ကတ်စနစ်အသုံးပြု၍   ယာဉ်စီးခ  ပေးချေနိုင်ရန်  တာဝန်ယူလုပ်ဆောင်နိုင်မည့်  ကုမ္ပဏီများကို  တင်ဒါခေါ်ယူ

633

YBS ယာဉ်စီးနင်းခကို ကတ်စနစ် ဖြင့် ပေးချေနိုင်ရန်အတွက် ကတ်စနစ်ကို တာဝန်ယူလုပ်ဆောင်နိုင်မည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ ကတ်စနစ်ဖြင့် ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းအတွက် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြ တင်ဒါခေါ်ယူလျက်ရှိပြီး စည်းကမ်းချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီများကို ရွေးချယ်မည်ဖြစ်ကာ တင်ဒါလက်ခံသည့်ရက်မှာ သြဂုတ် ၂၅ ရက်မှ စတင်လက်ခံမည်ဖြစ်၍ တင်ဒါ ပထမအဆင့်အဆိုပြုလွှာကို သြဂုတ် ၉ ရက်မှ စတင်ရောင်းချနေပြီဖြစ် ကြောင်း သိရသည်။

” YBS ယာဉ်စီးနင်းခကို ကတ်စနစ်အသုံးပြုပြီး ပေးချေနိုင် အောင် စီစဉ်နေပါတယ်၊ ကတ်ကို တာဝန်ယူ လုပ်ဆောင်နိုင်မယ့် ကုမ္ပဏီကို တင်ဒါခေါ်မှာပါ၊ တင်ဒါ အောင်တဲ့ကုမ္ပဏီကို ရွေးချယ်ပြီးတာနဲ့ ဒီစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်မှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေး မှူး ဒေါက်တာမောင်အောင်က ပြောသည်။

ယာဉ်စီးခငွေပေးချေမှု ကတ်စနစ်အတွက် တင်ဒါခေါ်ယူရာတွင် ပြည်တွင်းကုမ္ပဏီများ၊ ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်း/ပြည်ပဖက်စပ် ကုမ္ပဏီများအားလုံးကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည် သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

အဆိုပါ ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေရာတွင် ကတ်ကို ယာဉ်ပေါ်အတက်တွင်တစ်ခါ၊ အဆင်းတွင် တစ်ကြိမ်၊ နှစ်ကြိမ်ဖြတ်ရမည်ဖြစ် ပြီး ယင်းသို့ဖြတ်မှသာ စီးနင်းမည့် မှတ်တိုင်အလိုက်သာ ယာဉ်စီးခကျသင့်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကတ်စနစ် ယာဉ်စီးခပေးချေ မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ”ကတ်စနစ်နဲ့ ယာဉ်စီးခပေးချေ မယ်ဆိုရင် ကားပေါ်တက်တက်ချင်း ကတ်ကို တစ်ခါဖြတ်ရမယ်၊ ဆင်းမယ့်မှတ်တိုင်မှာ တစ်ခါဖြတ်ရပါ မယ်၊ ဒါမှ ကိုယ်စီးသလောက်ပဲ ငါးဆယ်ဆို ငါးဆယ်၊ တစ်ရာဆို တစ်ရာဖြတ်မှာပါ၊ ဒီလိုမဟုတ်ဘဲ အတက်တစ်ခါပဲ ဖြတ်မယ်ဆိုရင် အစအဆုံး ခရီးစဉ်ခ ဖြတ်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင်ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။

လက်ရှိအချိန်တွင် YBS ခ ရီးသည်တင်ယာဉ်များ၌ ယာဉ်စီးခ များကို ငွေပုံးတွင်ထည့်သည့်စနစ် သာ ကျင့်သုံးနေပြီး မကြာမီကတ် စနစ်အသုံးပြု၍ ယာဉ်စီးခ ပေးချေ ခြင်းကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here