ကမ္ဘာစစ်အတွင်းမှ တင့်ကားများအကြောင်း (အပိုင်း-၂)

170

တင့်ကားတွေရဲ့ တိုးတက်ဖွံ့ဖြိုး ပြောင်းလဲလာမှုတွေဟာ စစ်အတွင်းမှာပဲ အဓိက ဖြစ်ပေါ်လာတာပါ။ စစ်နိုင်ဖို့အတွက်အဘက်ဘက်က ကြိုးစားကြ တဲ့အခါမှာ အဓိက War Machine တစ်မျိုးဖြစ်တဲ့ တင့်ကားတွေကိုလည်း သူ့ထက်ငါကောင်းအောင် တီထွင်ကြရင်းနဲ့ တိုးတက်လာကြတာပါ။ ဒါ ကြောင့် The Great War လို့ခေါ်တဲ့ ပထမကမ္ဘာစစ်ကစပြီး တင့်ကား တွေကို အသုံးပြုခဲ့ကြပါတယ်။ ပထမကမ္ဘာစစ်ကြီးက ၁၉၁၄ ခုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိ လေးနှစ်တိုင်တိုင် ဖြစ်ပွားခဲ့တာပါ။ မဟာမိတ်တပ်ပေါင်းစု တွေက တစ်ဖက်၊ ကမ္ဘာ့အလယ်ပိုင်းနိုင်ငံတွေက တစ်ဖက် စစ်မက်ဖြစ်ပွား ခဲ့ကြတာပါ။ မဟာမိတ်တပ်ပေါင်းစုတွေဘက်က အနိုင်ရရှိခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် ၁၉၁၈ ခုနှစ်မှာ စစ်ကြီး ပြီးဆုံးခဲ့ပါတယ်။ မဟာမိတ်တပ်တွေအနေနဲ့ ပြင်သစ်၊ ဗြိတိသျှအင်ပါယာ၊ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ဘယ် လ်ဂျီယံနဲ့ အီတလီနိုင်ငံတို့ အဓိကပါဝင်တိုက်ခိုက်ခဲ့ကြပြီး အလယ်ပိုင်းတပ် တွေအနေနဲ့ ဂျာမနီ၊ သြစတြီးယား၊ ဟန်ဂေရီ၊ အိုတိုမန် အင်ပါယာနဲ့ ဘူဂေးရီးယားနိုင်ငံတို့က ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ ပါဝင်တိုက်ခိုက် အသုံးပြုခဲ့ကြတဲ့ တင့်ကားတွေအကြောင်း ဖော်ပြရရင်တော့ မဟာမိတ် တပ်တွေဘက်က အသုံးပြုခဲ့တဲ့ တင့်ကားတွေအကြောင်း ပထမဦးဆုံး ဖော်ပြရေးသားသွားမှာပါ။

ဗြိတိသျှအင်ပါယာ (ယခု ဗြိတိန်နိုင်ငံ)
ဗြိတိသျှအင်ပါယာအနေနဲ့ မဟာမိတ်နိုင်ငံတွေထဲမှာ ဒုတိယ ယန္တရား အင်အား အတောင့်တင်းဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ၁၉၁၈ ခုနှစ်၊ စက်တင် ဘာလအထိ စစ်သုံးယန္တရားစုစုပေါင်း အစီးရေ ၂,၆ဝဝ လောက် ထုတ် လုပ်ခဲ့ပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ ထိုးစစ်ဆင်နွဲ့တဲ့အခါတွေမှာ ရန်သူ့ စက်သေနတ်ကြောင့် အကျအဆုံးများပြားလှပြီး ထင်သလောက် ခရီး မပေါက်တာကို ဗြိတိသျှတပ်မှူးတွေနဲ့ ပြင်သစ်တပ်မှူးတွေက သတိထား မိခဲ့ကြပါတယ်။ အကာအကွယ်မရှိတဲ့ ဟင်းလင်းပြင်ကြီးထဲကို ခြေလျင် တပ်သားတွေကို စေလွတ်လိုက်တာဟာ Suicide Mission တစ်ခုပဲဆိုတာ သိခဲ့ကြပါတယ်။ ဗုံးတွေတဖွဲဖွဲကျနေတဲ့ မြေပြင်၊ ဒူးဆစ်အထိနက်တဲ့ရွံ့နွံတွေ နဲ့ သံဆူးကြိုးမျှင်တွေက မဟာမိတ်တပ်သားတွေကို ရန်သူ့ကတုတ်ကျင်း အနား မရောက်နိုင်အောင် ကာဆီးထားကြပါတယ်။ အဲဒါကြောင့် ရန်သူ့ ခံတပ်နားအထိ ရောက်အောင်သွားပြီး ကတုတ်ကျင်းတွေနဲ့ စက်သေနတ် ကျင်းတွေကို ထိထိရောက်ရောက် ရှင်းလင်းနိုင်အောင် ယန္တရားတစ်ခုကို တီထွင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဗြိတိသျှဝန်ကြီးချုပ်ဖြစ်တဲ့ Herbert Henry Asquith ကလည်း ၁၉၁၅ ခုနှစ်မကုန်ခင်မှာ ဗြိတိန်ရဲ့ ပထမဦးဆုံး သံချပ်ကာယန္တရားကို မဖြစ်ဖြစ်အောင် တည်ဆောက်ကြဆိုပြီး ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ ရာဇသံပေး ပြောကြားခဲ့ပါတယ်။ ဒီလိုနဲ့ စစ်အတွင်း ၁၉၁၅ ခုနှစ်မှာပဲ ‘Little Willie’ ဆိုတဲ့ သံချပ်ကာ ယန္တရား လေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဗြိတိန်က နာမည်ကြီးလယ်ထွန် စက်ကုမ္ပဏီဖြစ်တဲ့ William Foster & Co ရဲ့ မန်နေဂျင်းဒါရိုက်တာ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ William Tritton က ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ တာပါ။ Little Willie လေးက လက်နက်တပ်ဆင်ထားခြင်း မရှိပါဘူး။ သံမဏိ အကာအကွယ်တွေနဲ့ Caterpillar Track တွေ တပ်ဆင်ထားတဲ့ စစ်သုံးလူတင်ယာဉ်လေး တစ်စီးပါပဲ။ Little Willie လေးရဲ့ အချက်အလက် တွေကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။

အတိုင်းအတာ-အရှည် ၁၉ ပေ, အကျယ် ကိုးပေ, အမြင့် ရှစ်ပေ
တိုက်ပွဲဝင်အလေးချိန်-၁၆ ဒသမ ၅ တန်
သယ်ဆောင်နိုင်သည့် လူဦးရေ-ခြောက်ဦး
အဓိကမောင်းနှင်မှု-Foster-Daimler Knight, Sleeve Valve, ဓာတ်ဆီအင်ဂျင် 105 HP
အမြန်နှုန်-3.22 km/h (2 mph)
အကွာအဝေးနှင့် လောင်စာဆီစားနှုန်း – ဓာတ်ဆီ ၈ဝဝ လီတာကို ၃ဝ ကီလိုမီတာအထိ မောင်းနှင်နိုင်သည်။
တပ်ဆင်ထားသော လက်နက်များ-Vickers 2 Pounder, (၄ဝမမ)Mk.II အမြောက်တစ်လက်, Vickers ၇ ဒသမ၇ မမ စက်သေနက် ၆ လက်
သံချပ်ကာအထူ-၁ဝ မီလီမီတာမှ ၁၅ မီလီမီတာ အထိ
စုစုပေါင်းအစီးရေ-၁ စီး (ရှေ့ပြေးစမ်းသပ်)
စာဖတ်ပရိတ်သတ်များ မော်ေတာ်ကားဗဟုသုတေတွနဲ့ ြပည့်စံုြက ပါေစ။

LEAVE A REPLY

Please enter your comment!
Please enter your name here