ကညနမှ တရားဝင်ထုတ်ပေးထားသည့် မည်သည့်ယာဉ်မောင်းလိုင်စင်မဆို အာဆီယံဒေသအတွင်း ၁ဝ နိုင်ငံတွင် မောင်းနှင်ခွင့်ရရှိမည်

1456

ရန်ကုန်၊ မေ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိအမှတ်ပြု ထုတ်ပေးထားသည့် မည်သည့် ယာဉ်မောင်းလိုင်စင်မဆို  အာဆီယံဒေသအတွင်း ၁ဝ နိုင်ငံတွင် မောင်းနှင် ခွင့်ရရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့် အာဆီယံ ဒေသအတွင်း နိုင်ငံများ၏သဘောတူညီမှုအရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင် အသိအမှတ်ပြု ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင်၏ သတ်မှတ်ယာဉ်အမျိုးအစားအပေါ် မူတည်ပြီး အာဆီယံဒေသအတွင်း ၁ဝ နိုင်ငံတွင် မောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။

”အာဆီယံ ၁ဝ နိုင်ငံအတွင်းမှာ အပြန်အလှန် ယာဉ်မောင်းနှင်ခွင့်ကို သဘောတူညီချက်နဲ့ပါမက အတည်ပြုချက်နဲ့ပါ လက်မှတ်ရေးထိုးပြီးပါပြီ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တရားဝင်  ထုတ်ပေးထားတဲ့ ယာဉ်မောင်းလိုင်စင်နဲ့ အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတွေမှာ မောင်းနှင်ခွင့် ရရှိမှာ ဖြစ်သလို တခြားအာဆီယံနိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာမောင်းနှင်ခွင့် ရရှိမှာဖြစ်ပါတယ်၊ အာဆီယံနိုင်ငံတွေမှာ မောင်းနှင်ဖို့အတွက် တရားဝင် ထုတ်ပေးထားတဲ့ လိုင်စင်ရှိတယ်ဆိုရင် တခြား လိုအပ်ချက်တွေ မရှိပါဘူး”ဟု  ‘ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ (ရွာသာကြီး)’ မှ ဦးစီးမှူးဒုတိယ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြောသည်။

အာဆီယံနိုင်ငံများထဲတွင် မြန်မာနိုင်ငံအပါအဝင် ကမေ္ဘာဒီး ယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့်နိုင်ငံများသည် ဘယ်မောင်း စနစ်ကျင့်သုံးပြီး စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်း နိုင်ငံတို့သည် ညာမောင်း စနစ် ကျင့်သုံးနေကြောင်း သိရသည်။

အာဆီယံဒေသအတွင်း ၁ဝ နိုင်ငံ အပြန်အလှန် မောင်းနှင်ဖြတ်သန်းသွားလာခွင့်ကို ၁၉၉၇ ခုနှစ် က သက်ဆိုင်ရာ နိုင်ငံများအချင်းချင်း သဘောတူညီမှုရရှိခဲ့ပြီး၂ဝ၁၅ ခုနှစ်တွင် အတည်ပြုသဘောတူညီမှု ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here