီလျံ)၊ Visa(တန်ဖိုး-အမေရိကန် ဒေါ်လာ ၁၈၆ ဒသမ ၈ ဘီလျံ)တို့က အသီးသီးရပ်တည်နေသည်။

ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ၁၀၀ စာရင်းတွင် ကားကုမ္ပဏီများအနက် Toyota နှင့် အခြား ဂျာမန်ကုမ္ပဏီ နှစ်ခုဖြစ် သည့် Mercedes-Benz ၊ BMW အပါအဝင် စုစုပေါင်း သုံးခုသာ ပါဝင်ခဲ့သည်။ Toyota ၏တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၃၈ ဘီလျံဖြင့် အဆင့် ၄၈ နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အဆင့်သတ်မှတ်ချက် ၄၁ ထက် ခုနစ်ဆင့် လျော့ကျခဲ့သည်။ Mercedes-Benz က အဆင့် ၅၆ နေရာတွင်ရှိနေပြီး တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလျံဖြစ်သည်။ BMW က အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅ ဘီလျံဖြင့် အဆင့် ၆၁ နေရာတွင် ရပ် တည်နေသည်။ ၂၀၁၉ ခုနှစ် အဆင့်သတ်မှတ်ချက်အရ Mercedes-Benz က အဆင့် ၅၄၊ BMW က အဆင့် ၅၅ နေရာ များတွင် အသီးသီး ရပ်တည်နိုင်ခဲ့သည်။
Ref: rankingthebrands

LEAVE A REPLY

Please enter your comment!
Please enter your name here