ကမာ္ဘစစ်အတွင်းမှ တင့်ကားများအကြောင်း (အပိုင်း-၁၁)

280

တကယ်တမ်း Mark V တွေကို ထုတ်လုပ်နိုင်တဲ့အခါမှာလည်း စစ်ကြီးက ပြီးဆုံးခါနီးနေပါပြီ။ နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ မူကွဲဒီဇိုင်းဖြစ်တဲ့ Mark V** တွေကို စစ်ကြီးပြီးဆုံးပြီးမှ ထုတ်လုပ်နိုင်ခဲ့တာပါ။ Mark V ရဲ့ အပြင် ဒီဇိုင်းက Mark IV ရဲ့ အပြင်ဒီဇိုင်းနဲ့ တူညီပါတယ်။ ကိုယ်ထည်ပုံစံ၊ ဘီး ပတ်ချိန်းကြိုးစနစ်နဲ့ Roller ဘီးတွေတူညီကြပြီး Mark IV ထုတ်လုပ်ခဲ့တဲ့ စက်ပစ္စည်းတွေနဲ့ပဲ ထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုအချိန် ကိုလည်း လျှော့ချနိုင်ခဲ့တာ တွေ့ရပါတယ်။ အင်ဂျင်အသစ်နဲ့ ဂီယာအုံ အသစ် ဖြစ်တာကြောင့် အတွင်းက အထိုင်နဲ့ ဒီဇိုင်းတွေကတော့ တူညီမှု မရှိပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here