ကနဦး ယာဥ်မှတ်ပုံတင်လုပ်ငန်းကို Online Booking စနစ်ဖြင့် ခွင့်ပြုပေးရန် ဆောင်ရွက်နေ

524

 

ရန်ကုန်၊ နိုဝင်ဘာ ၂

ကနဦး ယာဥ်မှတ်ပုံတင်လုပ်ငန်းကို Online Booking စနစ်ဖြင့် ခွင့်ပြုပေးရန် ဆောင်ရွက်နေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Covid-19 ရောဂါကူးစက်မှုအခြေအနေများကြောင့် ယာယီပိတ် ထားသော မော်တော်ယာဥ်နှင့်ဆက်စပ်သည့် လုပ်ငန်းများထဲမှ ကနဦးယာဥ်မှတ်ပုံတင်ခြင်း လုပ်ငန်းကို Online Booking စနစ်ဖြင့် ခွင့်ပြုရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

“ကနဦး ယာဥ်မှတ်ပုံတင်လုပ်ငန်းကို Online Booking စနစ်နဲ့ ခွင့်ပြုပေးနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်ထားပါတယ်၊ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရင် ဘယ်နေ့ကစပြီး Booking ယူလို့ရတယ်ဆိုတာရယ်၊ ရက်လွန်ဒဏ်ကြေး ကင်းလွတ်ခွင့်အစီအစဥ်တွေရယ်ကို ကြေညာပေးမှာပါ”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကနဦးယာဥ်မှတ်ပုံတင်လုပ်ငန်းကို Online Booking စနစ်ဖြင့် ခွင့်ပြုရန် ပြင်ဆင်ဆောင်ရွက်ရာ၌ တစ်ရက်လျှင် ထောက်ကြန့် ကညနရုံးတွင် အစီး နှစ်ရာ၊ မန္တလေး ကညနရုံးတွင် အစီး တစ်ရာ၊ နေပြည်တော်နှင့် ရွာသာကြီး ကညနရုံးတို့တွင် အစီး ငါးဆယ်စီ ခွင့်ပြုရန် လျာထားကြောင်းသိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here