ကမ္ဘာစစ်အတွင်းမှ တင့်ကားများအကြောင်း (အပိုင်း-၃)

369

Little Willie ရဲ့ မူလတရားဝင်အမည်က The Lincoln No.1 Machine ဖြစ်ပြီး Bullock Track တွေနဲ့ အရင် စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။ Bullock Track ဆိုတာ လယ်ထွန်စက်တွေမှာသုံးတဲ့ သံမဏိဘီးပတ် ချိန်းကြိုးဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ရှီကာဂိုမြို့မှာရှိတဲ့ Bullock ကုမ္ပဏီက ထုတ်လုပ်ထား တာပါ။ အဲဒီအချိန်တုန်းက ဗြိတိန်မှာ အရည်အသွေးကောင်းတဲ့ သံမဏိ ဘီးပတ်ချိန်းကြိုးတွေကို ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒါကြောင့် ဘီးပတ်ချိန်းကြိုးနဲ့ ဘီးတွေပါဝင်တဲ့ Track Unit အစုံလိုက်ကို အမေရိက ကို လှမ်းမှာရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အဲဒီအချိန်တုန်းက လယ်ယာစိုက်ပျိုးရေးတွေ ထွန်းကားတိုးတက်တာကြောင့် လယ်ထွန်စက်နဲ့ ဘီးပတ်ချိန်းကြိုးစနစ်တွေလည်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါပေမဲ့ Bullock Track တွေက လယ်ထွန်စက် Track ဖြစ်လို့ အလျားတိုပြီး ကတုတ်ကျင်းတွေကို ဖြတ်ကျော်သွားလာနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် William Tritton ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ Tritton Track တွေနဲ့ အစားထိုးခဲ့ပါတယ်။ Tritton Track တွေနဲ့ အစား ထိုးပြီး နောက်ပိုင်းမှာတော့ Little Willie ဆိုပြီး အမည်တွင်ခဲ့ပါတယ်။ အဲဒါကြောင့် Little Willie ရဲ့အဓိကစမ်းသပ်မှုမှာ ဘီးပတ် ချိန်းကြိုးစနစ် ကိုပဲ အမျိုးမျိုးစမ်းသပ်ခဲ့တာလို့ သုံးသပ်နိုင်ပါတယ်။
The Lincoln No.1 Machine (Little Willie) ရဲ့ ပရောဂျက်ကို Tank ဆိုပြီး လျှို့ဝှက်ကုတ်အဖြစ် ပေးခဲ့ကြပါတယ်။ စစ်သုံး ယန္တရားတစ် မျိုး ထုတ်လုပ်နေတယ်ဆိုတာ မသိရအောင် ရန်သူ့စပိုင်တွေကို လှည့်စား တဲ့အနေနဲ့ Tank ဆိုပြီး ပရောဂျက်အမည်ပေးခဲ့ကြတာပါ။ လယ်ထွန်စက် ကုမ္ပဏီဖြစ်တဲ့ William Foster & Co က အလုပ်သမားတွေကို မေးမြန်း တဲ့အခါမှာလည်း ရွေ့ပြောင်းလို့ရတဲ့ရေစည်ကြီးတွေ(Mobile Water Tanks)တည်ဆောက်နေတယ်လို့ပဲ ဖြေကြပါတယ်။ အဲဒီအချိန်ကစပြီး စစ်သုံး သံချပ်ကာယန္တရားယာဉ်ကို ွညေု ဆိုပြီး သုံးနှုန်းခဲ့တာ ယခုအထိ တိုင်ပဲ ဖြစ်ပါတယ်။ Little Willie ပြီးတော့ Big Willie ကို ဆက်ပြီး တီထွင်စမ်းသပ်ခဲ့ကြပါတယ်။

Big Willie မှာ တိုက်ပွဲဝင် Heavy Tank အမျိုးအစားဖြစ်တာ ကြောင့် The Mother ဆိုတဲ့အမည်လည်း ပေးခဲ့ကြပါတယ်။ Big Willie ရဲ့ Official အမည်ကတော့ ‘His Majesty’s Land Ship Centipede’ပဲ ဖြစ်ပါတယ်။ ‘ဘုရင်မင်းမြတ်ရဲ့ ကုန်းပေါ်သွား ကင်းခြေများကြီး’လို့
အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ Big Willie ရဲ့ အောင်မြင်တဲ့ စမ်းသပ်တည် ဆောက်မှုကနေ Mark I တင့်ကားကြီးကို တီထွင်နိုင်ခဲ့ကြပါတယ်။ Mark I တင့်ကားကြီးက Heavy Tank အမျိုးအစားဖြစ်ပြီး ဗြိတိသျှအင်ပါယာရဲ့ ပထမဦးဆုံး တိုက်ပွဲဝင်တင့်ကားကြီးပဲ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှအင်ပါယာက ထုတ်လုပ်ခဲ့တဲ့ Heavy Tank တွေကို ပြန်လေ့လာ ကြည့်မယ်ဆိုရင် …
1/ Mark I
2/ Mark II
3/ Mark III
4/ Mark IV
5/ Mark V
6/ Mark VIII International Liberty တို့ပဲ ဖြစ်ကြပါတယ်။
Mark I တင့်ကားကြီးဟာ ယန္တရားစစ်ပွဲကိုမွေးဖွားခဲ့ရုံတင်မက ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ စစ်တပ်တွေအတွက် ‘တင့်ကားတပ်ရင်း’ လို့ခေါ်တဲ့ ဝေါ ဟာရတစ်ခုကိုပါ မွေးဖွားစေခဲ့ပါတယ်။ စစ်သားအချင်းချင်း ကိုယ်ခန္ဓာကို အသုံးပြုပြီး ထိုးခုတ်သတ်ဖြတ်ကြတဲ့ သွေးချောင်းစီး တိုက်ပွဲပုံစံတွေကို လည်း ချုပ်ငြိမ်းစေခဲ့ပါတယ်။ Mark I က လူသတ်လက်နက်တစ်ခုဖြစ်ပေမဲ့ လူပေါင်းများစွာရဲ့ အသက်ကိုလည်း ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ တင့်ကား ကြီးကိုကြောက်ပြီး စောစီးစွာ လက်နက်ချ အရံှုးပေးကြတာကြောင့် စစ်သား တွေလည်းမသေကြသလို ဖြစ်လာမယ့်တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူ တွေ သေဆုံးရမယ့်အဖြစ်တွေကနေ ရှောင်လွဲနိုင်တဲ့ သဘောပဲဖြစ်ပါတယ်။ Mark I တင့်ကားတွေက ဂျာမန်တွေရဲ့ Zeppelin ခေါ် လေသငေ်္ဘာတွေ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အခမ်းနားဆုံးသော စစ်သုံးယန္တရား တစ် မျိုးပဲ ဖြစ်ပါတယ်။

ဂျာမန်တွေရဲ့ လေသငေ်္ဘာတွေကြောင့် စိတ်ဓာတ်ကျ သွေးပျက်နေ ကြတဲ့ ဗြိတိသျှစစ်သားတွေအတွက် Mark I တွေက အလွန်ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်စေခဲ့ပါတယ်။ ရန်သူတွေဟာ ရှေ့တန်းစစ်မျက်နှာပြင် ပေါ်မှာ Mark I တင့်ကားကြီးကို ရုတ်တရက် မြင်တွေ့လိုက်တဲ့အခါ တုန်လှုပ်ချောက်ချားသွားကြပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြ တယ်လို့ အဆိုရှိကြပါတယ်။ တစ်ခါမျှမမြင်ဖူးတဲ့ ကြောက်စရာ သံမဏိ ယန္တရားကြီးတစ်မျိုး မြေပြင်ပေါ် တလိမ့်လိမ့်နဲ့တက်လာတဲ့ပုံက ဖားပြုတ် ကြီးနဲ့ တူလွန်းတဲ့အတွက် ‘သံမဏိဖားပြုတ်ကြီး’ ဆိုပြီး ရန်သူတွေက အမည်ပေးခဲ့ကြပါတယ်။ မဟာမိတ်တပ်တွေအနေနဲ့ Tank ပရောဂျက်ကို သိုသိုသိပ်သိပ် လုပ်ဆောင်နိုင်ခဲ့တာကြောင့် သတင်းပေါက်ကြားခြင်း မရှိခဲ့ ပါဘူး။ ဒါကြောင့် ရန်သူဂျာမန်တွေအနေနဲ့ တင့်ကားကို တန်ပြန် တိုက် ခိုက်နိုင်မယ့် တိုက်ခိုက်ရေးနည်းပညာတွေနဲ့ လက်နက်တွေလည်း တီထွင် နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ပထမကမ္ဘာစစ်ဦးပိုင်းကာလတွေပဲ ဖြစ်ပြီး မကြာခင်မှာပဲ ရန်သူဂျာမန်တွေလည်း တင့်ကားတွေ တီထွင်လာနိုင်ခဲ့ ပါတယ်။
စာဖတ်ပရိသတ်များ ေမာ်ေတာ်ကား
ဗဟုသုတေတွနဲ့ ြပည့်စံုြကပါေစ။

LEAVE A REPLY

Please enter your comment!
Please enter your name here