ကနေဒါနိုင်ငံတွင် ဆစ်ခ်လူမျိုးများကို ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးခွင့်ပြုသည့် ပြည်နယ်သုံးခုအထိ ရှိလာ

889

ကနေဒါနိုင်ငံ အနောက်ပိုင်းရှိ Alberta ပြည်နယ်တွင် ခေါင်းပေါင်း (Turban) ဆောင်းထားသည့် ဆစ်ခ်လူမျိုးများကို လာမည့်ဧပြီ ၁၂ ရက်မှစတင်ကာ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးခွင့်ပြုသွားမည်ဟု မတ် ၂၉ ရက်တွင် cbc.ca  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဆစ်ခ်အမျိုးသားများသည် အရွယ်ရောက်ချိန်မှစကာ ဆံပင် မညှပ်ဘဲ ခေါင်းပေါင်း(Turban) ဆောင်းသည့် ထုံးတမ်းစဉ်လာရှိသောကြောင့် ဆိုင်ကယ်စီးရာတွင် ဦးထုပ်ထပ်မံဆောင်းရန် အခက်အခဲရှိပြီး အသက် ၁၈ နှစ်နှင့် အထက်ရှိသော ဆစ်ခ်တို့အား ပုံမှန်ဥပဒေမှ ခြွင်းချက်ပေးရန် နိုင်ငံသားနှင့် ဘာသာရေးအခွင့် အရေးများအရ ကနေဒါအစိုးရထံ တောင်းဆိုနေသည်မှာ နှစ်ပေါင်းသုံးဆယ်ကြာပြီဟု သိရသည်။

ကနေဒါနိုင်ငံ ပြည်နယ်များအနက် Manitoba  နှင့် British Columbia  ပြည်နယ်နှစ်ခုတွင် ဆစ်ခ်အမျိုးသားများ ဆိုင်ကယ်စီးသည့်အခါ ဦးထုပ်ဆောင်းရန်မလိုကြောင်း ခွင့်ပြုထားပြီးဖြစ်ကာ ယခုအခါ Alberta  ပြည်နယ်လည်း ပါဝင်လာခြင်းဖြစ်သည်။ Alberta  ပြည်နယ်အစိုးရအဖွဲ့မှ သယ်ယူပို့ဆောင်ရေးဝန်ကြီး Brian Mason  က ယာဉ်ကြောလုံခြုံရေးဥပဒေကို ဆစ်ခ်လူမျိုးများအတွက် ခြွင်းချက်ပေးခြင်းနှင့်ပတ်သက်၍ ဆိုင်ကယ်စီးရာတွင် ဦးထုပ်အစားခေါင်းပေါင်း (Turban) ဆောင်းသည့် အရေအတွက်မှာ အလွန်နည်းပါးသဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ယခု ဆုံးဖြတ်ချက်ကို ဆစ်ခ်လူမျိုးအသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပြီး Alberta  ပြည်နယ်သမိုင်းအတွက် အမှတ်ရစရာနေ့တစ်နေ့ဟု Sikh Motorcycle Club  မှ  Gurpeet Pandher  က ထုတ်ဖော်ပြောကြား သည်။ အရေးပေါ်ကုသရေးဆရာဝန် Dr.Louis  Francescutti က ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးခွင့်ပြုခြင်းမှာ လူ့အသက်ကို အရဲစွန့်လွန်းရာရောက်ကြောင်း ဝေဖန်ခဲ့သည်။

Ref : cbc.ca

LEAVE A REPLY

Please enter your comment!
Please enter your name here