ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ Covid-19 ရောဂါ ကူး စက်မှုကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန်ရည်ရွယ်၍ ယာယီပိတ်ထားခဲ့ သည့် မော်တော်ယာဉ်လုပ်ငန်းများထဲမှ မော်တော်ယာဉ် ကနဦးမှတ်ပုံ တင်လုပ်ငန်းများကို မေ ၂၃ ရက်တွင် လည်းကောင်း၊ ယာဉ်မောင်းလိုင် စင်သက်တမ်းတိုးခြင်း၊ မော်တော်ယာဉ်သက်တမ်းတိုး ဆောင်ရွက်ခြင်း၊ ယာဉ်မှန်/မမှန် စစ်ဆေးခြင်း၊ နယ်ဝင်လိပ်စာပြောင်းလဲခြင်း၊ ယာဉ်အမည် ပြောင်းလဲခြင်းနှင့် မော်တော်ယာဉ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း/ အသစ်ဆောင်ရွက်ခြင်းစသည့် မော်တော်ယာဉ်နှင့်ဆက်စပ်သည့် လုပ်ငန်း များအတွက် ဇွန် ၁၁ ရက်တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ် ဆောင် ရွက်ခွင့်ပေးခဲ့သည်။ ထိုသို့ ခွင့်ပြုပေးပြီးနောက်တွင် ကားဟောင်းရော ကားသစ်စျေးကွက်ပါ ပြန်လည်လှုပ်ခတ်လာကာ ကားသစ်စျေးကွက်မှာ လူအမည်ပေါက်ဖြင့် ဝယ်ယူနိုင်ခြင်းကြောင့် စျေးကွက်ဝယ်စု ပိုမိုရရှိ လာသည်။ ပြည်တွင်းထုတ် SKD ကားများ အရောင်းအဝယ် ဖြစ်သလို ပြည်ပမှ တင်သွင်းသည့် Brand New ကားများ အရောင်းအဝယ်ဖြစ်လာ သော်လည်း စျေးကွက်အကြိုက်ဖြစ်သည့် ညာမောင်းကားများတွင်မူ ကျပ် သိန်း ၂၅ဝ ဝန်းကျင်ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။
“Covid-19 ရောဂါကြောင့် ယာယီပိတ်ထားတဲ့ ကညနရုံးတွေ ပြန်ဖွင့်လာသလို ကူးစက်တာနည်းသွားလို့ လုပ်ငန်းတွေ ပြန်ပြီးလည်ပတ် လာတဲ့အတွက် ကားစျေးကွက်လည်း ပြန်လှုပ်လာပါတယ်၊ ကားသစ်နဲ့ ကားဟောင်း စျေးကွက်ယှဉ်ရင်တော့ ကားသစ်က ပိုပြီး အရောင်းအဝယ် ဖြစ်ပါတယ်၊ မိုဒယ်အသစ်တွေ ထွက်လာလို့ ရွေးချယ်စရာ များတာရယ်၊ Covid-19 ကြောင့် စီးပွားရေးကျပ်တည်းနေတဲ့ ကာလအတွက် စျေးလျှော့ပေးတဲ့အတွက်ကြောင့် SKD ကားတွေ အရောင်းအဝယ် ဖြစ်သလို ယာဉ်ပိုင်ရှင်အမည်ပေါက်၊ နယ်လိပ်စာနဲ့ ဝယ်ယူလို့ရတဲ့အတွက် Brand New ကားသစ်တွေထဲမှာ Toyota က Rush ၊ Avanza တို့လို ကားတွေလည်း အရောင်းအဝယ်ပိုဖြစ်လာကြတယ်။Used Car မှာကျတော့ Brand New ကားတွေနဲ့ စျေးတန်းတူတဲ့ ကားအမျိုးအစားတွေအပေါ် မူတည်ပြီး စျေးအနည်းငယ်ပြန်ဆင်းသွားလို့ အဝယ်ပြန်လိုက်လာပေမဲ့ ၂၅ဝ ဝန်းကျင်ကားတွေလောက်ပဲ ဖောဖောသီသီ ရောင်းရတယ်၊ အမြင့် ကားတွေကတော့ တစ်စီးစ၊ နှစ်စီးစလောက်ပဲ လာမေးတာ ရှိပါတယ်” ဟု ‘ MMM ကားအရောင်းစင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။
လက်ရှိ ကားအရောင်းအဝယ်စျေးကွက်အတွင်း စျေးကွက်အကြိုက် ညာမောင်းကားများမှာ ကားအမျိုးအစားအလိုက် ကျပ်သိန်းနှစ်ရာအထိ ကားများ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းလေးရာကြား ကားများ ၇ ရာခိုင်နှုန်း၊ ကျပ်သိန်းလေးရာမှ တစ်ထောင်အထက်ကားများ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကြား စျေးများ ပြန်ကျသွားသည်။ ကားအမျိုးအစားအပေါ် မူ တည်ပြီး စျေးများပြန်ဆင်းသွားသော်လည်း စျေးကွက်အတွင်း ကျပ်သိန်း ၂၅ဝ ဝန်းကျင်အထိ ကားများသာ အရောင်းအဝယ်ကောင်းပြီး အမြင့်ကား များမှာမူ တစ်လလျှင် တစ်စီးစ၊ နှစ်စီးစသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
“အရောင်းအဝယ်ပြန်လှုပ်တယ်ဆိုပေမဲ့ နယ်အဝယ် အဆင်းနည်းနေ သေးတဲ့အတွက် အရောင်းအဝယ်က အရမ်းကြီး မကောင်းသေးပါဘူး၊ Covid-19 ကြောင့် ထိခိုက်နစ်နာခဲ့တဲ့ လုပ်ငန်းတွေ ရှိကြသလို ထိခိုက်မှုနည်းတဲ့ လုပ်ငန်းတွေလည်း ရှိကြပါတယ်၊ အများစုကတော့ အခုချိန်မှာ ရောဂါကူးစက်မှုနည်းသွားလို့ လုပ်ငန်း ပြန်ပြီးလည်ပတ်ကြတယ် ဆိုပေမဲ့ စီးပွားရေးအခြေအနေကတော့ ပြန်ကောင်းဖို့ အချိန်စောင့်ရဦး မှာပါ၊ ဒေါ်လာစျေး အနည်းငယ်ဆင်းသွားလို့ ကားတန်ဖိုးနည်းသွားတဲ့ ကားတွေရှိတဲ့အတွက်ကြောင့် စျေးတန်းတူတဲ့ Used Car တချို့လည်း စျေးပြန်ဆင်းပါတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ Promotion တွေနဲ့ ရောင်းနေကြတဲ့ ပြည်တွင်းထုတ်ကားတွေက အလဲအထပ်လည်းရသလို အသစ် ဝယ်မယ်ဆိုရင်လည်း အရစ်ကျနဲ့ နှစ်ရှည်ဝယ်ယူလို့ရတဲ့အတွက် ကားသစ်စျေးကွက်တော့ ပိုပြီးအားကောင်းနေပါတယ်”ဟု ‘United Eleven’ မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။
ကားအရောင်းအဝယ်စျေးကွက်အတွင်း Used Car များ အရောင်းအဝယ်ဖြစ်ရာတွင် ကျပ်သိန်း ၂၅ဝ ဝန်းကျင်တွင် ရရှိသည့် Honda Fit ၊ Toyota Vitz ၊ Toyota Probox ၊ Toyota Belta ၊ Toyota Ractis စသည့်ကားများ အရောင်းအဝယ်ဖြစ်သလို ပြည်တွင်းထုတ် ကားများထဲမှ Ertiga Type 2 ၊ Ciaz မိုဒယ်အဟောင်း၊ Accent ကားများမှာလည်း အလဲအထပ်စနစ်ကြောင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
“Covid ရောဂါ ကူးစက်မှုနည်းသွားလို့ လုပ်ငန်းအသီးသီး ပြန် လည်ပတ်လာတဲ့နောက်ပိုင်းမှာ ကားစျေးကွက် ထင်ထားသလို မအေးဘဲ ပြန်လှုပ်လာတာကို တွေ့ရပါတယ်၊ ကားသစ်နဲ့ ကားဟောင်းတွေမှာ ကညနက ယာဉ်မှန်၊မမှန်စစ်တာကို အရင်လိုမဟုတ်ဘဲ ၂၅ စီးပဲ ခွင့်ပြု တော့ ကားအဟောင်းစျေးကွက်က လည်ပတ်ဖို့ နည်းနည်းခက်နေတာ တွေ့ရပါတယ်၊ ကိုဗစ်ကာလမှာကတည်းက ယာဉ်စစ်ဖို့ အခက်အခဲရှိခဲ့လို့ ဒီကားဟောင်းတွေက အဝယ်အေးခဲ့တာပါ၊ ဒီရက်ပိုင်းမှာဆိုရင် ကား ဟောင်းစျေးတွေက အနည်းငယ်ပြန်ဆင်းလာတာ တွေ့ရပါတယ်၊ US တို့ တခြားနိုင်ငံတွေမှာလည်း ကားလေလံစျေးတွေ အထိုက်အလျောက်ကျ တာ တွေ့ရပါတယ်၊ ဒီမှာလည်း အမြင့်ကားတွေထဲမှာ အရင်က ကျပ် သိန်းတစ်ထောင်နဲ့ ရောင်းတဲ့ကားတွေ အခုဆိုရင် ကျပ်သိန်း ၇၅ဝ နဲ့ ရှစ်ရာကြား ရောင်းလာတာကို တွေ့ရပါတယ်”ဟု ‘Matt Glory’ မှ ဒါရိုက်တာ ကိုသန့်စင်လင်းက ပြောသည်။