ကညနတွင် ပျောက်ဆုံးခဲ့သည့်  ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်များ ခိုးယူခဲသည့် တရားခံ ၂ ဦးအပါအဝင် ၆ ဦး လွတ်မြောက်နေဆဲဖြစ်

454

ရန်ကုန်၊ ဇွန်

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ရုံးတွင် ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်များ၊ ရွှေရောင် Hologram များ ကိုခိုးယူခဲ့သူနှစ်ဦးအပါအဝင် ဆက်စပ်တရားခံလေးဦးသည် ခိုးယူပစ္စည်းများနှင့်အတူ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်၊ ဇွန် ၂၃ ရက် က မြင်သာကညနရုံးတွင် ပျောက်ဆုံးခဲ့သည့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ၅၈၈ ခု၊ ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်များတွင်  ကပ်ပေးသည့်  ရွှေရောင်  Hologram ၁၈၈ ခုကို ဖျက်သိမ်းကြောင်း တရားဝင်ကြေငြာချက် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း သက်သေခံလက်မှတ်များနှင့်အတူ ခိုးယူသူတရားခံ ၂ ဦးနှင့် ဆက်စပ်တရားခံ ၄ ဦးသည် လွတ်မြောက်နေဆဲဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ယာဉ်ဝယ်ယူရာတွင် ဂရုတစိုက်စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး (စီမံထူးချွန်တတိယအဆင့်)ဦးလျန်ကျင့်မန်က ပြောသည်။

”မနှစ်ကပျောက်ဆုံးခဲ့တဲ့ ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် ၅၈၈ ခုနဲ့ ရွှေရောင် Hologram ၁၈၈ ကိုခိုးယူခဲ့တဲ့သူ နဲ့ စေခိုင်းတဲ့ဆက်စပ်တရားခံ ၁၂ ဦးမှာ ၆ ဦးမိထားပါတယ်။ အခုချိန်မှာ အတုပြုလုပ်ထားတဲ့ ကားနှစ်စီးပဲ ဖမ်းဆီးမိပြီး ကျန်တဲ့ယာဉ်သက်သေခံလက်မှတ်တွေကတော့ လွတ်မြောက်နေတဲ့ တရားခံ ၆ ဦးနဲ့အတူ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒီသက်သေခံလက်မှတ်တွေကို ဖျက်သိမ်းကြောင်း ကြေငြာထားပြီးဖြစ်ပေမဲ့ မသိတဲ့ ပြည် သူတွေ ဝယ်မိရင် အများကြီးထိ ခိုက်နစ်နာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားတစ်စီးဝယ်မယ်ဆိုရင် သက်ဆိုင်ရာကညနရုံးတွေမှာ သေချာစီစစ်ပြီးမှ ဝယ်ယူသင့်ပါတယ်”ဟု ဦးလျန်ကျင့်မန်က ပြောသည်။

ဖောက်ထွင်းခိုးယူမှုတွင်    စေခိုင်းခဲ့သူ ၁ ဦး၊ ခိုးမှုကျူးလွန်သူ  ၄ ဦးနှင့် စပ်ဆက် တရားခံ ၇ ဦး  စစ်ဆေးတွေ့ရှိထားပြီး စေခိုင်းခဲ့သူ ၁ ဦး ၊ ခိုးမှုကျူးလွန်သူ ၂ ဦးနှင့် စပ်ဆက်တရားခံ ၃ ဦးတို့ကို ဖမ်း ဆီးရမိထားပြီး ကျန်ရှိသည့်တရား ခံ ၆ ဦးကို ဖမ်းဆီးရမိရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here