ကညနလုပ်ငန်းစဥ်များ ပြန်ဖွင့်ချိန်တွင် ယာဥ်မှန်မမှန်စစ်ဆေးခြင်းကို နေ့စဥ် ၂၅ စီးသာ ဆောင်ရွက်ပေးမည်

235

ရန်ကုန်၊ ​ဇွန် ၂

ကညနလုပ်ငန်းစဥ်များ ပြန်ဖွင့်ချိန်တွင် ယာဥ်မှန်မမှန်စစ်ဆေးခြင်းကို နေ့စဥ် ၂၅ စီးသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြင်သာကညနရုံးမှ ညွန်ကြားရေးမှူး ဦးသိန်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် Covid-19 ရောဂါကာကွယ်ရေးအတွက် ကညနရုံးများတွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်များအတိုင်း စီစဥ်ဆောင်ရွက်နေပြီး ကညနရုံးများပြန်လည်ဖွင့်မည့်ရက်ကိုလည်း မကြာမီကြေညာပေးသွားမည်ဖြစ်သည်။

“Covid 19ရောဂါမဖြစ်ခင်အချိန်က ယာဥ်မှန်/မမှန်စစ်ဆေးတာကို နေ့လယ်တစ်နာရီကသပြီး တစ်ရက်ကို အစီးရေ ငါးဆယ်က​နေ ခုနစ်ဆယ်အထိ စစ်ဆေးပေးပါတယ်၊ Covid -19ရောဂါဖြစ်ပွားပြီး ရုံးများ ပြန်လည်ဖွင့်လှစ်ချိန်ကစလို့ လူစုလူဝေးနဲ့ ရောဂါကာကွယ်ရေးအတွက် တစ်ရက်ကို အစီးရေ ၂၅ စီးပဲ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ကညနရဲ့လုပ်ငန်းအားလုံးကို Covid-19 ရောဂါကာကွယ်ရေးဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ရတာနဲ့ ပြန်လည်စတင်မှာဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန မြင်သာကညနရုံးမှ ညွန်ကြားရေးမှူး ဦးသိန်းထွဋ်ကပြောသည်။

ယခင်က Online Bookingစနစ်ဖြင့် ယာဥ်မှန်/မမှန်စစ်ဆေးခြင်းကို တစ်ရက်လျှင် အစီးရေ ခုနစ်ဆယ်အထိဆောင်ရွက်ပေးနေပြီး ကညနရုံးများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ယာဥ်မှန်/မမှန်စစ်ဆေးခြင်းကို အစီးရေ ၂၅ စီးသာဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရဲထွန်း​ကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here